By Kyaymon, Shweproperty.com
Updated at 31 January 2015
ပို့ဆောင်ရေး ဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ် တည်ဆောက်ရေး လုပ်ငန်းအတွက် လုပ်ငန်းအကောင် အထည်ဖော်ရေး ကြီးကြပ်မှု ကော်မတီနှင့် တင်ဒါအောင်မြင် သော JGC- YONGNAM- CAPE Consortium အဖွဲ့တို့ အကြား ပထမ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီ တွင် ရန်ကုန်မြို့ လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးဇင်ယော် ဦးဆောင်၍ စီမံကိန်းအကောင် အထည်ဖော်မည့် လုပ်ငန်းစဉ်များအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ၎င်းတို့၏ ConsortiumShare ဖွဲ့စည်းမှု၊ လေကြောင်းဖြင့်သွားလာမည့် ခရီးသည်အရေအတွက် Demand Focus တွက်ချက်မှု၊ ခန့်မှန်းကုန်ကျစရိတ် တွက်ချက်မှု၊ စီမံကိန်းဆောင်ရွက်မည့် အစီအစဉ် နှင့် အချိန်ပြဇယားများအား ရှင်းလင်း တင်ပြပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာကြသော လုပ်ငန်းကြီးကြပ်မှု ကော်မတီများမှ လုပ်ငန်းကဏ္ဍ အလိုက် အသီးသီးဆွေးနွေးခဲ့ ကြကာ နေ့လယ်ပိုင်းတွင် အစည်း အဝေးကို အောင်မြင်စွာရုပ်သိမ်း လိုက်သည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းသည် ရန်ကုန်မြို့မှ ၈၀ ကီလိုမီတာအကွာအဝေးတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး ကျောက်တိုင်ကန်ကျေးရွာအနီးရှိ မြေဧက ၉၆၉၀ ပေါ်တွင် ပထမ အဆင့်အနေဖြင့် တစ်နှစ်လျှင် ခရီးသည် ၁၂ သန်း ဝင်/ထွက်သွား လာနိုင်သော အဆောက်အအုံ၊ Air Bus (A 380) လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ပြေး လမ်း၊ ပျံသန်းမှုဆိုင်ရာအထောက် အကူပြု ခေတ်မီစက်ကိရိယာနှင့် ခေတ်မီဆက်သွယ်ရေးပစ္စည်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ် ပြီး စီမံကိန်းပထမအဆင့် ခန့်မှန်း တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
Ref : ကြေးမှုံ
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties