By The Voice Weekly, Shweproperty.com
Updated at 4 March 2012
စီးပွားရေးမြို့တော် ရန်ကုန်၏ စီးပွားရေးအချက်အချာ နေရာတစ်ခုဖြစ်သော မရမ်းကုန်းမြို့နယ် ကမ်ဘာအေး ဂမုန်းပွင့် ကုန်တိုက်ဘေးရှိ ဂရန်မဲ့မြေများကို တစ်ပေပတ်လည်လျှင် ကျပ်သုံးသောင်းငါးထောင်အထိ ဈေးကောင်းပေးဝယ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က ယင်းမြေများကို တာဝန်ခံ ၀ယ်ယူနေသူ ဦးသောင်ညွန့်က The Voice Weekly သို့အတည်ပြု ပြောကြားသည်။“ကျွန်မတို့ ဈေးကောင်းရပါတယ်။ အိမ်ရောင်းပြီး မြောက်ဥက်ကလာပမှာ ၀ယ်မှာပါ” ဟု အိမ်ရှင်အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်အမာက ဆိုသည်။ထိုနေရာတစ်ဝိုက်တွင် မတ်လ ၁ ရက်နေ့အထိ အိမ်ခြေ ၆၀ ၀န်းကျင်ခန့်ကို ရောင်းချပြီးဖြစ်ကြောင်း ကမ်ဘာအေးဒေသခံတစ်ဦးက အတည်ပြုပြောကြားသည်။“နေရာကိုကြည့်ပြီး ဈေးကောင်းပေးပါတယ်။ တချို့ဆို တစ်ပေပတ်လည် ၇၀,၀၀၀ လောက်ရပါတယ်” ဟု အဆိုပါရပ်ကွက်နေ အိမ်၊ ခြံ၊ မြေအကျိုးဆောင်တစ်ဦးက သုံးသပ်ပြောကြားသည်။ယင်းနေရာတွင် ယခုအချိန်အထိ အဆောက်အအုံဆောက်လုပ်ရန် မြေများထပ်ဝယ်ယူရဦးမည်ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စတင်ဆောက်လုပ်နိုင်ရန် စီစဉျနေကြောင်း၊ ဟိုတယ်ဆောက်ရန် ဘုရားနှင့်နီးနေသောကြောင့် ၀ယ်ယူသူက မဆောက်လိုကြောင်း အဆိုပါတာဝန်ခံ ဦသောင်ညွန့် ထံမှ သိရှိရသည်။Source : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties