By Shwe Kyaw, Shweproperty.com
Updated at 9 July 2021
အိမ်ရှင်မတွေအတွက် ဈေးဖိုးသက်သာစေမယ့် နည်းလမ်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ဓာတုဆေးဝါးကင်းစင်ပြီး ကျန်းမာရေးနဲ့ညီညွတ်စေမယ့် သီးပင်၊စားပင်လေးတွေကို အိမ်မှာတင် စိုက်ပျိုးနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အိမ်မှာ စိုက်ပျိုးနိုင်မယ့် အပင်တွေနဲ့ စိုက်ပျိုးရမယ့် နည်းလမ်းတွေကတော့ (၁) ကြက်သွန်နီ ကြက်သွန်နီလှီးပြီး လွှင့်ပစ်ရမယ့် အမြစ်ကို မြေအိုးအတွင်းသို့ထည့်ပြီး ရေအနည်းငယ်လောင်းကာ ကြက်သွန်နီပင်ကို စိုက်ပျိုးနိုင်ပါတယ်။ နေရောင်ခြည်ရရှိမည့် နေရာမှာ ထားပါ။ (၂) မုန့်ညှင်းထုပ် လှီးဖြတ်ပြီး မုန့်ညှင်းထုပ်ရဲ့ အမြစ်တွေကိုလည်း ဖန်ပုလင်းအတွင်းသို့ ထည့်ကာ ရေအနည်းငယ်ထည့်ပြီး စိုက်ပျိုးထားနိုင်ပါတယ်။ (၃) ငရုတ်ပွ၊ ငရုတ်သီး ငရုတ်ပွကို စိုက်ပျိုးမယ်ဆိုရင်တော့ အခွံခွာပြီး အစေ့များကို မြေအိုးအတွင်းထည့်ကာ စိုက်ပျိုးထားပေးပါ။ အချိန်အနည်းငယ်အတွင်း အပင်ကြီးထွားလာပါလိမ့်မယ်။ (၄) ပင်စိမ်း ပင်စိမ်းကိုတော့ အဖူးများအနည်းငယ်ချန်ထားပြီး (၂)လက်မခန့်ဆီ ဖြတ်ထားသော အပင်ပိုင်းလေးကို ဖန်အိုးအတွင်းထည့်ကာ စိုက်ပျိုးနိုင်ပါတယ်။ အမြစ်ထွက်လာပြီဆိုရင်တော့ မြေအိုးအတွင်း ပြောင်းရွေ့စိုက်ပျိုးနိုင်ပါပြီ။ (၅) ကြက်သွန်ဖြူ ကြက်သွန်ဖြူပင် စိုက်ပျိုးမယ်ဆိုပါက ကြက်သွန်ဖြူနှစ်ဥခန့်ကို အခွံမခွာ အမြစ်မဖြတ်ဘဲ မြေအိုးတွင်မြှပ်ကာ စိုက်ပျိုးနိုင်ပါတယ်။ ရေခဏခဏလောင်းပေးပါ၊ နေရောင်ခြည်ကောင်းကောင်း ရနိုင်သည့်နေရာတွင်ထားပါ၊ ရက်အနည်းငယ်အတွင်း ရှင်သန်ကြီးထွားလာပါလိမ့်မယ်။ (၆) ကြက်သွန်မြိတ် လှီးဖြတ်ထားပြီး လွှင့်ပစ်ရမယ့် ကြက်သွန်မိတ်အမြစ်များကိုတော့ ဖန်နဲ့ပြုလုပ်ထားတဲ့ ရေအိုးအတွင်းသို့ ရေအနည်းငယ်ထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။ ဟင်းချက်ရာမှာ လိုသလောက် ဖြတ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။ ရေကိုသာ မပြတ် ဖြည့်ပေးပါ။ (၇) နံနံပင် (သို့) တရုတ်နံနံ နံနံပင်နဲ့ တရုတ်နံနံပင်ကို စိုက်ပျိုးချင်တယ်ဆိုရင်တော့ အဖျားအမြစ်ကို နှစ်လက်မခန့်ဖြတ်ပြီး ဖန်အိုးအတွင်းသို့ ရေအနည်းငယ်ထည့်ကာ စိုက်ပျိုးနိုင်ပါတယ်။ အပင်ကြီးလာပြီဆိုရင်တော့ အိုးဖြင့် ပြောင်းရွေ့စိုက်ပျိုးပါ။ အိမ်တွင်းမှာ ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူစိုက်ပျိုးနိုင်မယ့် နည်းလမ်းတွေဖြစ်တာကြောင့် အိမ်ရှင်မတွေအတွက် အပန်းဖြေစရာလည်းဖြစ် အသုံးတည့်စေမှာပါ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ အိမ်မှာ ရေခဲသေတ္တာသုံးရာတွင် ဆောင်ရန် ရှောင်ရန်များ။ ဒါတွေ မလုပ်ပါနဲ့ အိမ်တိုင်း ၊ဆိုင်တိုင်းမှာ အသုံးပြုနေတဲ့ အဲကွန်းကို ပုံမှန်သန့်ရှင်းရေးမလုပ်ရင် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ နေအိမ်မှာ ခြင်ကင်းစေမယ့် အိမ်တွင်းနည်းလမ်းများ အိမ်ထဲမှာ ရေစိုအဝတ်လှန်းခြင်းကြောင့်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများ Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties