By Pyi Myanmar, Shweproperty.com
Updated at 29 January 2019
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ဗဟိုလမ်းမကြီးဘေးတွင် တည် ရှိသော ကြို့ကုန်းအိမ်ရာအား အဆင့်မြှင့်တင်ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံံဖြိုး ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက်ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းမာစတာပလန်နှင့် အဆောက်အအုံဗိသုကာဒီဇိုင်းများအား ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရ သည်။ " ရန်ကုန်မြို့မှာ တစ်ခုကောင်းတာက အိမ်ရာစီမံကိန်းအကုန်လုံးက မီးရထားလမ်းနဲ့ မနီးမဝေးမှာ ရှိတယ်။အဲ့အခါကျတော့ Transit oriental Development TOD မီးရထားလမ်းအဆင့်မြှင့်တင်ရေးနဲ့ မီးရထားဘူတာရုံကို Redevelopment Commercial နဲ့တွဲတဲ့စနစ်၊ အိမ်ရာစခန်းနဲ့ တွဲတဲ့စနစ်ကို လုပ်ဖို့ရှိတယ်။ ကြို့ကုန်းဘူတာနားနဲ့ စပြီးလုပ်ဖို့ရှိတယ် " ဟု ပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပတ်သက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကြို့ကုန်းအိမ်ရာ ပြန်လည်အဆင့်မြှင့်တင်ရေးစီမံကိန်းအား စိတ်ပါဝင်စားသည့်ကုမ္ပဏီများအနေဖြင့် လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ယခုလ၂၈ရက်တွင် စတင်ထုတ်ယူနိုင်ပြီး ပုံစံ၊ဒီဇိုင်းများကို Yangon Metropolitan Development Public Co.,Ltd သို့ မတ်လ ၁၉ရက်နောက်ဆုံးထား ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
Ref : Pyi Myanmar
Photo Credit : Social Meida
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties