By Eleven Media Group, Shweproperty.com
Updated at 5 January 2016
အစိုးရအပြောင်းအလဲနှင့်အတူ စီးပွားရေးဆိုင်ရာ မူဝါဒပိုင်းကို ရင်းနှီးမြှုပ်နှံသူအချို့က စောင့်ကြည့်နေချိန်တွင် အိမ်ခြံမြေဈေးကွက်အတွင်း၌ ဈေးလျှော့ရောင်းချလာခြင်းများရှိလာသော် လည်းအရောင်းခက်အဝယ်ခက် ဖြစ်နေကြောင်းရွှေမင်းသား အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း မန်နေဂျင်း ဒါရိုက်တာ ဦးမြတ်သူဝင်းက ဆိုသည်။
“အိမ်ခြံမြေဈေးက အခု ဒေါ်လာဈေးကလည်း တက်လာတော့ တစ်မျိုးယူဆကြတာပေါ့။ကျွန်တော်ကတော့ အစိုးရသစ်ရဲ့မူဝါဒကို စောင့်ကြည့်နေပုံတယ်။ လောလောဆယ်မှာ အရောင်းအဝယ်က အေးနေတယ်။ အရောင်းခက် အဝယ်ခက် ဖြစ်နေတယ်။ အရောင်းခက် အဝယ်ခက်အပြင် အငှားဘက်မှာလည်း အေးသွားတယ်။ တချို့နေရာတွေ ဈေးကျနေတယ်လို့ ကြားပေမယ့် ဘယ်နေရာတွေမှာ ဈေးကျနေတယ် ဆိုတာထက် လူပုဂ္ဂိုလ်ချင်းအလိုက်မူတည်ပြီးတော့ချရောင်းကြတာ တွေတွေ့ရတယ်။ ဈေးချရောင်းတာတွေ ရှိတဲ့အတွက် ဈေးကျတယ်လို့ သုံးသပ်ကြပေမယ့် ဈေးကျလာတယ်လို့ မသုံးသပ်မိသေးဘူး။ တချို့တွေကတော့ ဈေးချရောင်းတယ်။ ဈေးကျတာနဲ့ ဈေးချရောင်းတာနဲ့တော့ ပြောရတာခက်တယ်။ ကျွန်တော်တို့ အရင်က သိန်း ၁၀၀၀ တန်ကို သိန်း ၈၀၀ နဲ့ ချရောင်းရင် နာရီပိုင်းနဲ့ အရောင်းအဝယ် ဖြစ်ပေမယ့် အခု ကျပ်သိန်း ၁၀၀၀ တန်ကို ကျပ်သိန်း ၈၀၀ နဲ့ ချရောင်းပေမယ့် ချက်ချင်း မဖြစ်ဘူး။ အဲဒါမျိုးဆိုတော့ နည်းနည်း အရောင်းခက် အဝယ်ခက် ဖြစ်နေပါတယ်။ ဒါက ဈေးကွက်တစ်ခုလုံးမှာ ဖြစ်နေတာပါ” ဟု ဦးမြတ်သူဝင်းက ပြောကြားသည်။
ဆက်လက်၍ ၎င်းက “အခုလောလောဆယ် လူတန်းစားသုံးမျိုး ထုတ်ရောင်းနေတယ်။ စီးပွားရေး လုပ်စရာ မလိုတော့ဘဲ မြတ်နေတဲ့သူတွေ ထုတ်ရောင်းတယ်။ ကန်ထရိုက်တွေဆိုရင် မီတာတက်တာနဲ့ ဈေးရောင်းထွက်လို့ မြတ်မယ့်ဟာနဲ့ မကာမိတာတွေရှိရင် ထိုးရောင်းတယ်။ နောက်တစ်ခုက အပေါ်ဆုံးက လူတွေလည်း ထုတ်ရောင်းတယ်။ သူတို့ အကွက်ရွှေ့ဖို့ လုပ်တယ်။ ဒီပိုင်ဆိုင်မှုအစား အခြားပိုင်ဆိုင်မှုကို ရွှေ့မလားဆိုပြီးတော့ လုပ်တယ်။ Properties ကို ရွှေ့တယ်။ နောက်တစ်ခုကတော့ စီးပွားရေး မကောင်းတဲ့သူတွေ ရွှေ့တယ်။ ဘယ်လုပ်ငန်းမှာ မကောင်းတဲ့ အချိန်မှာ အိမ်ရောင်းပြီးတော့ Taxi ဆွဲမယ် ဆိုပြီးတော့ လူတန်းစားလည်း ရှိတယ်။ အလယ်အလတ်တန်းစား လူတွေကတော့ လုပ်ငန်းအသစ် လုပ်ဖို့အတွက် ရောင်းချတာ တွေ့ရတယ်” ဟု ပြောကြားသည်။
အိမ်ခြံမြေဈေးကွက် ကစားသူများ၌ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေပြီး မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်း ပေါ်ပေါက်လာပါက ရင်းနှီးမြုပ်နှံသူ များပြားလာနိုင်ကြောင်း သိရပါတယ်။
စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံရာတွင် အကျိုးအမြတ် အလျင်အမြန်ရရှိနိုင်မှုအပြင်အခြားသော ကောင်းကျိုးတစ်ခုမှာ အခွန်အခပင် ဖြစ်ကြောင်း၊ ရန်ကုန် စတော့အိတ်ချိန်း စတင်ချိန်တွင် အခွန်အခ ကောက်ခံခြင်း ပြုဦးမည် မဟုတ်သေးခြင်း၊ အိမ်၊ ခြံ၊ မြေ ဝယ်ယူ ရောင်းချရာတွင် ကောက်ခံထားသော အခွန်အခနှုန်းထားမှာအမေရိကားစသည့်နိုင်ငံများနှင့် ယှဉ်လျှင် အလွန်မြင့်မားလျက်ရှိပြီး ရေရှည် ရင်းနှီးမြှုပ်နှံလိုသူများအတွက် အတားအဆီးတစ်ခု အနေဖြင့်ရှိပြီး အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ငြိမ်သက်နေကြောင်းလည်း သိရသည်။
Ref : Eleven Media Group
Photo Credit : Social
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties