By Sint Sint, Shweproperty.com
Updated at 19 January 2021
တရုတ်ရိုးရာအဆိုအရ မိမိအိမ်တွင်အောက်ဖော်ပြပါ အပင်လေးများကို စိုက်ပျိုးခြင်းဖြင့် စီးပွားလာဘ်လာဘ တိုးပွားစေကာ ကျန်းမာ ကြွယ်ဝခြင်းကို အံ့သြလောက်အောင် ပေးစွမ်းနိုင်စွမ်းရှိပါတယ်။ အပင်စိုက်ခြင်းနဲ့ စီးပွားအတက်အကျ သက်ဆိုင်ရဲ့လားလို့ တော်ရုံလူကတော့ ယုံကြည်ဖို့ရာခက်ပါတယ်။သို့ပေမယ့် အပင်စိုက်ပျိုးခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျခြင်း၊ တီထွင်ကြံဆမှုအားကောင်းလာနိုင်ခြင်း၊ပတ်ဝန်းကျင်လေထုကို အထိုက်အလျောက်သန့်စင်ပေးနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ ဖော်ပြပါအကြောင်းအရာများသည် တရုတ်ဖုန်းရွှေတို့ရဲ့ ယူဆချက်များသာ ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ အပင်လေးတစ်ပင်ကနေ သင်မသိသေးတဲ့ အံ့သြစရာအချက်တွေကို ပေးစွမ်းနိုင်တယ်ဆိုရင်တော့ အပင်စိုက်ဖို့ရာ ထပ်ပြီး တွေဝေနေဦးမလား ...... ၁။ ကျောက်စိမ်းပင် (Jade Plant) Japanese Cherry (or) Dollar Plant လို့လူသိများပြီး သူ့ရဲ့ သိပ္ပံအခေါ်ကတော့ Crassula ovata ဖြစ်ပါတယ်....စားပွဲတင်အလှထား စိုက်ပျိုးနိုင်ပြီး လာဘ်ရွှင်၊ ငွေဝင်တိုးကာ အလုပ်အကိုင်အဆင်ပြေသောကြောင့်လည်း Dollar Plant လို့ တင်စားခေါ်ဝေါ်ခြင်းပင်ဖြစ်သည်။ကျောက်စိမ်းပင်ဟာ အေးမြတဲ့ ခုလို ဆောင်းရာသီချိန်တွင် အပွင့်များပွင့်တတ်ပြီး ကြယ်ပုံစံ အပွင့်အဖြူ (သို့) ချယ်ရီပန်းကဲ့သို့ ပန်းရောင်အဆင်းပွင့်လေ့ရှိပါသည်။ သူ့ရဲ့ အရွက်ဝိုင်းဝိုင်းအသွင်ကြောင့် ပိုက်ဆံအကြွေစေ့နဲ့ ဆင်တူခြင်းကြောင့်လည်း ကြွယ်ဝခြင်းနိမိတ်ဆောင်ခြင်းဟု ဆိုဖွယ်ရာရှိပါသည်။အပွင့်လည်းလှ၊ အပင်အရွယ်အစားအားဖြင့်လည်း သေးငယ်သောကြောင့် အလုပ်စားပွဲတွင်လည်း အလှထားစိုက်ပျိုးနိုင်ပါသေးသည်။ ၂။ ဝါးပင်ပု (Lucky Bamboo) တရုတ်ဖုန်းရွှေတို့ရဲ့ အယူအဆအရ Lucky Bamboo ပင်များသည် ပြည့်စုံ ကြွယ်ဝခြင်း၊ ကံကောင်းခြင်းတွေကို ဖိတ်ခေါ်နိုင်စွမ်းရှိသဖြင့် အိမ်တွင် စိုက်ပျိုးသင့်သော အပင်အဖြစ်သတ်မှတ်ခြင်းခံရသည်။အိမ်ရဲ့ အရှေ့တောင်အရပ်တွင် စိုက်ပျိုးပေးခြင်းဖြင့် ထူးခြားသောစွမ်းအင်များကို ပေးစွမ်းနိုင်သည်ဟုပင် ယုံကြည်သက်ဝင်ကြပေသည်။Lucky Bamboo ပင်ရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ ရိုးတံပေါ်မူတည်ပြီး အဓိပ္ပာယ်ကွာခြားသွားပေသည်။ ဥပမာ - ရိုးတံသုံးခုဆိုရင် ပျော်ရွှင်ခြင်း၊ ကြွယ်ဝပြည့်စုံခြင်းနဲ့ အသက်ရှည်ခြင်းနိမိတ်ဖြစ်ပြီး၊ ရိုးတံ ၅ခုနဲ့အထက်ဆို ကံကောင်းခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်းကိုပေးစွမ်းနိုင်လေသည်ဟု ပင် ဆိုထားသည်။ ၃။ ငွေပင် ( Money Tree Plant) သူ့ရဲ့ နာမည်ဖြစ်ပေါ်လာပုံ ယုံတမ်းပုံပြင်တစ်ပုဒ်ကလည်း ထူးဆန်းလှပေသည်။သူဆင်းရဲတစ်ယောက်သည် ပိုက်ဆံရဖို့ရာ ဆုတောင်းနေရင်း ထူးဆန်းသောအပင်ငယ်ကို တွေ့ရှိသွားကာ အိမ်သို့ယူဆောင် စိုက်ပျိုးရင်း ထိုအပင်ငယ်မှာ အစေ့များကို ရောင်းချရာမှ ချမ်းသာကံကောင်းသွားလေသည်ဟု ရိုးရာပုံပြင်ရှိဖူးလေသည်။ ထို့ကြောင့်လည်း တရုတ်လူမျိုးများက Money Tree Plant သည် ဝင်ငွေများတိုးပွားလာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်ဟု သက်ဝင်ယုံကြည်နေကြခြင်းဖြစ်ပေမည်။ ၄။ ခရမ်းရောင်သစ်ခွပန်း ( Violet or Purple Orchid) သစ်ခွပန်းလေးရဲ့ အဓိပ္ပာယ်ကိုရော သိကြရဲ့လားရှင့် ။ မြတ်နိုးခြင်း၊ တပ်မက်ခြင်း၊ ခွန်အားကြီးခြင်း၊ လှပခြင်းသဘောဆောင်တဲ့ သစ်ခွပန်းကို အိမ်တော်တော်များများတွင် အလှစိုက်ပျိုးတာကို တွေ့ရမှာပါ။မြန်မာလူမျိုးတို့ရဲ့ ချစ်စရာဓလေ့တွင် မိမိစိုက်ပျိုးထားသော ပန်းပင်များဖူးပွင့်လာသော် ဦးဦးဖျားဖျား ဘုရားပန်းကပ်ကြတဲ့ အလေ့အထလည်းတစ်ခုအပါအဝင်ပင်ဖြစ်သည်။ ချစ်ခြင်းသဘောဆောင်တဲ့ သစ်ခွပင်မျိုးစိတ်များစွာထဲမှ ခရမ်းရောင်ကတော့ ကျက်သရေအပေါင်းနှင့် ပြည့်စုံလှပလျက်ရှိသည်။ ပေါများကြွယ်ဝခြင်း သဘောဆောင်၍ မိသားစု၊ သူငယ်ချင်းဖြစ်စေ၊ ချစ်သူချင်းလည်း လက်ဆောင်ပေးလို့ကောင်းသော အပင်တစ်မျိုးပင်ဖြစ်သည်။ ၅။ ဇော်ထပ် (Happy Plant) နာမည်နှင့် လိုက်အောင်ပင် ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်စွမ်းရှိတဲ့ မြန်မာအခေါ် “ဇော်ထပ်”အပင်လေးကတော့ အကြမ်းလည်းခံတော့ အိမ်တွင်းစိုက်ပျိုးဖို့ရာ အကောင်းဆုံးအပင် ဖြစ်ပါသည်။ စိတ်တည်ငြိမ်မှုကိုပါ ပေးစွမ်းနိုင်ပြီး အာရုံစူးစိုက်မှုအားကောင်းစေတဲ့အပြင် စိတ်အပန်းဖြေစေလို့ မိမိရဲ့ အလုပ်စားပွဲနားတွင် ထားရင် အသင့်တော်ဆုံးဖြစ်မှာပါ။ အပေါ်ယံ မြေဆီလွှာခြောက်သွေ့ကာမှ ရေလောင်းပေးရုံပဲမို့ စိုက်ပျိုးရလည်း လွယ်ကူပါသည်။ ၆။ မိုးမခပင် (Kalanchoe Plant) အလွန်ချစ်စရာကောင်းပြီး အိမ်တွင်းအလှစိုက်ပျိုးဖို့ သင့်လျော်တဲ့ မိုးမခပင်ကတော့ ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အသက်ရှည်ကျန်းမာခြင်းကိုပါ ဆောင်ယူပေးစွမ်းနိုင်တယ်။ လက်ဆောင်ပေးဖို့ရန်အတွက်လည်း ကိုက်ညီသည်မို့ အနောက်နိုင်ငံများတွင်ပါ လူသိများတဲ့အပင်လည်းဖြစ်ပါသည်။ ပန်းပွင့်ချိန်လည်းလှ၊အောက်ဆီဂျင်ကောင်းကောင်းထုတ်ပေးနိုင်ပြီး သေးငယ်တဲ့ ဖုန်မှုန့်များကို စုပ်ယူပေးနိုင်သေးတာမို့ အခန်းတွင်းလေထုကိုပါ သန့်စင်ပေးနိုင်တယ်။ “အဆုံးမရှိ ချစ်ခြင်း” လို့ သဘောဆောင်တဲ့ မိုးမခပင်ဟာ ချစ်ခြင်းတရားကို ဖော်ကျူးပေးဖို့ရာ အကောင်းဆုံး လက်ဆောင်တစ်ခုဆိုလည်း မှားနိုင်ဖွယ်မရှိပေ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင့်အိမ်မှာ ရွှေလာငွေလာဂမုန်းအပင် စိုက်ထားခြင်းရဲ့ အကျိုးကျေးဇူးတွေ အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ် နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း အိမ်မှာထားရင် ကံကောင်းခြင်းတွေ ရောက်လာစေတဲ့ ပစ္စည်း ၇ မျိုး Written by: Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties