By The Kumudra, Shweproperty.com
Updated at 29 March 2016
ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ ဟောင်းအင်းဂရီလာ ရဲ့ စီမံကိန်းအပိုင်း(၂)ကို လာမယ့် ၂၀၁၈ အတွင်း အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။
စီမံကိန်းအပိုင်း(၂)မှာ စီးပွားရေးလုပ်ငန်းရှင်တွေ ငှားရမ်းနိုင်တဲ့နေရာတွေ ၊ ရုပ်ရှင်ရုံ ၊ ရှော့ပင်းမောလ် ၊ ဖျော်ဖြေရေးစင်တာ ၊ အခန်းပေါင်း ၃၆၀ ပါဝင်တဲ့ လူနေတာဝါ နှစ်လုံး ၊ အခန်းပေါင်း ၆၇၄ ခန်းပါဝင်တဲ့ လူနေတာဝါ သုံးလုံးတို့ ဆောက်လုပ်မှာဖြစ်ပါတယ်။ ဟောင်အင်းဂရီလာဂရု(ပ်) အနေနဲ့ မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ သန်း၄၄၀ လာရောက်ရင်းနှီးမြှုပ်နှံနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာပလာဇာနဲ့ လူနေအိပ်ခန်းတွေကို စတင်ငှားရမ်းအသုံးပြုခွင့်ပေးထားပြီးဖြစ်ပါတယ်။
စီမံကိန်းအားလုံးကို ကမ္ဘာအေးဘုရားလမ်း လမ်းနီမှတ်တိုင်အနီးမှာ ဆောက်လုပ်နေတာဖြစ်ပါတယ်။ စီမံကိန်းတွေကို အပိုင်းလိုက် ခွဲခြားဆောင် ရွက်နေတာပါ။ ၁၀၀ ရာခိုင်နှုန်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စတော့ခ်ဈေးကွက်မှာ ရှယ်ယာတွေပါဝင်လုပ်ကိုင်ဖို့ရှိတယ်လို့ သိရပါတယ်။
ဗီယက်နမ်အနေနဲ့ မြန်မာပြည်တွင်း တစ်ခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဆောင်ရွက်တာတွေရှိပေမဲ့ ဟောင်အင်းဂရီလာ အနေနဲ့ကတော့ လက်ရှိအကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေပြီးမှသာ တခြားပြည်နယ်နဲ့တိုင်းမှာ စီမံကိန်းတွေ ဆက်လက်လုပ်ဆောင်ဖို့စဉ်းစားမယ်လို့ သိရပါတယ်။
စီမံကိန်းအပိုင်း(၁)မှာတော့ မြန်မာစင်တာတာဝါ ၊ မြန်မာပလာဇာနဲ့ ကြယ်ငါးပွင့်ဟိုတယ်တွေပါဝင်ပါတယ်။ ဒါတွေအားလုံးကို အဆင့်မြင့် နည်းပညာနဲ့ လုံခြုံရေးစနစ်တွေထည့်သွင်းဆောက်လုပ်ထားတယ်လို့ ဟောင်အင်းဂရီလာဂရု(ပ်)ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
Ref : The Kumudra
Photo Credit : cafef
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties