By Myanmar Times, Shweproperty.com
Updated at 30 June 2016
ဟောင်အင်းဂရီလာကုမ္ပဏီ၏ HAGL Myanmarစီမံကိန်း ဒုတိယပိုင်းတွင် ပါဝင်သော Lake Suites လူနေအဆောက်အအုံတာဝါ သုံးခုမြောက် ကို ပြီးခဲ့သည့် ဇွန် ၂၅ ရက်က မိတ်ဆက်ပြီး အခန်းများကိုလည်း စတင်ငှားရမ်းနေပြီဖြစ်ကြောင်း ကုမ္ပဏီက သတင်း ထုတ်ပြန်လိုက်သည်။
ယင်းမှာ ဗီယက်နမ်နိုင်ငံ၏ မြန်မာနိုင်ငံ တွင်း ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ၎င်း၏ ဒုတိယမြောက် စီမံကိန်းအတွက် တည်ဆောက်ရေး လုပ်ငန်းများကို ပြီးခဲ့သည့် မတ်လတွင် စတင်ခဲ့သည်။ စီမံကိန်းတွင် ရုံးခန်းအဆောက်အအုံနှစ်လုံး၊Lake Suites လူနေအဆောက် အအုံသုံးလုံးနှင့် ဝန်ဆောင် မှုပါတိုက်ခန်း (Serviced Apartment) နှစ်လုံး တို့ပါဝင်သည်။ Lake Suites လူနေ အဆောက်အအုံ ပထမတာဝါနှင့် ဒုတိယတာဝါများကို မိတ် ဆက်ရောင်းချခဲ့ရာ ပထမတာဝါသည် ရာနှုန်းပြည့်အခန်းများကို နှစ်ရှည်ငှားရမ်း မှုအတွက် ရောင်းချပြီးဖြစ်သည်။
ဒုတိယ တာဝါမှာမူ ၅၀ ရာခိုင်နှုန်းခန့် ရောင်းချ ထားပြီးဖြစ်သည့်အတွက် ဈေးကွက်လိုအပ် ချက်အရ ယခုတတိယမြောက်တာဝါကို ဈေးကွက်အတွင်းသို့ မိတ်ဆက် ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း HAGL Gropu ဈေးကွက် နှင့် အရောင်းဌာနဒါရိုက်တာ Le Thi Kim Hoa က ပြောသည်။ "Lake Suites ရဲ့ပထမတာဝါက အားလုံး ရောင်းပြီးသွားပါပြီ။ ဒါပေမဲ့ ကျွန်မတို့စီမံ ကိန်းက ရေရှည်ဆောင်ရွက်တဲ့ BOT စီမံကိန်း ဖြစ်လို့ နှစ်ရှည်အငှားပုံစံမျိုးနဲ့ပဲ ရောင်းပါတယ်"ဟု ၎င်းက ပြောသည်။ ၎င်းတို့၏လူနေတိုက်ခန်းများကို ရောင်း ချမှုတွင် နှစ် ၇၀ နှစ်ရှည်အငှားဖြင့် ရောင်းချ လျက်ရှိပြီး ကွန်ဒိုမီနီယံဥပဒေ အတိအကျ မထွက်ပေါ်သေး သည့်အတွက် နိုင်ငံခြား ဝယ်ယူမှုကိုမူ ရောင်းချခြင်း မရှိသေးပေ။ "အခုလက်ရှိမှာ ပြည်တွင်းဝယ်ယူသူက ပိုများတယ်။ နိုင်ငံခြားသား တော်တော် များများလည်း ကျွန်မတို့ အခန်းတွေကို ဝယ်ဖို့ စိတ်ဝင်စားပြီး မေးတာတွေရှိပါတယ်။ ဒါပေမဲ့ လက်ရှိဥပဒေက နိုင်ငံခြားသားတွေ ဝယ်ယူ ခွင့်ရှိမရှိဆိုတာ အတိအကျ မသိရသေးတဲ့ အတွက် နောက်ပိုင်းထွက်လာမယ့်ဥပဒေ ပေါ်မူတည်ပြီးတော့သာ နိုင်ငံခြားသားတွေ ကို ရောင်းချသွားပါမယ်"ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
Lake Suites လူနေအဆောက်အအုံတာဝါများကို စတင်ဆောက်လုပ်နေပြီဖြစ်ရာ ပထမတာဝါမှာ ၂၀၁၇ ဒီဇင်ဘာတွင် ပြီးစီးမည်ဖြစ် သည်။ ဒုတိယနှင့် တတိယ တာဝါများကိုလည်း ၂၀၁၈ ခုနှစ်တွင် အပြီးသတ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ Lake Suites လူနေအဆောက်အအုံတတိယမြောက် တာဝါတွင် အခန်းပေါင်း ၂၃၆ ခန်းပါဝင်ပြီး အထပ် ၃၀ ရှိသည်။ ဟောင်အင်းဂရီလာ ကုမ္ပဏီ အုပ်စုသည် အဆိုပါ HAGL Myanmar စီမံကိန်း ဆောက်လုပ်မှုအတွက် ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနထံမှ နှစ် ၇၀ စာချုပ် ဖြင့် မြေငှားရမ်းခဲ့ကာ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။
Ref & Photo Credit : Myanmar Times
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties