By Myanmar Times, Shweproperty.com
Updated at 28 May 2015
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်ချက် အကြီးမားဆုံးဖြစ်နေသည့် ရုံးခန်းနေရာအဖြစ် အသုံးပြုနိုင်မည့် ၂၇ ထပ်ရှိ အထပ်မြင့် အဆောက်အအုံတစ်ခုကို အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်းမင်းဓမ္မကုမ္ပဏီ ဒါရိုက်တာ ဦးတင်မောင်ထွန်းက ပြောသည်။
ထိုအဆောက်အအုံကို ရန်ကုန်မြို့၊ လှည်းတန်း ခုံးကျော်တံတားအဆင်း၊ အာရှ စိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်အနီးတွင် ဆောက် လုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး သော စတီးပေါင်သုံး အထပ်မြင့်အဆောက် အအုံ ဖြစ်လာမည်ဟုလည်း မေလ ၂၂ ရက်က မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်း MCEA တွင် ကျင်းပသော ဆောက်လုပ်ရေးပြပွဲကျင်းပရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းကပြောသည်။ "ဒီအဆောက်အအုံရဲ့ ထူးခြားချက်က စတီးပေါင်နဲ့ အသုံးပြုတည်ဆောက်မယ့် မြန်မာနိုင်ငံရဲ့ ပထမဆုံးအထပ်မြင့်အဆောက် အအုံပါ။ တည်ဆောက်မှု ကုန်ကျစရိတ်ကို ဒေါ်လာသန်း ၅၀ ကျော် လောက်ရှိနိုင်မယ်လို့ မှန်းထားတယ်။ အဓိကကတော့ Office Tower အဖြစ် ရောင်းချသွားဖို့ပါ" ဦးတင်မောင်ထွန်းက ပြောသည်။
ပြည်တွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လုပ်ကိုင်ရာတွင် အများစုတွေ့ကြုံ ရသည့်အခက်အခဲမှာ ကုမ္ပဏီရုံးခန်းနေရာဖြစ်သည်။ ထို့အတူ ရုံးခန်းနေရာ ငှားရမ်းမှု အတွက် ဈေးနှုန်းကြီးမြှင့်ခြင်းကလည်း အခက် အခဲဖြစ်စေသည်ဟု ပြည်တွင်းအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ ထိုအတွက် ၎င်းအဆောက်အအုံသည် ရုံးခန်းနေရာလိုအပ်ချက်ကို ဝင်ရောက်ကူညီ နိုင်မည်ဖြစ်သည်ဟု ဦးတင်မောင်ထွန်းက ပြောသည်။ တာဝါအုတ်မြစ်ချ တည်ဆောက်မှုကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးဆောင်ရွက် မည်ဖြစ်ရာ စီမံကိန်းပြီးစီးရန် နှစ်နှစ်ခွဲခန့် ကြာမြင့်မည်ဟု သတ်မှတ်ထားကြောင်း ၎င်းကပြောသည်။
"အခုတောင် ဆောက်လုပ်ရေးက စနေပါပြီ။ ဒီနှစ်ကုန်မှာ ဖောင်ဒေးရှင်းအပိုင်းကို အပြီးလုပ်သွားမယ်။ မကြာခင်မှာလည်း ရုံးခန်း ရောင်းချမှုအပိုင်းကို ကြေညာသွားမှာပါ။ ရုံးခန်းနေရာ အတွက်ကို အဓိကထားတာပါ။ အောက်ပိုင်းအထပ်တွေမှာတော့ ဒိုးနတ်လို အစားအစာရောင်းတဲ့ဆိုင်တွေ ရှိလာမှာပါ"ဟု ဦးတင်မောင်ထွန်းက ပြောသည်။ ၎င်းအဆောက်အအုံသည် မြေပြင်နှင့် အထက် အထပ်မြင့် ၂၄ ထပ်ရှိမည်ဖြစ်ပြီး မြေအောက်တွင် သုံးထပ်ပါဝင်မည်ဖြစ်ကြောင်း လည်း ဦးတင်မောင်ထွန်းက ပြောသည်။ မြန်မာနိုင်ငံတွင် စတီးပေါင် နည်းပညာ ကို အမြင့်ဆုံး ၁၀ ထပ်ရှိ အဆောက်အအုံများ တွင်သာ အသုံးပြုတည်ဆောက်ခဲ့ပြီး ၁၀ ထပ် နှင့် အထက် အထပ်မြင့်အဆောက်အအုံများ ကို RC အဆောက်အအုံအဖြစ်သာ တည် ဆောက်နေကြခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ယခု အဆောက်အအုံသည် မြန်မာ့ဆောက်လုပ် ရေးလောက၏ နည်းပညာကို အဆင့်မြှင့်နိုင် မည့် ခြေလှမ်းအစဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးတင်အောင်မြင့်က ပြောသည်။ "ဒီလိုတည်ဆောက် လာနိုင်တာကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ လုပ်ငန်းအဆောက်အအုံ တည်ဆောက်တဲ့နေရာမှာ ပြည်ပကနေ ဆောက်လုပ်ရေးပစ္စည်း အများကြီး တင်သွင်းလာစရာမလိုတော့ဘဲ ပြည်တွင်းကုမ္ပဏီနဲ့ ပူးပေါင်းလုပ်နိုင်လာမှာ ပါ။ ဒီလို ဆောက်လုပ်ရေး နည်းပညာဖွံ့ဖြိုး လာဖို့အတွက် ပြပွဲတွေက အထောက်အကူအများကြီးဖြစ်ပါတယ်"ဟု ဦးတင်အောင်မြင့် က ပြောသည်။ လက်ရှိ မြန်မာနိုင်ငံ၏အိမ်ခြံမြေဈေးကွက် မှာ အရောင်းအဝယ် အေးနေသော်လည်း ပြည်တွင်း စီးပွားရေးလုပ်ငန်းများအနက် အခွင့်အလမ်းကောင်းများရှိနေသည့် ကဏ္ဍတစ်ခု ဖြစ်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာခြင်းဖြစ်သည်ဟု MCEA ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအေးလင်းက ပြောသည်။
"ဈေးကွက်ကတော့ ဝယ်လိုအားနဲ့ ရောင်းလိုအား ချိန်ပြီးဖြစ်နေတော့ အေးနေတာပါ။ ဝယ်လိုအားမရှိတဲ့ နေရာတွေမှာ စုပြုံပြီး ဆောက်ရင်တော့ အေးနေမှာပါ။ ဒါပေမဲ့ သီလဝါလို အထူးစီးပွားရေးဇုန် တွေရှိလာတဲ့အတွက်ဆောက်လုပ်ရေးကဏ္ဍက ပိုပြီးအားကောင်းလာမှာပါ။ နည်းပညာအဆင့်မြှင့်တင် ဖို့လည်း လုပ်သွားရမှာပါ" ဟု ဦးအေးလင်းက ပြောသည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ ဆောက်လုပ်ရေး ကဏ္ဍအတွင်း နိုင်ငံသားများရင်းနှီးမြှုပ်နှံမှု မှာ ၁၉၈၈ ခုနှစ်မှ ၂၀၁၄၁၅ ဘဏ္ဍာနှစ် နှစ်ဝက်အထိ လုပ်ငန်းပေါင်း ၆၁ ခုတွင်ကျပ် ငွေ ၇၅၆ ဘီလျံကျော် ဝင်ရောက်မြှုပ်နှံထား ပြီး ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တွင် လုပ်ငန်းနှစ်ခုကကန်ဒေါ်လာ ၃၇ သန်း ကျော် ဝင်ရောက်မြှုပ်နှံထားကြောင်းလည်း ဖော်ပြထားသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties