By emg, Shweproperty.com
Updated at 10 March 2013
ဟံသာဝတီယာဉ်ရောင်းဝယ် ရေးစခန်းအား ကြည့်မြင်တိုင်မြို့ နယ်ရှိ သီရိမင်္ဂလာဈေး ဟောင်းသို့ ပြောင်းရွှေ့ရန်စီစဉ်ပြီးနောက်ပိုင်း ဈေးရှေ့တိုက်ခန်းများတစ်ပတ်အ တွင်းဈေးအဆမတန်မြင့်တက်သွား ကြောင်းအိမ်ခြံမြေအကျိုးဆောင်များ ၏ပြောပြချက်အရသိရသည်။
အဆိုပါဈေးမှာ ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလအတွင်း လှိုင်မြို့နယ်ရှိ ပိတောက်ချောင်းအနီးသို့ ပြောင်းရွှေ့ ခဲ့ပြီး ယင်းဈေးရှိဆိုင်ခန်း၊ တိုက်ခန်း များမှာ ရောင်းသူ၊ ဝယ်သူမရှိဘဲ အရောင်းအဝယ် အေးနေခဲ့သည်။
''ဈေးရှိဆိုင်ခန်းတွေက နေ့ချင်း ရက်ချင်းတက်သွားတယ်။ ကားဝယ် ရောင်းစခန်းပြောင်းလာပြီးကတည်း ကဝယ်မယ့်၊ ငှားမယ့်သူတွေအများ ကြီးရှိတယ်။ ရောင်းမယ့်ငှားမယ့်လူ မရှိဘူး''ဟုအိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောသည်။
အဆိုပါသီရိမင်္ဂလာဈေးအား မပြောင်းရွှေ့ခင် ဈေးရှေ့ဆိုင်ခန်း တိုက်ခန်းများ၏ ဈေးနှုန်းမှာ ၁၂ ပေxပေ ၆ဝ မြေညီထပ်တစ်ခန်း လျှင် ဝယ်ရောင်းဈေးမှာ ကျပ်သိန်း ၁၂ဝဝ မှ ၁၅ဝဝ ကြားရှိခဲ့ပြီး အငှား နှုန်းမှာ တစ်လလျှင် ကျပ် ငါးသိန်း နှင့်အထက် တစ်နှစ် အပြတ်စာချုပ် ချုပ်ဆိုကြရကြောင်း၊ ပထမထပ်တစ် ခန်းလျှင် ငှားခ ကျပ်လေးသိန်းနှင့် ငါးသိန်းအကြား အပျောက်ငှားစနစ် များရှိခဲ့ကြောင်း သိရသည်။
ယခုလက်ရှိ ဈေးအနီးတစ် ဝိုက်ရှိ ဆိုင်ခန်းတိုက်ခန်းဈေးမှာ ၁၂ပေx ပေ၆ဝ မြေညီထပ် တစ် ခန်းလျှင် ကျပ်သိန်း ၂ဝဝဝ-၂၅ဝဝ ကြားရှိပြီး အငှားဈေးမှာ တစ်နှစ် စာချုပ် တစ်လ ကျပ်ရှစ်သိန်းဈေး ရှိနေကြောင်း သိရသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties