By The Kumudra, Shweproperty.com
Updated at 21 July 2015
အစိုးရဌာနတွေကနေ အိမ်ရာ၊ တိုက်ခန်းတွေကို နှစ်ရှည်အရစ်ကျ စနစ်နဲ. ရောင်းချပေးနေပေမဲ့ လစဉ်ပေးရတဲ့ ပမာဏကြောင့် အခြေခံလူတန်းစားတွေ ဝယ်ယူဖို. အခက်အခဲရှိနေတယ်လို. သိရပါတယ်။
‘တန်ဖိုးနည်းအိမ်ရာဝယ်ချင်လို. စုံစမ်းတော့ အရစ်ကျနဲ. သွင်းပေးရမယ်ဆိုပေမဲ့ ကနဦးပေးသွင်းငွေအတွက် မတတ်နိုင်ပြန်ဘူး။ အရစ်ကျကလဲ ကိုယ့်လစာကို ပြန်တွက် ကြည့်လိုက်ရင် သိပ်တောင်မကျန်တော့ဘူး၊ အခုတော့ လျှောက်လွှာယူထားတယ်၊ လျှောက်ဖြစ်မယ် မဖြစ်ဘူးဆိုတာကတော့ မသေချာတော့ပါဘူး’ လို.တန်ဖိုးနည်း အိမ်ရာဝယ်ယူလိုတဲ့ ဒဂုံမြို.နယ်မှာ နေထိုင်သူ မအေးသွယ်က ပြောပါတယ်။
လက်ရှိမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ရန်ကုန်မြို.မှာ ထီးလှိုင်ရှင်အိမ်ရာစီမံကိန်း၊ ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)၊ (၂)၊ လှိုင်သာယာမြို.နယ်မှာ စက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်သမားတွေအတွက် အိမ်ရာစီမံကိန်း၊ ရွှေပြည်သာမြို.နယ် အပိုင်း(၃) Commerical Area (၂) အိမ်ရာစီမံကိန်း၊ ဒဂုံမြို.သစ်(ဆိပ်ကမ်း) မြို.နယ်ရှိ ဧရာဝဏ်နဲ. ရတနာ အိမ်ရာစီမံကိန်းတွေကို ဆောက်လုပ်နေပါတယ်။
‘အိမ်ပိုင်မရှိတဲ့လူတွေအတွက် အဆင်ပြေအောင်၊ အိမ်ပိုင်နဲ. နေထိုင်နိုင်အောင် အခြေခံလူတန်းစားတွေအဆင်ပြေအောင် ဌာနကနေ အိမ်ရာတွေကို နှစ်တိုချေးငွေကနေ နှစ်ရှည်ချေးငွေအဖြစ် ပေးသွင်းလို.ရအောင် ပြောင်းလဲလိုက်ပါတယ်၊ ကနဦးပေးသွင်းငွေကတော့ ကိုယ်ဝယ်ယူမယ့် အခန်းတန်ဖိုးရဲ. ၃၀ရာခိုင်နှုန်းကို အရင်ပေးသွင်းရမှာပေါ့’ လို.မြို.ပြနှင့် အိမ်ရာဖွံ.ဖြိုးရေးဦးစီးဌာ၊ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို.တော် စည်ပင်သာယာရေးကော်မတီကလည်း ဗိုလ်ဗထူးတန်ဖိုးမျှတအိမ်ရာ၊ ဗိုလ်မင်းရောင် အိမ်ရာ၊ ရွှေပြည်သာမှာ ဆောက်လုပ်နေတဲ့ အိမ်ရာစီမံကိန်းကိုလည်း တန်ဖိုးနည်း ဒါမှမဟုတ် အငှားအိမ်ရာအဖြစ် ဆောက်လုပ်အကောင်အထည်ဖော်နေတာတွေ ရှိပါတယ်။
သည်လို စီမံကိန်းတွေ အကောင်အထည်ဖော်နေပေမဲ့ အိမ်ရာလိုအပ်ချက်တွေများစွာ ရှိနေပါသေးတယ်။ ဒါ့အပြင် တန်ဖိုးနည်း တိုက်ခန်းတွေရဲ. ဈေးနှုန်းကလည်း ကျပ်သိန်း ၁၀၀ကျော်ကနေ ၂၀၀ဝန်းကျင် ဖြစ်နေတာကြောင့် အခြေခ့လူတန်းစားတွေအတွက် ဝယ်ယူဖို. အခက်အခဲရှိနေတာပါ။
Ref : The Kumudra
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties