By Khine Zar, Shweproperty.com
Updated at 5 January 2021
မြန်မာ့မြေပေါ်မှာ စီမံကိန်းမြောက်မြားစွာ ရင်းနှီးမြှုပ်နှံမှုမျိုးစုံ လုပ်ငန်းပေါင်းစုံ နဲ့ ကုမ္ပဏီ အမျိုးမျိုးက လာရောက်စုပြုံရင်းနှီးထားကြပြီဖြစ်ပါတယ်။ ထို့မြှုပ်နှံကနေ ရရှိလာမယ့် အကျိုးအမြတ်ကိုလည်း မျှော်လင့်ထားပြီးလည်း ဖြစ်ပါတယ်။ထိုစီမံကိန်းတွေထဲမှာ ကြို့ကုန်းအိမ်ရာပြန်လည်ဖွ့ံဖြိုးရေးစီမံကိန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) ခန့်သက်တမ်းရှိတဲ့ သက်တမ်းရင့် ကြို့ကုန်းအိမ်ရာအဟောင်းပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်ဖို့ ပန္နက်တင် မင်္ဂလာအခမ်းအနားကို အနောက်ကြို့ကုန်းရိပ်သာ စီမံကိန်းဝန်းအတွင်းမှာ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ စီမံကိန်းကိုတော့ သီလဝါအထူးစီးပွားရေးဇုန်မှာ လည်ပတ်နေတဲ့ မြန်မာသီလဝါအက်(စ)အီးဇက်ဟိုးဒင်းပတ်ပလစ်အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (MTSH) ကတာဝန်ယူဆောက်လုပ်သွားမှာလည်း ဖြစ်ပါတယ်။ကြို့ကုန်းအိမ်ရာစီမံကိန်းဟာ MTSH ရဲ့ အထူးစီးပွားရေးဇုန်ပြင်ပ အိမ်ရာဖော်ထုတ်မှုစီမံကိန်းတစ်ခုဖြစ်ပြီးတော့ MTSH ဟာ ရန်ကုန်စတော့အိတ်ချိန်း (YSX) မှာ ရှယ်ယာတင်ထားတဲ့ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး သူ့မှာ ရှယ်ယာပေါင်း (၁၇၀၀၀) ကျော် ရှိပါတယ်။ စီမံကိန်းအပိုင်း (၁) အနေဖြင့် ကြိုကုန်းရိပ်သာအဟောင်းမှ အိမ်ခန်းပေါင်း (၁၄၅) ခန်းကို ပြန်လည်နေရာချထားပေးဖို့အတွက် အိမ်ရာသစ် အဆောက်အဦ (၃) လုံးနဲ့ ကားပါကင်ကို အချိန် တစ်နှစ်ခွဲအတွင်း အပြီးသတ်တည်ဆောက်သွားမှာဖြစ်ပါတယ်။ မူလနေထိုင်သူတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ အတွင်း အိမ်ရာအသစ်မှာ ပြန်လည်နေရာချထားပေးမှာဖြစ်တယ်လို့ MTSH မှ သတင်းထုတ်ပြန်ထားပါတယ်။ စီမံကိန်း ဒုတိယအဆင့်အနေဖြင့် တန်ဘိုးသင့် အိမ်ရာများကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းဧရိယာထဲတွင် ဆေးရုံ၊ ကျောင်း၊ ဈေးဝယ်စင်တာများနှင့် အများပြည်သူအပန်းဖြေနေရာများ၊ စိမ်းလန်းဧရိယာများနှင့် အဆင့်မြင့်လူနေအိမ်ခန်းများကို အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်သည်။ ကြို့ကုန်း အိမ်ရာစခန်းဧရိယာမှာ မူလက ၁၁ ဒသမ ၂၆၃ ဧကသာ ကျယ်ဝန်းသော်လည်း အင်းစိန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အခြေခံအဆောက်အအုံများ ပြည့်စုံသည့်စီမံကိန်းအဖြစ် ဖော်ဆောင်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် ရေစက်ဝင်းနှင့် သိုလှောင်ရုံမြေ ဧရိယာ ၆ ဒသမ ၇၈ ဧကကို ထပ်မံလွှဲပြောင်းပေးလိုက်ပါတယ်။ထို့ကြောင့် စုစုပေါင်း စီမံကိန်းဧရိယာ ၁၈ ဧက ခန့်ပေါ်တွင် ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်သွားနိုင်မှာလည်း ဖြစ်ပါတယ်။ စီမံကိန်း Master Plan အရ ယင်းမြေနေရာတွင် မူလနေထိုင်သူ ပြည်သူများအား ပြန်လည်နေရာချထားပေးမည့် အိမ်ခန်း (၆၃) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံး၊ အိမ်ခန်း (၆၃) ခန်းပါ (၁၁) ထပ်လူနေအဆောက်အအုံ တစ်လုံးနှင့် အိမ်ခန်း (၅၆) ခန်းပါ (၁၀) ထပ် လူနေအဆောက်အအုံတစ်လုံးတို့ကို စီမံကိန်းပထမအဆင့်အဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်နှင့် အခြားလိုအပ်သည့် ခွင့်ပြုမိန့်များ ရရှိသည့်နေ့မှ နှစ်နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ကြို့ကုန်းအိမ်ရာသည် နှစ်ပေါင်း ၇၀ ခန့် သက်တမ်းရှိနေပြီဖြစ်သောကြောင့် ကြို့ကုန်းအိမ်ရာအဟောင်းကိုဖြိုချပြီး ဒီဇိုင်းအသစ်နှင့် ပြန်လည် တည်ဆောက်တော့မှာ ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းတွင်ပါရှိခဲ့သော ဆောင်းပါဖော်ပြချက်ကောက်နုတ်ချက်များအရ သိရပါတယ်။ ကြို့ကုန်းအိမ်ရာသည် အင်းစိန်လမ်းမနှင့်ဗဟိုလမ်းမဘေးတွင် တည်ရှိပြီး အနောက် ကြို့ကုန်းဧရိယာအတွင်းမှာရှိပြီး အကျယ်အဝန်း ၁၇ ဧကခန့်ရှိကြောင်းသိရပါတယ်။ကြို့ကုန်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပြီးခဲ့သောနှစ် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပြီး MTSH ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့သည်။ အဆိုပါကုမ္ပဏီသည် သီလဝါအထူးစီပွားရေးဇုန်တွင် အကြီးစားမြို့ပြနှင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ခဲ့ သည့်အတွေ့အကြုံရှိပြီး ဘဏ္ဍာရေးအနေနှင့်လည်း တောင့်တင်းမှုရှိသည့် ကုမ္ပဏီဖြစ်ကြောင်း၊ယခုအိမ်ရာအတွက်ငွေကျပ် ၁၇၈ ဘီလီယံ ခန့် ရင်းနှီးမြှုုပ်နှံပြီး အကောင်အထည်ဖော်မည်ဖြစ်မည်ဖြစ်သည်။ အဆောက်အအုံသစ်များ ဆောက်လုပ်ပြီးစီးလျှင် ထိုသူများအား မဲစနစ်နှင့် ပြန်လည်နေရာချထားပေးမှာဖြစ်ကြောင်း၊တည်ဆောက်ရေး ကာလအတွင်း ပြောင်းရွှေ့နေထိုင်စရိတ်ကို တိုင်းဒေသကြီး အစိုးရက စိုက်ထုတ်ပေးဖို့ အစီအစဉ်ထားသည်။ နောက်ဆုံးရ သတင်းများ ရန်ကုန်ဘူတာကြီး စီမံကိန်းမှာ စီးပွားဖြစ်ဟိုတယ်၊ ပန်းခြံ၊ ရထားပြတိုက် တို့ပါဝင်မယ် ကိုဗစ်ကာလအတွင်း ဘဏ်ချေးငွေဖြင့်ရောင်းဝယ်ရသော အိမ်ခန်းများ အရောင်းအဝယ်သွက် အလုပ်အကိုင် ၄၅၀၀နီးပါး အလုပ်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၅ ခု ကို MICခွင့်ပြု မန္တလေးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဝန်ထမ်း လေးဦးလျှင် တစ်ဦးနှုန်း အိမ်ခန်းနေရာများ စီစဉ်ပေးနိုင်ခဲ့ Photo Credit : tharaye Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties