By 7daydaily, Shweproperty.com
Updated at 6 November 2015
ဈေးကွက်အတွင်း သောက်ရေသန့်ထုတ်လုပ်မှုများကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)က နိုဝင်ဘာ ၅ ရက်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ သောက်ရေသန့်အများစုသည် ကျန်းမာရေးနှင့်အညီ ထုတ်လုပ်မှုမရှိသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။
FDA ထောက်ခံချက်မပါရှိ သော သောက်ရေသန့်လုပ်ငန်း များကို အဓိက စစ်ဆေးခဲ့ရာ သောက်ရေသန့် အများစုသည် FDA ထောက်ခံချက်၊ စည်ပင် ဌာန၏ လုပ်ငန်းလိုင်စင်နှင့် စက်မှုလုပ်ငန်းလိုင်စင်များ မပါရှိဘဲ ထုတ်လုပ်နေသည်ကို တွေ့ရ ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။
သောက်ရေသန့်ထုတ်လုပ် ရောင်းချမှုများကို အဏုဇီဝပိုးစစ် ဆေးခြင်းနှင့် ဓာတုဆေးဝါးစစ် ဆေးခြင်းတို့ဖြင့် FDA ဌာနက အဓိကစစ်ဆေးပြီး ကျန်းမာရေး နှင့် ကိုက်ညီမှသာ ခွင့်ပြုချက် ထုတ်ပေးသဖြင့် တစ်နိုင်ငံလုံးတွင်သောက်ရေသန့်များမှ ပိုးတွေ့ရှိ ရသည့် လုပ်ငန်းပေါင်း ၄၆ ခုရှိ ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေ ပြည်တော်ရုံးချုပ်) ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာ စိန် သောင်းက ပြောသည်။
‘‘ဆရာတို့ လုံခြုံစိတ်ချမှု ဆိုင်ရာပဲ လုပ်နိုင်သေးတာ။ အ ရည်အသွေးပိုင်းဆိုင်ရာကို မလုပ် နိုင်သေးဘူး။ ရေသန့်ထောက်ခံ ချက်ပေးဖို့ မရသေးတဲ့ လုပ်ငန်း တွေ သုံးကြိမ်စစ်တာ သုံးကြိမ်စလုံးပိုးတွေ့ရတယ်။ အများစုက အဏုဇီဝစစ်ဆေးတဲ့ နေရာမှာ ပိုးတွေ့ တာပေါ့။ အခုအချိန်မှာတော့ဆရာတို့က စစ်ဆေးလို့ တွေ့ရှိရင် ပညာပေးပြောပြပြီး ထောက်ခံချက်ရအောင်၊ ကျန်းမာရေးစံညွှန်းတွေနဲ့ ကိုက်အောင် ပြန်လုပ်ခိုင်းရတာပဲ’’ဟု ဒေါက်တာ စိန်သောင်းက ပြောသည်။
မန္တလေးတိုင်းအတွင်း ရှောင်တခင်စစ်ဆေးသည့် သောက်ရေ သန့်များ၏ ဈေးကွက်နမူနာစစ် ဆေးချက်ရလဒ်ထွက်ပါက FDAက သတ်မှတ်ထားသည့် စံညွှန်း များနှင့် ကိုက်ညီမှုမရှိလျှင် ထုတ် လုပ်ရောင်းချခွင့် ရပ်ဆိုင်းရ မည်ဖြစ်ပြီး ထောက်ခံချက်ရရှိပြီး မှသာ ပြန်လည်ရောင်းချခွင့်ပြု မည်ဟု မန္တလေးတိုင်းအစားအ သောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူး ဒေါက်တာ ကျော်ကျော်က ပြောသည်။
‘‘ညီမတို့က သောက်ရေသန့်ဆိုရင် ပလတ်စတစ်လေးပိတ် ထားပြီး ဘူးလေးနဲ့ဆိုတော့ ရိုးရိုးရေထက် သန့်တာပဲဆိုပြီး သောက် တာ။ ဘယ်လိုထုတ်လုပ်တာတွေ၊ ဘယ်ထောက်ခံချက်ရမှဆိုတာ တော့ မသိဘူး။ ရေသန့်ဘူးဆို တော့ သန့်တယ်ပဲ ထင်တာကိုး’’ ဟု ရတနာတက္ကသိုလ် တတိယ နှစ်ကျောင်းသူ မချမ်းမြေ့သူက ပြောသည်။
တစ်နိုင်ငံလုံးတွင် သောက် ရေသန့်ထုတ်လုပ်မှုအတွက် FDA က၂ နှစ်သက်တမ်းရှိ ထောက်ခံ ချက်ရရှိသောသောက်ရေသန့် လုပ်ငန်း ၈၀၀ ကျော်ရှိပြီး မန္တ လေးတိုင်းဒေသကြီး၌ လုပ်ငန်း ၁၂၁ မျိုးထောက်ခံချက်ရရှိထား သော်လည်း ကျန်းမာရေးနှင့် ကိုက်ညီမှုမရှိဘဲ ထုတ်လုပ်သည့် လုပ် ငန်းများ ရှိနေခြင်းဖြစ်သည်။
Ref : 7daydaily
Photo Credit : Thuriya
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties