By Messenger, Shweproperty.com
Updated at 18 September 2015
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆောက်လုပ်ရန် အတွက် ဂျပန်နိုင်ငံ အခြေစိုက် JICA အဖွဲ့အစည်းမှ ဟံသာဝတီ မြေနေရာအား လုပ်ဆောင်ရန် သင့်မသင့် စစ်တမ်း ကောက်ယူနေရာ လေဆိပ် ဆောက်လုပ်ရန် ၎င်းစစ်တမ်းပေါ်တွင် မူတည်နေကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီဌာန ညွှန်ကြားရေးမှူးချုပ် (ပူးတွဲ) ဦးမင်းလွင်က ပြောသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဆောက်လုပ်ရန် အတွက် ၂၀၁၂ ခုနှစ် ကပင်တင်ဒါ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် လေဆိပ် ဆောက်လုပ်ရန် ငွေကြေးပမာဏ မတတ်နိုင်သဖြင့် နှောင့်နှေးနေရခြင်း ဖြစ်ပြီး စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် Oda ရယူဖို့ အစိုးရထံ တင်ပြထားကာ တင်ဒါပြန်လည် ခေါ်ယူပြီး ကုမ္ပဏီ ပြန်လည် ရွေးချယ်ခဲ့သည့်အတွက် ၂၀၁၈ခုနှစ်တွင် စီမံကိန်း စတင် အကောင်အထည်ဖော်ရန် သတ်မှတ်ထားသော်လည်း ၂၀၂၀ခုနှစ် နောက်ဆုံးထား လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
“ဂျပန် JICA ဘက်ကလည်း အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ဖို့အတွက် ပြည့်စုံမှုရှိလား၊ မရှိလားဆိုတာကို Fisibal Study လုပ်နေတယ်။ သူ့ရဲ့ လုပ်ထုံးလုပ်နည်းအရ လုပ်ရင်တော့ တစ်လ၊ နှစ်လနဲ့ မပြီးဘူး။ ၂၀၁၆မှာ ထွက်မယ်။ ဟံသာဝတီမှာ လုပ်လို့ သင့်မသင့်ဆိုတာ Yes or No ထွက်မယ်။ မသင့်ဘူးဆိုရင် သူတို့ပြောတဲ့ ဒီနေရာဟာ လုပ်ရန် မသင့်ဘူး ဆိုရင်တော့ ရပ်သွားမှာပေါ့”ဟု ၎င်းက ပြောသည်။
အဆိုပါ လေဆိပ်နှင့် ပတ်သက်၍ ယခုလကုန်၌ တင်ဒါအောင်သည့် ကုမ္ပဏီ လက်မှတ်ရေးထိုးရန်ရှိပြီး လေဆိပ်နှင့် ပတ်သက်၍ Public Announcement (လူထု အသိပေးခြင်း) များ လုပ်ဆောင်ရန်ရှိကြောင်း၊ ၎င်းလေဆိပ်အား ၂၀၁၈ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် လျာထားသော်လည်း ကုမ္ပဏီများ အနေဖြင့် ငွေကြေးကဏ္ဍ အဆင်မပြေမှုများကြောင့် ကြန့်ကြာနေရာ ၂၀၂၀ ခုနှစ်တွင် နောက်ဆုံးထား ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း (၆၉)ကွင်းရှိပြီး လက်ရှိ ပြေးဆွဲလျက်ရှိသည့် လေယာဉ်ကွင်းမှာ (၃၃)ကွင်း ရှိသည်။ ၎င်း(၃၃)ကွင်းတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် သုံးကွင်းရှိရာ ရန်ကုန်- အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ယခင်က အကောင်းဆုံး လေဆိပ်ဖြစ်ခဲ့ပြီး Parking Area ရှားပါးခြင်း၊ မြေနေရာ အခက်အခဲများကြောင့် ဟံသာဝတီ လေဆိပ်အား ထပ်မံ တည်ဆောက်ရခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties