By The Voice, Shweproperty.com
Updated at 17 June 2015
လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် တည်ဆောက်မည့် အလုပ်သမားများအတွက် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခကို အစိုးရကန်ထရိုက်များက တိုးတောင်းခြင်းကြောင့် လုပ်ငန်းပိုင်း ကြန့်ကြာနေရကြောင်း ရွှေလင်ဗန်း စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။
လက်ရှိအချိန်တွင် အလုပ်သမားများအတွက် ၁၂ ခန်းတွဲ ငါးထပ်တိုက် လေးခု တည်ဆောက်ထားပြီး ကျန်ရှိသော အဆောက်အအုံများအတွက် အစိုးရကန်ထရိုက်များက တစ်ပေပတ်လည်ကို ယခင်တည်ဆောက်သော နှုန်းထား ကျပ် ၁၃၅၀၀ မှ ၁၅၀၀၀ ကျပ်သို့ တိုးတောင်းလာသောကြောင့် အခြားပုဂ္ဂလိက ကန်ထရိုက်များလည်း တိုးတောင်းလာကြောင်း ၎င်းက ရှင်းပြသည်။
“အခုဟာက လူကြီးတွေ ပြောထားတာကို အောက်ခြေကလူတွေက မျက်နှာပျက်အောင် လိုက်လုပ်နေသလိုပဲ” ဟု ၎င်းကပြောဆိုသည်။
အဆိုပါ စီမံကိန်းအတွက် အဆောက်အအုံ ခြောက်လုံး ထပ်မံတည်ဆောက်ရန်အဆင်သင့်ဖြစ်နေပြီ ဖြစ်သော်လည်း တည်ဆောက်ခ တိုးတောင်းခြင်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆွေးနွေးနေပြီး တည်ဆောက်မည့် ဧရိယာမှ ကျူးကျော်နေသူများကို ရှင်းလင်းရေးနှင့် လျှပ်စစ်မီးရရှိရေး အတွက် အခက်အခဲများ ကျန်ရှိနေသေးကြောင်း ရွှေလင်ဗန်း စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
အလုပ်သမား အိမ်ရာစီမံကိန်းမှာ အစိုးရက လက်ရှိတည်ဆောက်နေသော ရွှေလင်ဗန်းအိမ်ရာနှင့် မသက်ဆိုင်ကြောင်း၊ ယခုစီမံကိန်းမှာ အလုပ်သမားများအတွက်လုပ်ငန်းရှင်များကတည် ဆောက်ပေးသော အိမ်ရာစီမံကိန်းအသစ် ဖြစ်ပြီး အဆောက်အအုံတစ်ခုတွင် အခန်းပေါင်း ၆၀ ပါဝင်မည်ဖြစ်ကာ လှိုင်သာယာစက်မှုဇုန် အတွက် အဆောက်အအုံ ရှစ်လုံးနှင့် ရွှေလင်ဗန်း စက်မှုဇုန်အတွက် အဆောက်အအုံ ၁၈ လုံး ရရှိမည်ဖြစ်ကြောင်း ရွှေလင်ဗန်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီထံမှ သိရသည်။
လှိုင်သာယာစက်မှုမြို့တွင် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်း၊ ရွှေသံလွင်၊ ငွေပင်လယ်၊ မွေးမြူရေးနှင့် အနော်ရထာ စက်မှုဇုန် အပါအဝင် စက်မှုဇုန်ပေါင်း ၁၃ ခုရှိပြီး စက်ရုံအလုပ်ရုံ တစ်ထောင်ကျော် လည်ပတ်လျက်ရှိကာ အလုပ်သမားပေါင်း တစ်သိန်းခွဲနီးပါး အလုပ်လုပ်ကိုင်လျက် ရှိကြောင်း စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီများထံမှ သိရသည်။
Ref : The Voice
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties