By Khine Zar, Shweproperty.com
Updated at 29 December 2020
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းအတွက် တင်ဒါအောင်မြင်ခဲ့သော Myanmar Thilawa SEZ Holding Public Co.,Ltd ကုမ္ပဏီမှ ရင်းနှီးဖော်ဆောင်တော့မည်ဖြစ်ကြောင်း သတင်းဖော်ပြမှုများမှ သိရှိရပါတယ်။ယင်း “ကြို့ကုန်း ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း” ပန္နက်တင်မင်္ဂလာကို အဆိုပါ စီမံကိန်းတည်ရှိရာ အင်းစိန်မြို့ နယ်၊ ကြို့ကုန်းအိမ်ရာစခန်း၌ ကျင်းပခဲ့ပြီးဖြစ်သည်။ အဆိုပါ စီမံကိန်းအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ညှိနှိုင်းပေါင်းစပ်မှုတို့ဖြင့် ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း ကို Yangon Metropolitan Development Public Co.,Ltd u Government Agent အဖြစ် စီမံကိန်း Master Plan ရေးဆွဲ၍ တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ကြို့ကုန်း အိမ်ရာစခန်းဧရိယာမှာ မူလက ၁၁ ဒသမ ၂၆၃ ဧကသာ ကျယ်ဝန်းသော်လည်း အင်းစိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံများ ပြည့်စုံသည့်စီမံကိန်းအဖြစ် ဖော်ဆောင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေစက်ဝင်းနှင့် သိုလှောင်ရုံမြေ ဧရိယာ ၆ ဒသမ ၇၈ ဧကကို ထပ်မံလွှဲပြောင်းပေးလိုက်ပါတယ်။ထို့ကြောင့် စုစုပေါင်း စီမံကိန်းဧရိယာ ၁၈ ဧက ခန့်ပေါ်တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ စီမံကိန်း Master Plan အရ ယင်းမြေနေရာတွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည်နေရာချထားပေးမည့် အိမ်ခန်း (၆၃) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံး၊ အိမ်ခန်း (၆၃) ခန်းပါ (၁၁) ထပ်လူနေအဆောက်အအုံ တစ်လုံးနှင့် အိမ်ခန်း (၅၆) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံးတို့ကို စီမံကိန်းပထမအဆင့်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် အခြားလိုအပ်သည့် ခွင့်ပြုမိန့်များ ရရှိသည့်နေ့မှ နှစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ကြို့ကုန်းအိမ်ရာသည် နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိနေပြီဖြစ်သောကြောင့် ကြို့ကုန်းအိမ်ရာအဟောင်းကိုဖြိုချပြီး ဒီဇိုင်းအသစ်နှင့် ပြန်လည် တည်ဆောက်တော့မှာ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းတွင်ပါရှိခဲ့သော ဆောင်းပါဖော်ပြချက်ကောက်နုတ်ချက်များအရ သိရပါတယ်။ ကြို့ကုန်းအိမ်ရာသည် အင်းစိန်လမ်းမနှင့်ဗဟိုလမ်းမဘေးတွင် တည်ရှိပြီး အနောက် ကြို့ကုန်းဧရိယာအတွင်းမှာရှိပြီး အကျယ်အဝန်း ၁၇ ဧကခန့်ရှိကြောင်းသိရပါတယ်။ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သောနှစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပြီး MTSH ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် သီလဝါအထူးစီပွားရေးဇုန်တွင် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ခဲ့ သည့်အတွေ့အကြုံရှိပြီး ဘဏ္ဍာရေးအနေနှင့်လည်း တောင့်တင်းမှုရှိသည့် ကုမ္ပဏီဖြစ်ကြောင်း၊ယခုအိမ်ရာအတွက်ငွေကျပ် ၁၇၈ ဘီလီယံ ခန့် ရင်းနှီးမြှုုပ်နှံပြီး အကောင်အထည်ဖော်မည်ဖြစ်မည်ဖြစ်သည်။ ကြို့ကုန်းအိမ်ရာကို အသစ်ပြန်လည်တည်ဆောက်သည့်အခါ တန်ဖိုးသင့်၊ တန်ဖိုးမျှ အိမ်ရာများ အပြင် ဈေးဝယ်စင်တာများ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊အပန်းဖြေနေရာနှင့်ကျန်းမာရေးစင်တာများပါဝင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ MTSH ကုမ္ပဏီအနေနှင့် တိုင်းဒေသကြီးအစိုးရ၊ ရင်းနှီးမြှုုပ်နှံမှုကော်မရှင်နှင့် စာချုပ်ချုပ်ဆိုပြီးလျှင် လုပ်ငန်းများစတင် ဆောင်ရွက်လို့ရမှာဖြစ်ကြောင်း၊လုပ်ငန်းစတင်သည့်အခါ အငှားအိမ်ရာ အဟောင်းများကို ဖြိုရမှာဖြစ်၍ လက်ရှိနေထိုင်သူများ ဖယ်ပေးရမှာ ဖြစ်ကြောင်း၊ သိရပါတယ်။ အဆောက်အအုံသစ်များ ဆောက်လုပ်ပြီးစီးလျှင် ထိုသူများအား မဲစနစ်နှင့် ပြန်လည်နေရာချထားပေးမှာဖြစ်ကြောင်း၊တည်ဆောက်ရေး ကာလအတွင်း ပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းဒေသကြီး အစိုးရက စိုက်ထုတ်ပေးဖို့ အစီအစဉ်ထားသည်။ ရန်ကုန်မြို့တွင်းတွင် ဦးဝိစာရအိမ်ရာ၊ ဖဆပလအိမ်ရာ၊ ရန်ကင်း ၁၂ လုံးတန်းအိမ်ရာနှင့် ကြို့ကုန်းအိမ်ရာများသည် အစိုးရပိုင် အငှားအိမ်ရာ စီမံကိန်းများဖြစ်ပြီး ၁၉၅၂ ခုနှစ်ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်၍ သက်တမ်းရင့် အိမ်ရာများဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးရ သတင်းများ လေးထောင့်ကန်ကျေးရွာတွင် အကောင်အထည်ဖော်မည့် YANGON AMATA SMART AND ECO CITY ရန်ကုန်ရဲ့အကြီးမားဆုံးသော စီမံကိန်းကြီး ၃ ခု အကြောင်း ရန်ကုန်မြို့က နိုင်ငံပိုင်အဆောက်အအုံတွေက စီးပွားဖြစ်ရဲ့လား လမ်းသစ်အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်း Photo Credit : news-eleven Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties