By 7daydaily, Shweproperty.com
Updated at 24 March 2016
အစိုးရသစ်လက်ထက် တွင် ရန်ကုန်တိုင်းဒေသကြီး၌ နိုင်ငံတော်ပိုင်မြေနှင့် အဆောက်အအုံ ငှားရမ်းခများ တိုးမြှင့်ကောက်ခံ သင့်ကြောင်း တိုင်းဒေသကြီးလွှတ် တော်မှ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ် ချက်အစီရင်ခံစာ၌ ဖော်ပြထား သည်။
လက်ရှိအစိုးရလက်ထက် တွင် နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများငှားရမ်းခကို ဈေးကွက် ပေါက် ဈေးထက်လျှော့ပြီး ပုဂ္ဂလိက လုပ်ငန်းရှင် များအား နှစ်ရှည်ငှား ရမ်းထားသဖြင့် နိုင်ငံတော်ဝင်ငွေတွင် နစ်နာရခြင်းကြောင့် ငှားရမ်းခတိုးမြှင့်ရန် အကြံပြုခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇေယျက ပြောသည်။
‘‘ရသင့်တဲ့ ဈေးထက်နည်း တော့ နိုင်ငံတော်မှာ နစ်နာမှုတွေ ကြုံတွေ့နေရတယ်’’ဟု ဦးကျော် ဇေယျက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် မြေတန်ဖိုး နှစ်စဉ်မြင့်တက်နေ သဖြင့် နိုင်ငံပိုင်မြေများကို မည် သည့်ဈေးနှုန်းဖြင့် တွက်ပြီးရောင်း ချနေသည်ကိုလည်း ပွင့်လင်းမြင် သာစွာအသိပေးသင့်ကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ငွေလုံးငွေရင်းရငွေများ၌ ၂၀၁၅-၁၆ ဘဏ္ဍာနှစ် မြေကွက်ရောင်းချမှုမှ ကျပ် ၁၃၈ ဘီလီယံ၊ တိုက်ခန်းများရောင်းရ ငွေမှ ကျပ် ၅၆၆ ဘီလီယံရှိသည် ဟု ဖော်ပြထားသဖြင့် နည်းပါး ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိအစိုးရသည် ပုဂ္ဂလိကလုပ်ငန်းရှင်များအား မြေကွက်နှင့် အဆောက်အအုံများငှားရမ်းခြင်း၊ ရောင်းချခြင်းမှာ ပေါက်ဈေးထက် လျော့နည်း သည်ကို စီးပွားရေး လုပ်ငန်းရှင်များက ထောက်ပြေ၀ ဖန်နေကြသည်။ ပုဂ္ဂလိကကို မြေ နှင့် အဆောက်အအုံရောင်းချခြင်း၊ ငှားရမ်းခြင်းတို့တွင် လာဘ်ပေး လာဘ်ယူမှုများရှိနေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က စွပ်စွဲပြောဆိုမှုများရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အပန်းဖြေဥယျာဉ်များ ပုဂ္ဂလိကထံသို့ ငှားရမ်းမှုများသည် နိုင်ငံတော်အတွက် နစ်နာမှုများရှိသည်ဟု ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော်စာရင်းစစ်ချုပ်က ဝေဖန်ထောက်ပြမှုများရှိခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကန်တော်ကြီး၊ မြကျွန်းသာပြည်သူ့ဥယျာဉ်မြေငှားရမ်းမှု တင်ဒါခေါ်ယူရာ၌ ပွင့်လင်းမြင်သာမှုအားနည်းခြင်း၊ ကာလပေါက်ဈေးထက်ငှားရမ်းခနှုန်းထားများ လျော့နည်းခြင်း၊ မည်သည့်နှုန်းထားဖြင့် ငှားရမ်းခဲ့သည်ကိုမသိရှိရခြင်းတို့နှင့် ပတ်သက်၍ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက မေးမြန်းခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် များ၏ မေးမြန်းမှုကြောင့် လက်ရှိ ရန်ကုန်မြို့တော်ဝန်က ကန်တော် ကြီးသဘာဝဥယျာဉ် ၁၈ ဧကကို ဇေကမ္ဘာကုမ္ပဏီအား ၂၀၁၅ မှ ၂၀၂၀ အထိ ဒုတိယငါးနှစ်စာချုပ် ကို တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့် ငှားရမ်းသည်ကို လွှတ်တော်၌ ပြန်လည်ဖြေကြားခဲ့သည်။
တစ်နှစ်လျှင် ကျပ်သိန်း ၆၀၀ သည် ၂၀၁၅ ဒီဇင်ဘာမှစတင်ခြင်းဖြစ်ပြီး ပထမ ၂၀၁၀ မှ ၂၀၁၅ အထိ ငှားရမ်းခမှာ တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀ ရှိခဲ့သည်။
Ref : 7daydaily
Photo Credit : Social
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties