By MOI Webportal Myanmar, Shweproperty.com
Updated at 15 September 2015
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် ကျေးရွာတစ်ရွာစီအား ကနဦးစံပြအဖြစ် မြေငှားရန်ထုတ်ပေးနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိရာ မြောင်းမြမြို့နယ်က ဝက်ကျေးရွာတွင် ကျေးရွာနေပြည်သူ များအား မြေငှားဂရန်ထုတ်ပေးခြင်း အခမ်းအနားကို စက်တင်ဘာ ၁၂ ရက် နံနက် ၁ဝ နာရီက မြောင်းမြမြို့နယ် ကဝက်ကျေးရွာ ရွာလယ် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြေငှားဂရန်ထုတ်ပေးခြင်းအခမ်းအနားတွင် မြောင်းမြခရိုင် အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်၊ မြောင်းမြမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်နှင့် ကျေးရွာဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များ၊ မြေငှားဂရန်ချထားပေးခြင်းခံရသည့် ကျေးရွာပြည်သူများ အထောက်အကူပြုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးကအမှာစကားပြောကြားကာ မြေငှားဂရန်စာချုပ်များကို ကာယကံရှင်များလက်သို့ တစ်ဦးချင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာတွင် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုသူများ၊ အရင်းအနှီး ရယူလိုသူများအတွက် မြေငှားဂရန်သည် ပိုင်ဆိုင်မှုအထောက်အထားတစ်ခုအဖြစ် အခွင့်အလမ်းကောင်း တစ်ခု ရရှိလိုက်ခြင်းဖြစ်ကြောင်း၊ ပိုင်ဆိုင်သူမှ ပေါင်နှံခြင်း၊ ရောင်းချခြင်း စသည်ဖြင့် မိမိစိတ်တိုင်းကျ စီမံဆောင်ရွက်ခွင့်ရရှိပြီဖြစ်ကြောင်း လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးပြောကြားချက်အရ သိရသည်။
မြောင်းမြမြို့နယ်တွင်ကဝက်ကျေးရွာမှ ၄၇ ဦးကို မြေငှား ဂရန် ပေးအပ်ဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ခရိုင်ဥက္ကဋ္ဌနှင့် ကျေးရွာဂရန် ထုတ်ပေးရေး ခရိုင်အဖွဲ့ဝင်များသည် အိမ်မဲမြို့နယ် ရွာသစ်ကျေးရွာတွင် ၇ဝကိုလည်းကောင်း၊ဝါးခယ်မမြို့နယ်လမ်းသမိုင် ရွာကြီးကျေးရွာတွင် ၃၄ ဦး၊ မြောင်းမြခရိုင်တစ်ခုလုံးအတွက် ၁၅၁ ဦးတို့အား မြေငှားဂရန်စာချုပ်များ လက်ဝယ် အရောက် ထုတ်ပေးခဲ့သည်။
Ref : MOI Webportal Myanmar
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties