By Sint Sint, Shweproperty.com
Updated at 21 January 2021
လှေကားနဲ့ လက်ရန်းနေရာများသည် အိမ်တစ်အိမ်တွင် အန္တရာယ်များဆုံးနဲ့ အလှဆင်ဖို့ အကောင်းဆုံးနေရာဆိုလည်း မမှားနိုင်ပါဘူး။အိမ်ခန်း အတွင်းအပြင်အဆင် ပြန်လည်မွမ်းမံရာတွင် လှေကားထစ်များသည်လည်း ထည့်စဉ်းစားသင့်သည့်နေရာတစ်ခုပင် ဖြစ်ပါသည်။ သင့်ရဲ့ အိမ်ခန်းကို အသစ်တဖန် သစ်လွင်ခံစားစေနိုင်မယ့် အလှဆင်နည်းများကို လေ့လာကြည့်လိုက်ရအောင်နော်။ ၁။ အိမ်သုတ်ဆေးအရောင် လှေကားထစ်နံရံအရောင်ရွေးချယ်ရာတွင် အိမ်ရှေ့ဝင်ပေါက်တွင် သုံးထားသော ဆေးရောင်နှင့်လိုက်ဖက်မည့် ကာလာကိုရွေးချယ်သုံးသင့်ပါသည်။ အကယ်၍ နံရံကပ်အလှ Wallpaper များ သုံးရတာ ကြိုက်နှစ်သက်သူဆိုရင်လည်း အိမ်ရှေ့ဧည့်ခန်းမျက်နှာစာနှင့် ကိုက်ညီသည့် Wallpaperမျိုး ရွေးချယ်ကပ်သင့်ပါသည်။ ၂။ အလှဓာတ်ပုံများချိတ်ဆွဲခြင်း ကော်ဖီဆိုင်ခန်းများတွင်လည်း လှေကားအတက်အဆင်း အနီးတစ်ဝိုက်တွင် ဓာတ်ပုံဘောင်များ ချိတ်ဆွဲအလှဆင်လာကြတာကို တွေ့ရမှာပါ။ သို့ပေမယ့် မိမိအိမ်နေရာအကျယ်အဝန်းပေါ်မူတည်ပြီး မိသားစု ဓာတ်ပုံဖြစ်ဖြစ်၊ ပန်းချီကားဖြစ်စေ ချင့်ချိန်ကာ ချိတ်ဆွဲသင့်ပါသည်။ အကယ်၍ အိမ်ကကျဉ်းမြောင်းတယ်ဆိုရင်တော့ ဓာတ်ပုံဘောင်များ ပြည့်နှံ့နေအောင် ချိတ်ဆွဲခြင်းထက် လှေကားလက်ရန်း၊ လှေကားထစ်များကို ဆေးသုတ်ခြင်းက ပိုလိုက်ဖက်စေမှာပါ။ ၃။ အသစ်လဲလှယ်ခြင်းထက် Recycle ပြန်လုပ်ပါ Recycle လုပ်ခြင်းဖြင့် ကုန်ကျမှုစရိတ်ကို လျှော့ချပေးနိုင်ရုံသာမက အသုံးမလိုတဲ့ ပစ္စည်းများကိုလည်း ပြန်လည်ထိန်းသိမ်းဖြစ်ရာ ဖြစ်ပါတယ်။ ဉပမာ ဆေးပြန်သုတ်ပေးတာမျိုး၊ အရောင်ပြန်တင်ပေးတာမျိုး၊ ကော်ဇောခင်းတာဆိုရင်လည်း လျှော်ဖွတ်လဲပေးတာမျိုးတွေပြုလုပ်ပြီး အလွယ်တကူ ဖန်တီး ပြောင်းလဲယူနိုင်ပါတယ်။ ၄။ စိတ်ကြိုက်ဖန်တီးယူပါ သမားရိုးကျ နည်းလမ်းတွေမှ ခွဲထွက်ပြီး လက်ရန်းတွေကို မိမိစိတ်တိုင်းကျ မွမ်းမံအလှဆင်တာမျိုး၊ အလှမီးသီးများတပ်ဆင်ခြင်း၊ သစ်သားလက်ရန်းအစားထိုးပြုပြင်ခြင်းများနဲ့ လှေကားအတက်အဆင်း နံရံတစ်ဖက်တွင် အလှအိုးများ၊ တွဲလျောင်းအပင်များ ချိတ်ဆွဲထားနိုင်ခြင်းတို့လည်း ပြုလုပ်ကာ စိတ်ကူးထဲကအတိုင်း ဖန်တီးယူကြည့်ဖို့ အကြံပြုချင်ပါတယ်။ မိမိရဲ့ အိမ်တွင်း အလှဆင်ခြင်း အနုပညာအမြင် ကွန့်မြူးမှုပမာဏကိုပါ သိနိုင်ပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ရလဒ်ကြောင့် ကြည်နူးမိစေမှာ အမှန်ပင်။ ၅။ အလင်းရောင် ကောင်းကောင်းရပါစေ ဒီနေရာတွင်လည်း ဖုန်းရွှေရဲ့ နည်းလမ်းကို ပစ်ပယ်၍မရပေ။ လှေကားထစ်များသည် အိမ်အပြင်တံခါးပေါက်သို့ တိုက်ရိုက်ဦးတည်သွားပါ အလင်းရောင် ကောင်းကောင်းရဖို့ လိုအပ်ပါသည်။ အိမ်ထဲသို့ ကောင်းမွန်သော ချီစွမ်းအင်များ လှေကားမှတစ်ဆင့်ဝင်ရောက်လာနိုင်သည်ဟု မှတ်ယူပုံရသည်။ အကယ်၍ အလင်းရောင်ကောင်းကောင်းမရပါက အလှမီးဆိုင်းများ၊ မီးသီးများချိတ်ဆွဲထားနိုင်ပါတယ်။ လှေကားထစ်အောက်ခြေနဲ့ အပေါ်ထပ်တွင် မီးအိမ်ထားခြင်းရဲ့ အဓိပ္ပာယ်ကတော့ “ပျော်စရာအိမ်လေးမှ ကြိုဆိုပါ၏” ဟူ၍ ဖြစ်ပါသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ ခမ်းနား ထည်ဝါလှပသော SPIRAL STAIR ၊ ကြောင်လှိမ်လှေခါး နှင့် CIRCULAR STAIR တွက်နည်း အိမ်ဆောက်ရင် ဘေးအန္တရယ်ကင်းအောင် လှေကားထစ် ဘယ်နှထစ်ထားရမလဲ သင့်ဇာတာမှာ ဘယ်လိုအိမ်မျိုးနဲ့နေရမလဲ ဗေဒင်ကျမ်းအရ အိမ်ဆောက်ရက် ၊အိမ်ဆောက်လ ရွေးနည်း Written by : Aye Sandar (ShweProperty.com) Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties