By Sint Sint, Shweproperty.com
Updated at 15 October 2020
ဟံသာဝတီလေဆိပ် စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲ ဆောင်ရွက်မည်ဟု အောက်တို ဘာ ၁၂ရက်ကပြုလုပ်သည့် စီမံ ကိန်း၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် အကျိုးသက် ရောက်မှုဆန်းစစ်ခြင်းအား အ များပြည်သူသို့ရှင်းလင်းသည့် အခမ်းအနားတွင်ထုတ်ပြန်သည်။
ထိုစီမံကိန်းကို ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီ (JICA)နှင့် လေ ကြောင်း ပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနတို့ ပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ပြီး စီမံကိန်း ပထမအဆင့်သည် ၂၀၂၇ တွင် ပြီးစီးမည်ဖြစ်ကာ တစ်နှစ်လျှင် ခရီးသည် ရှစ်သန်းကိုင်တွယ်နိုင်မည်ဟုဆိုသည်။
ဒုတိယအဆင့်သည် ၂၀၃၇ တွင် ပြီးစီးမည်ဖြစ်ပြီး တစ်နှစ် လျှင် ခရီးသည် ၁၅သန်းနှင့် တတိယအဆင့်သည် ၂၀၄၈ တွင် ပြီးစီးပြီး ခရီးသည် သန်း ၃၀ ကိုင် တွယ်နိုင်မည်ဖြစ်ကြောင်း အွန် လိုင်းမှပြုလုပ်သည့် အများပြည် သူသို့ရှင်းလင်းသည့် အခမ်းအနားတွင်ထုတ်ပြန်သည်။
‘‘ပထမအဆင့်ကို ၂၀၂၇ မှာ ပြီးစီးအောင် ရည်မှန်းထားပါတယ်၊ မတိုင်ခင် လေဆိပ်ဖွင့်တာ မျိုးလည်းရှိပါတယ်။ ခရီးသည်သုံး သန်း၊ လေးသန်းလောက်နဲ့စတာ မျိုးလည်းဖြစ်နိုင်ပါတယ်’’ဟု စီမံ ကိန်းအတွက် အတိုင်ပင်ခံကုမ္ပဏီ Oriental Consultant Global ကုမ္ပဏီမှတာဝန်ရှိသူ ဦးဘိုဘို ဟန်ကပြောသည်။
ထိုအချက်အလက်များသည် JICA က ထုတ်ပြန်ထား သော စာရင်းများဖြစ်သည်ဟု ထုတ်ပြန်သည်။
လက်ရှိတွင် စီမံကိန်းပထမ အဆင့်ကို မြေဧက ၁,၈၀၀ တွင် စတင်မည်ဖြစ်ပြီး သဘာဝပတ် ဝန်းကျင်နှင့် လူမှုဘဝထိခိုက်နစ် နာမှုများအတွက် အစီရင်ခံစာ ကောက်ယူမှုများကို လာမည့်ဒီဇင် ဘာတွင် အစိုးရထံတင်ပြမည်ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူးဦးဇော်မင်းကပြောသည်။
ထိုစီမံကိန်းအတွက်မြေယာ လျော်ကြေးပေးရန် စီမံကိန်းအ ကျုံးဝင်သည့်နေ့ကို မကြာခင် ထုတ်ပြန်သွားမည်ဟု ၎င်းကဆိုသည်။
ပဲခူးမြို့ အနောက်ဘက်ခြမ်း တွင်တည်ဆောက်မည့် ဟံသာဝတီလေဆိပ်သည် အဓိက ရန်ကုန်-မန္တလေး လမ်းဟောင်း ဖြင့်ချိတ်ဆက်မည်ဖြစ်ပြီး လေဆိပ်အဝင်အထွက်တွင် လမ်းမကြီးလေးခုရှိမည်ဟု ထုတ်ပြန်သည်။
ဟံသာဝတီလေဆိပ် တည် ဆောက်ရေးအတွက် ၂၀၂၁ မတ် လတွင် မြန်မာ-ဂျပန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး မည်ဟု ပဲခူးတိုင်းဒေသကြီးစီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးညွန့် ရွှေက ပြောထားသည်။
ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို ဂျပန်နိုင်ငံအကူအညီဖြင့် စီမံကိန်း ကနဦးဖြစ်နိုင်ခြေများကို ဩဂုတ် ၁၈ ရက်တွင် စတင်ဆောင်ရွက်ခဲ့သည်။
နောက်ဆုံးရ သတင်းများ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ ဆောက်လုပ်ရေးကြီးကြပ်မှုကော်မတီသို့ လျှောက်ထား၍ တိုင်းအစိုးရ၏ ခွင့်ပြုချက်ဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး လုပ်ငန်းအချို့ စတင်လည်ပတ်
COVID-19 ကြောင့်မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် သက်ရောက်မှုများအွန်လိုင်းဆွေးနွေးပွဲ SHWEPROPERTY ကျင်းပ
ကရင်ပြည်နယ် ဘားအံမြို့၌ ဝန်ထမ်းအိမ်ရာဆောက်လုပ်မှု ရာနှုန်းပြည့်ပြီးစီး
အဆောင်ခပေးရန် အခက်အခဲရှိသည့် အလုပ်သမားများအတွက် အဆောင်ပိုင်ရှင်များ မြို့နယ်၊ရပ်ကျေးထွေအုပ်များမှတစ်ဆင့် မေတ္တာရပ်ခံသွားမည်
Credit : 7Day News
Posted By : Sint Sint (ShweProperty.com)
Property Sales Event
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties