မြေတွေထဲမှာ ဂရမ်မြေဟာ ပိုင်ဆိုင်မှု ခိုင်မာတယ် ဆိုပေမယ့် ဂရမ်မြေရဲ့ နှစ်သက်တမ်းကိုလည်း သေချာကြည့်ဝယ်ဖို့ မမေ့သင့်ပါဘူး။ 

အထူးသဖြင့် ဂရမ်သက်တန်း ကုန်ခါနီးဖြစ်စေ၊ ဂရမ်မြေလို့ဆိုပေမယ့် ဂရမ်သက်တမ်းကုန်နေတဲ့ မြေဖြစ်မယ်ဆိုရင် အနည်းငယ် သတိထားဖို့ လိုပါတယ်။ 

မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ မြေ၊ အိမ်တို့ကိုဝယ်ရင် မှတ်ပုံတင်အရောင်းအ ဝယ်စာချုပ် ချုပ်ဆိုမှသာ တရားဝင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ဒီတော့ ကိုယ်ဝယ်မယ့် မြေကလည်း မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လုပ်နိုင်တဲ့ မြေဖြစ်နေဖို့ လိုပါတယ်။ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ပြုလုပ်ရင်တော့ အခွန်ဆောင်ရမှာဖြစ်ပါတယ်။ တချို့အခွန်ရှောင်ပြီး မှတ်ပုံတင်စာချုပ် မလုပ်ထားသူတွေလည်း ရှိပါတယ်။ ဒီလိုကိစ္စမျိုးဟာ မဖြစ်ရင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ ဖြစ်လာရင်တော့ ဆောက်ထားတဲ့ အိမ်ကို ဖြိုဖျက်ပြီး ရွှေ့ပြောင်းရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် ရောင်းသူဆီက ကိုယ်စားလှယ် လွှဲစာ ရယူထားပြီး ဝယ်ယူ နေထိုင်ရင်ရော ဆိုတဲ့ မေးခွန်းရှိနိုင်ပါတယ်။



 အဲဒီလို ဝယ်ယူမယ် ဆိုရင်တော့ ရောင်းသူက မြေဂရန် အမည်ပေါက်

ဖြစ်ဖို့ လိုပါတယ်။ မြေဂရန် အမည်ပေါက်သူဆီက ကိုယ်စားလှယ်လွှဲစာ ရရှိမှသာ အဲဒီမြေကွက်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကို ဝယ်သူက အမည်ပေါက်သူ ကိုယ်စား ဆောင်ရွက်ခွင့် ရှိလာမှာဖြစ်တယ်။ ဒါပေမယ့် ပြန်လည်ရောင်းချတဲ့အခါမှာ မိမိအမည်မပေါက်တော့ ကာလပေါက်ဈေးအတိုင်း၊ ရောင်းဖိုးငွေ မရနိုင်တာတွေရှိတတ်ပါတယ်။ အိမ်အသစ်ပြန်ဆောက်မယ် ဆိုရင်လည်း ကိုယ့်ဂရမ် အမည်ပေါက် မဟုတ်တော့ ဆောက်လုပ်ခွင့်အတွက် အခက်အခဲ ရှိနိုင်ပါတယ်။ 

မြေဂရမ် သက်တမ်းကုန်ဆုံးနေတဲ့ မြေကို ပိုင်ဆိုင်မှု ခိုင်မာအောင် ဘယ်လိုလုပ်သင့်လဲဆိုတာ မပြောခင် ဂရမ်မြေအကြောင်း အနည်းငယ် ပြောချင်ပါတယ်။ မြေဂရန် ဆိုတာဟာ မြေကိုအသုံးပြုနိုင်တဲ့ အခွင့်အရေး ဖြစ်ပါတယ်။ အဲဒီအခွင့်အရေးဟာ ဂရန်စာချုပ်မှာ ခွင့်ပြုထားတဲ့ သက်တမ်းအတွင်းသာ အကျိုးခံစားခွင့် ရရှိနိုင်ပါတယ်။ ဂရန်သက်တမ်း ကုန်ဆုံးသွားရင်တော့ ဂရန်ရရှိထားသူဟာ ၎င်းရရှိထားတဲ့ မြေအသုံးပြုပိုင်ခွင့် အခွင့်အရေးလည်း ကုန်ဆုံးသွားရပါတယ်။ ဒါကြောင့် ရောင်းသူဘက်က မြေဂရန်သက်တမ်းတိုးပြီး ဝယ်မှသာ စိတ်ချရပါမယ်။ 

ဒီဆောင်းပါးလေးကတော့ မြေဝယ်မယ့် မိတ်ဆွေများ ဂရမ်မြေနဲ့ ပတ်သက်ပြီး သတိထားဖွယ်ရာအချက်ကို အသိပေးဖော်ပြပေးခြင်း ဖြစ်ပါတယ်။ အိမ်၊ ခြံမြေတွေဟာ တစ်သက်တာနေထိုင်မယ့် နေရာ၊ အရင်းအနှီးကြီးတဲ့ ပစ္စည်းတွေ ဖြစ်တာကြောင့် ပိုင်ဆိုင်မှု ခိုင်မာဖို့ကို အဓိကထားပြီး ရောင်းခြင်း၊ဝယ်ခြင်း ပြုလုပ်သင့်ပါတယ်။ စာဖတ်သူ မိတ်ဆွေတို့အားလုံး အိမ်ရာခြံမြေများ တိုးပွားပိုင်ဆိုင်နိုင်ကြပါစေရှင်။ 

Written By : Ra Wai (ShweProperty.com)