By 7daydaily, Shweproperty.com
Updated at 24 August 2015
ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ ပြောင်းရွှေ့ ရန် မြေပြင်ရှာဖွေရေးဘူမိဗေဒ ပညာရှင်အဖွဲ့နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့ သြဂုတ် ၂၄ ရက် တွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ် ကြောင်း ချင်းပြည်နယ် လျှပ်စစ် ဝန်ကြီး ဦးကျင်လျန်ပေါင်ကပြော သည်။
ဟားခါးမြို့ ပြောင်းရွှေ့နိုင် ရေးအတွက် မြေပြင်စူးစမ်းလေ့ လာရေးလုပ်ငန်းကို ဘူမိဗေဒ ပညာရှင်များက သုံးရက်ကြာလေ့လာခဲ့ပြီးနောက် ပြည်နယ်အစိုးရ နှင့် တွေ့ဆုံကာ ညှိနှိုင်းဆွေးနွေး မည်ဟု သတင်းရရှိသည်။
‘‘ဒီနေ့ထိ စူးစမ်းလေ့လာနေ တုန်းပဲရှိသေးတယ်။ အဲဒါပြီးမှ မနက်ဖြန် ၈ နာရီမှာ အစိုးရအဖွဲ့ နဲ့ တွေ့မယ်လို့ ပြောတယ်။ ကျွန် တော်တု့ိ တွေ့ပြီးမှပဲ အဖြေထွက်နိုင်မယ်’’ဟု ဦးကျင်လျန်ပေါင် က ပြောသည်။
ဟားခါးမြို့ကို ပြောင်းရွှေ့မည့် မြေနေရာနှင့် ပတ်သက်၍ ၎င်းက‘‘ဖြစ်နိုင်ခြေကတော့ဖလမ်းဘက်ပဲ ဖြစ်နိုင်ခြေများ တယ်’’ဟု သုံးသပ်ပြောကြားသည်။
ဇူလိုင် ၂၆ ရက်မှစတင်ကာ ချင်းပြည်နယ်တွင် မိုးကြီး၍ မြေ ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး ဟားခါး မြို့တွင် လူနေရပ်ကွက်ခြောက်ခု အနက် အားလုံးနီးပါး မြေပြိုကျမှု ကြုံတွေ့ခဲ့ပြီး အဆောက်အအုံ များစွာ ပျက်စီးခဲ့သည်။
ထို့ကြောင့် လက်ရှိအနေ အထားအရ မြို့ကို ရွှေ့ပြောင်းရာ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးများ ပါဝင်ဦးမည်မဟုတ်ဘဲ လူနေထိုင် ရန်သာ ရွှေ့ပြောင်းရန် စီစဉ်ထား ကြောင်း သတင်းရရှိသည်။
မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ချင်းတောင်တန်းတွင် မြေသားများပြိုကျခဲ့ပြီး လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်ခဲ့ သည်။ မြေပြိုမှုကြောင့် အိမ်ခြေ လေးထောင်ကျော်ရှိသည့် ဟား ခါးမြို့တွင် အိမ်ခြေ လေးရာကျော် (မြို့ရှိ အိမ်ခြေအားလုံး၏ ၁၀ ရာ ခိုင်နှုန်းခန့်) ပြိုကျပျက်စီးခဲ့ပြီး တံတား ၂၁ စင်းနှင့် လယ်ယာ ဧက၂၀၀ ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်အစိုးရက ထုတ်ပြန်သည်။
ထို့ပြင် မြေပြိုကျမှုများ ကြောင့် လူနေအိမ် ၁,၁၁၉ လုံး ပျက်စီးခဲ့ပြီး သေဆုံးသူ လေးဦး ရှိခဲ့ကာ ကယ်ဆယ်ရေးစခန်း ရှစ် ခုဖွင့်လှစ်ထားပြီး လာရောက်ခို လှုံနေရသည့်ဒုက္ခသည်၇,၆၇၈ဦးရှိခဲ့ကြောင်း ပြည်နယ်အစိုးရ က သတင်းထုတ်ပြန်သည်။
ချင်းပြည် နယ်ရှိနေရာ အများစုတွင် စားနပ်ရိက္ခာနှင့် အကူအညီများ မရောက်ရှိသေး၍ အရေးပေါ်အကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့မှ သတင်းရရှိသည်။
ချင်းပြည်နယ်အတွင်း မြေပြိုမှုကြောင့် ဆုံးရှုံးပျက်စီးမှုမှာ သြဂုတ် ၁၀ ရက် စာရင်းများအရ ကျပ် ၃ ဒသမ ၈ ဘီလီယံအထိရှိခဲ့ကြောင်း ပြည်နယ်အစိုးရထံမှ သတင်းရရှိသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties