By Sint Sint, Shweproperty.com
Updated at 11 November 2020
အရာဝတ္ထုပစ္စည်းတွေ တိုင်းမှာ စွမ်းအင်တစ်ခုစီရှိတယ်လို့ လူတစ်ချို့ကယုံကြည်ကြပါတယ်။ ဒါကြောင့် အိမ်မှာ တစ်ချို့အသုံးအဆောင်၊ ပရိဘောဂတွေကို မထားသင့်ပါဘူး။ အကြောင်းကတော့ အဲ့ဒီ့ပစ္စည်းတွေကနေတစ်ဆင့် အညံ့တွေဝင်လာနိုင်လို့ပါ။ ဘာပစ္စည်းတွေလည်းဆိုတာကိုကြည့်ပြီးရင် သင့်အိမ်ကိုလည်း ရှင်းလင်း လိုက်ပါနော်။ ဒါဆိုရင်တော့ အညံ့ကင်းပြီး အကောင်းတွေ ဝင်လာနိုင်ပါမယ်.
(၁) သံချေးတက်နေတဲ့ပစ္စည်းများ
သင့်အိမ်ထဲမှာ သံချေးတက်နေတဲ့ ပစ္စည်းတွေ မထားသင့်ပါဘူး။ အကြောင်းကတော့ အဲ့ဒီ့ကနေတစ်ဆင့် မကောင်းဆိုးဝါးတွေ၊ အညံ့တွေ ဝင်လာနိုင်လို့ပါတဲ့။
(၂) တံမြက်စည်းပြောင်းပြန်
တံမြက်စည်း၊ ဂေါ်ပြားစတဲ့ သန့်ရှင်းရေး ပစ္စည်းတွေကို တစ်ပတ် ဒါမှမဟုတ် တစ်လတစ်ခါလောက်တော့ ဆေးကြောပေးသင့်ပါတယ်။ နောက်ပြီး တံမြက်စည်းကို အပေါ်အောက်ဇောက်ထိုးမထောင်ဘဲ ပုံမှန်အတိုင်းထားရပါမယ်။ ညစ်ပတ်နေတဲ့ တံမြက်စည်းနဲ့၊ ဇောက်ထိုးထားထားတဲ့ တံမြက်စည်းတွေက အညံ့တွေကို ခေါ်ဆောင် တတ်တယ်လို့ အယူရှိကြလို့ပါ။
(၃) သေပြီးသားသူတွေ ရဲ့ဓာတ်ပုံချိတ်ခြင်း
သေဆုံးပြီးသားသူတွေရဲ့ ဓာတ်ပုံကို ချိတ်ဆွဲခြင်းဟာ လည်း အညံ့တွေ ဝင်လာစေနိုင်တယ်လို့ တစ်ချို့က ယုံကြည်ကြပါတယ်။ ဒါကြောင့် သေဆုံးပြီးသားသူတွေရဲ့ ဓာတ်ပုံကို ချိတ်ဆွဲတာထက် အံဆွဲ၊ အယ်လ်ဘမ်ထဲမှာ ထည့်တာ ပိုပြီးကောင်းပါတယ်။
(၄) အိပ်ရာအနီးမှန်ထားခြင်း
သင့်ရဲ့ အိပ်ရာဘေးတည့်တည့် အထူးသဖြင့် အိပ်နေ စဉ် သင့်ကို သင်ပြန်မြင်နေရတဲ့ပုံစံမျိုးမှာ မှန်ကို မထားသင့်ပါဘူး။ အကြောင်းကတော့ သင့်ကို ပင်ပန်းနွမ်းနယ်စေပြီး အားအင်တွေကို စုပ်ယူနိုင်လို့ပါတဲ့။
(၅) ဆူးပါတဲ့အပင်များ
အိမ်ထဲမှာ ဆူးပါတဲ့အပင်တွေကို ထားခြင်းဖြင့် အညံ့တွေ ဝင်လာနိုင်တယ်လို့ အချို့ယူဆကြပါတယ်။ ဒါကြောင့် ဆူးပါတဲ့အပင်တွေကို အဝင်ဝ ဒါမှမဟုတ် ခြံထဲမှာပဲ ထားသင့်ပါတယ်တဲ့။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း
အိမ်တွင်းအပင်လေးတွေရဲ့ ကောင်းကျိုးများ
အိမ်မှာ ရေခဲသေတ္တာသုံးရာတွင် ဆောင်ရန် ရှောင်ရန်များ။ ဒါတွေ မလုပ်ပါနဲ့
မိမိတို့ရဲ့နေအိမ်မှာရှိတဲ့ အဆိပ်သင့်စေတဲ့ ပစ္စည်းများ
Credit : Shweyoemm
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties