By The Kumudra, Shweproperty.com
Updated at 5 July 2016
ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတွေ တည်ဆောက်ခွင့်ရပ်ဆိုင်းရတာတွေ ခွင့်ပြုချက်မရဘဲ တည်ဆောက်တာနဲ့ ခွင့်ပြုချက်နဲ့ မကိုက်ညီတာတွေကြောင့် ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဦးမြင့်သောင်းက ပြောပါတယ်။
သူက "သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းဝင်အောင် စီစဉ်ပေးတာပါ၊ တားထားခြင်းမရှိဘူး၊ လိုက်စိစစ်နေဆဲ အချိန်အခါဖြစ်ပါတယ်၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားတဲ့ အချက်တွေ မီလို့ရှိရင် အမြဲတမ်းခွင့်ပြုပေးပါတယ်" လို့ပြောပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က အဆောက်အအုံတည်ဆောက်ဖို့ ခွင့်ပြုမိန့်ကျပြီး (ပါမစ်ကြီး) တဲ့ အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို လာမယ့်အပတ်မှာ စစ်ဆေးလို့ရတဲ့ အဖြေကို ထုတ်ပြန်ပေးမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရပါတယ်။
အထပ်မြင့်အဆောက်အအုံ ၁၂ လုံးကို စစ်ဆေးတဲ့ ရလဒ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ထားပြီး ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ အဖြေကို ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။
"ရပ်ထားတဲ့ အဆောက်အအုံတွေက စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီလို့ပါ၊ အမြန်ဆုံး ပြန်လည်ခွင့်ပြုပေးမှာ ဖြစ်ပြီး တချို့ပြန်ပြီး သုံးသပ်နေတယ်" လို့ ဝန်ကြီးဦးမြင့်သောင်းက ဆက်လက်ပြောကြားပါတယ်။
ခွင့်ပြုချက်မဲ့နဲ့ ခွင့်ပြုပုံစံ ကွဲလွဲတည်ဆောက်တဲ့ အဆောက်အအုံ ၂၂၁၁ လုံးကို ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက တရားစွဲထားပါ တယ်။ ခွင့်ပြုပုံစံကွဲလွဲဆောက်တာထက် ခွင့်ပြုချက်မရှိဘဲတည်ဆောက်တဲ့ အမှုတွေက ပိုများပါတယ်။ ခွင့်ပြုချက်မဲ့ အများဆုံးတည်ဆောက်တဲ့ ခရိုင်က မြောက်ပိုင်းခရိုင်ဖြစ်ပြီး စုစုပေါင်း တရားစွဲခံရတဲ့ အမှုပေါင်း ၉၇၆ မှုရှိပါတယ်။
Ref : The Kumudra
Photo Credit : bigreddog
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties