By မဟာ, Shweproperty.com
Updated at 7 April 2020
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဆီ ပြည်သူများရဲ့ တင်ပြချက်တွေအပေါ် စိစစ်ပြီး ထောက်ပံ့မှုတစ်ချို့ပြုလုပ်မယ်လို့ COVID-19 အမျိုးသားအဆင့် ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဧပြီ ၆ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အိမ်ထောင်စုတစ်စုကို ဆန်(၈)ပြည်၊ ဆား(၅၀)သား၊ ပဲ(၁)ပိဿာ၊ ကြက်သွန် (၁)ပိဿာ ကို ဧပြီ (၁၀)ရက်နေ့ကစလို့ ထောက်ပံ့ပေးသွားမယ်လို့ပါရှိပါတယ်။
ဆောင်ရွက်တဲ့နေရာမှာလည်း လေလွင့်ဆုံးရှုံးတာတွေ၊ အဂတိလိုက်စားတာတွေမဖြစ်အောင် စီစဉ်ဆောင်ရွက်ထားတယ်လို့ရေးသားထားပါတယ်။
ဒါ့အပြင် ပြည်သူအားလုံး၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့တွေအတွက် လျှပ်စစ်သုံးစွဲမှု ယူနစ်၁၅၀ အထိကင်းလွတ်ခွင့်ကို ဧပြီလကုန်အထိပေးအပ်တဲ့အကြောင််းလည်းထည့်သွင်းဖေါ်ပြထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၁ရက်နေ့ကစတင် Facebook သုံးခဲ့ပြီး ပြည်သူတွေနဲ့မြန်မြန်ဆန်ဆန်ထိထိရောက်ရောက်ဆက်သွယ်နိုင်ဖို့သုံးခဲ့တာလို့ဆိုပါတယ်။ အခုထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်ဟာဆိုရင်ရင် ဒေါ်အောင်ဆန်းစုကြည်ဆီကို ပြည်သူတွေရဲ့ရေးသားတင်ပြချက်တွေအပေါ်အခြေခံစီစဉ်ဆောင်ရွက်ခဲ့တာဖြစ်သလို ပြည်သူအများကလည်း ဆောင်ရွက်ချက်အပေါ်ကြိုဆိုကြတာတွေ့ရပါတယ်။
COVID-19 ရိုက်ခတ်မှုကြောင့် နိုင်ငံအတွင် အလုပ်လက်မဲ့ဦးရေတိုးပွားလာပြီး စိုးရိမ်မှုများရှိနေတဲ့ အချိန် ဒီထုတ်ပြန်ချက်က အကျိုးရှိစေတယ်လို့လည်းကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။
Written By: မဟာ (ShweProperty.com)
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties