By -, Shweproperty.com
Updated at 18 January 2016
အစိုးရတန်ဖိုးနည်းတိုက်ခန်းတွေရဲ့ အားနည်းချက်တွေကတော့ အစိုးရက ရောင်းချတဲ့အိမ်ရာတွေမှာ တစ်ဆင့်ပြန်လည်ရောင်းချမှုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ဒဏ်ကျေးငွေကို သတ်မှတ်ထားပေမယ့် အစိုးရဝန်ထမ်းတွေကိုတိုင် ပြန်လည်ရောင်းချတာတွေရှိနေတာကြောင့် အခုလိုလက်လွှဲရောင်းချတာတွေ ရှိနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဝယ်ယူခွင့်ပြုတဲ့သူ ကန့်သတ်ချက်မှာလည်း ဝင်ငွေနဲ့ပတ်သက်ပြီး ကန့်သတ်ချက်ရှိနေတာကြောင့် အမှန်တကယ်နေထိုင်ခွင့်ရချင်တဲ့ မိသားစုအများစုမှာ ဝယ်ယူခွင့်မရှိတာတွေလည်း ရှိပါတယ်။
မဲနှိုက်ရွေးချယ်မှုအပိုင်းမှာ လာရောက်မဆက်သွယ်တဲ့သူတွေကို ဝယ်ယူခွင့် ပိတ်သိမ်းလိုက်ပေမဲ့ ငွေဆက်လက်မသွင်းသူတွေ ကိုတော့ ဝယ်ယူခွင့်ပိတ်သိမ်းတာမျိုးမဟုတ်ဘဲ ဒဏ်ငွေရိုက်တာတွေကြောင့် လက်ရှိမှာဒဏ်ငွေအနေနဲ့ ကျပ် ခုနစ်သိန်းလောက်အထိ မြင့်တတ်နေပြီး အခန်းတွေကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။
"အစိုးရရောင်းတဲ့ တိုက်ဝယ်ချင်သူတွေမှာ ပြသနာက ကိုယ့်လစာအရင်းက သူတို့သတ်မှတ်ထားသလောက် အများဘူး၊ ဒါပေမယ့် ကိုယ့်ဘက်က ဒီငွေကိုပေးနိုင်တယ်၊ အဲဒီမှာ တရားဝင်ပြောပြလို့မရလို့ ဝယ်လို့မရတာတွေရှိတယ်၊ ကျောင်းဆရာမလို လူတွေဆို အစိုးရလစာကနည်းပေမဲ့ ကျူရှင်လိုဟာတွေက ထပ်ရတယ်၊ ဒါကိုကျတော့ ဌာနမှာဝင်ငွေအနေနဲ့တင် မရတာတွေရှိတယ်"လို့ စီးပွားရေးပညာရှင် ဒေါ်မိုးမိုးက ပြောပါတယ်။
ဝန်ကြီးဌာနက ရောင်းချတဲ့ အိမ်ရာတွေမှာ ဆောက်လုပ်ပြီး လူနေထိုင်ခွင့်ပြုထားတဲ့ ဗိုလ်မှုးဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်းမှာတော့ လက်ရှိအချိန်အထိ ငွေအကြေလာရောက်မပေးသွင်းသူ (၃၀) ဦးခန့်ရှိနေပြီး နေ့စဉ်ဒဏ်ကြေးအနေနဲ့ တစ်နေ့ကျပ် (၁၀,၀၀၀) နှုန်းနဲ့ ကောက်ခံတယ်လို့ သိရပါတယ်။
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties