By Myanmar Times, Shweproperty.com
Updated at 6 October 2016
နိုင်ငံတော်အစီအစဉ်ဖြင့် ဆောက်လုပ်နေရာ ချထားပေးခဲ့သည့် နိုင်ငံပိုင် အငှားအိမ်ရာ စီမံကိန်းများကို စနစ်တကျ ပြန်လည်ကွပ်ကဲ ထိန်းသိမ်းနိုင်ရန်အတွက် တိကျခိုင်မာသည့် နည်းစနစ်များပါဝင်မည့် အငှားအိမ်ရာ ဥပဒေမူကြမ်းကို ရေးဆွဲလျက်ရှိပြီး ဥပဒေ တစ်ရပ် ပီပြင်စွာပေါ်လာရန် လုပ်ဆောင် လျက်ရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ အိမ်ရာ ဖွံ့ဖြိုးရေးဌာနခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောသည်။
"အငှားအိမ်ရာဥပဒေဆွဲဖို့ လုပ်နေပြီဖြစ် ပေမဲ့ လောလောဆယ်သုံးလို့ရမယ့် အမိန့်ညွှန်ကြားချက်တွေ အရင်ထွက်အောင် လုပ် နေရတယ်။ အငှားအိမ်ရာမူကြမ်းကို ရေးဆွဲ ပြီးမှ ဥပဒေအဖြစ်ပြဋ္ဌာန်းဖို့ ဆက်လက်လုပ် ဆောင်သွားပါမယ်။ အငှားအိမ်ရာဥပဒေ မရှိသလို၊ ထိန်းသိမ်းရမယ့် နည်းစနစ်တွေ၊ စည်းကမ်းချက်တွေလည်း မရှိသေးဘူး။ အာဏာပိုင်တွေက သူ့အစီအစဉ်တွေနဲ့သူ အငှားချပြီးမှ အိုးအိမ်ကို ထိန်းသိမ်းဆိုပြီး လက်လွှဲလိုက်တာ၊ လုပ်ရကိုင်ရတာ ခက်တယ်"ဟု ၎င်းက အောက်တိုဘာ ၃ ရက်တွင် မြန်မာတိုင်း(မ်)ကို ပြောသည်။
အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် တွင် အငှားအိမ်ရာ အမြောက်အမြားကို ဆောက်လုပ်ကာ ပြည်သူများ၊ နိုင်ငံဝန်ထမ်း များနှင့် အငြိမ်းစားဝန်ထမ်းများကို အဖိုးနှုန်း ချိုသာစွာဖြင့် ငှားရမ်းခဲ့ပြီးမှသာ အိမ်ရာ ထိန်းသိမ်းမှုကိစ္စများ၊ အိမ်လခ ကောက်ခံသည့် ကိစ္စများကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ စီမံခန့်ခွဲနိုင်ရန် လွှဲပြောင်းပေးခဲ့သည်။
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အငှား အိမ်ရာများကို ပြည်သူများအတွက် နေရာ ချထားပေးခဲ့ရာတွင် သက်တမ်း ငါးနှစ်အထိ သာ အများဆုံး ငှားရမ်းခွင့်ပြုထားသော် လည်း မြန်မာနိုင်ငံ၌ အငှားအိမ်ရာတွင် နေရာချထားခြင်း ခံရသူများမှာ ဆွေစဉ်မျိုး ဆက် အစဉ်အဆက်နေထိုင်သည့် စနစ်ဖြင့် ခွင့်ပြုထားခဲ့သည်။ အငှားအိမ်ရာနှင့်ပတ်သက်သည့် ခိုင်မာ သည့် ဥပဒေတစ်ရပ် ပေါ်ထွက်လာခြင်းမရှိ သေးသည့်အတွက် လက်ရှိ အငှားအိမ်ရာ နေထိုင်ခွင့်ရသူများမှာ နှစ်ကာလ ကြာရှည်လာသည်နှင့်အမျှ နိုင်ငံပိုင်မြေနှင့် နိုင်ငံပိုင် အဆောက်အအုံများကို လစဉ်ငှားရမ်းခပေး သွင်းသည့်စနစ်ဖြင့် နေထိုင်နေခြင်းဖြစ်သော် လည်း မိမိကိုယ်ပိုင် တိုက်ခန်းကဲ့သို့ ထင်မြင် ယူဆလျက်ရှိပြီး စည်းမျဉ်းစည်းကမ်းနှင့် ဥပဒေများ ထွက်ပေါ် လာခြင်းမရှိသည့် အတွက်ကြောင့် ထိန်းသိမ်းကြပ်မတ်ရန် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိသည်။
"အခြားနိုင်ငံတွေမှာဆို အငှားအိမ်ရာ က ငါးနှစ်ပဲ ငှားတယ်၊ ငါးနှစ်ပြည့်ရင် ဖယ်ခိုင်းတယ်။ တန်ဖိုးနည်းအိမ်ရာတွေ သွား ဝယ်၊ လွတ်သွားတဲ့အခန်းကို နေစရာ အခက် အခဲရှိတဲ့လူကို ပြန်တင်၊ နောက်လူလာဆိုတဲ့ စနစ်ကို ကျင့်သုံးတယ်။ အခုက ရာသက်ပန် နေခွင့်ပေးထား သလို ဖြစ်နေတယ်။ အငှား အိမ်ရာဖြစ်ပြီး အစိုးရရဲ့မြေ အစိုးရရဲ့ အဆောက်အအုံဖြစ်ပေမဲ့ အစိုးရက အဆင့် မြှင့်တည်ဆောက်မယ်လည်းလုပ်ရော ဝိုင်း ကန့်ကွက်နေကြတယ်။ သူတို့က အိမ်ငှားပါ။ မထိန်းနိုင်လို့ ပြဿနာဖြစ်နေတာ၊ ဥပဒေ လိုတယ်။ ဆွဲချရတာတို့ လုပ်ရကိုင်ရတာတို့ အရမ်းခက်တယ်"ဟု ၎င်းက ဆက်လက် ပြောသည်။
အငှားအိမ်ရာတွင် နေထိုင်ခွင့်ရရှိသူ များ စည်းကမ်းဖောက်ဖျက်ပါက ၁၉၅၅ ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်သည့် အစိုးရ ပိုင် အိမ်ဥပစာနှင်ထုတ်ခြင်း အက်ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်သော်လည်း အားနည်းချက်ကြောင့် လက်တွေ့ပီပီပြင်ပြင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခက်အခဲ များ ရှိနေဆဲဖြစ်သည်။
ဥပဒေတစ်ရပ်အဖြစ် ထွက်ပေါ်လာစေ ရန်အတွက် ရေးဆွဲလျက်ရှိသည့် အငှားအိမ်ရာ ဥပဒေကြမ်းတွင် ငှားရမ်းမည့်သူများ အပေါ်ထားရှိသည့် ကန့်သတ်ချက်များ ပါဝင် လာမည်ဖြစ်သလို အိမ်ရာထိန်းသိမ်း စောင့်ရှောက်ရေး၊ ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာ အချက်အလက်များလည်း ပါဝင် လာနိုင်မည်ဖြစ်သည်။
အငှားချအိမ်ရာ စီမံကိန်းတွင် ပါဝင် သည့် အဆောက်အအုံများ ရေရှည်တည်တံ့ ခိုင်မာစေရန်အတွက်လည်း Estate Management Committee ကို နေထိုင်သူများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လွှတ် တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ အစည်းများဖြင့် ပြန်လည်ဖွဲ့စည်းဆောင် ရွက်သွားရန် လိုအပ်သည်။
ရန်ကုန်မြို့တော်တွင် ဖဆပလနှင့် မဆလအစိုးရလက်ထက်တွင် တည်ဆောက် နေရာချထားပေးခဲ့သည့် အငှားချအိမ်ရာ စခန်းပေါင်း ၁၁ ခုရှိပြီး အခန်းပေါင်း ၁၆,၀၀၀ ကို နေရာချထားပေးခဲ့သည်။ ဖဆပလနှင့် မဆလအစိုးရလက်ထက်တွင် နေရာချထားပေးခဲ့သည့် အငှားချအိမ်ရာ စခန်းများရှိ အိမ်ခန်းများကို ယနေ့တွင် တစ်စတုရန်းပေ ပတ်လည် နှုန်းထား ၁၂ ကျပ် ၅၀ ပြားနှုန်းဖြင့်သာ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနသို့ လစဉ် ပေးသွင်းစေသည့် စနစ်ဖြင့် ကောက်ခံလျက်ရှိသည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စတုရန်းပေ ၆၀၀ ကျယ်ဝန်း သည့် အခန်းပေါင်း ၁,၂၀၀ ပါဝင်သည့် ဗန္ဓုလ အငှားအိမ်ရာစီမံကိန်းကို တည်ဆောက်ပြီး အခန်းတစ်ခန်းလျှင် လစဉ်ငှားရမ်းခ ကျပ် သုံးသောင်းနှုန်းဖြင့် နေရာချထားပေးခဲ့ပြီး ဖြစ်သည်။
Ref & Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties