By သဉ္ဇာလှိုင်၊လဲ့မို့, Shweproperty.com
Updated at 2 April 2013
အထပ်မြင့်အဆောက် အအုံတွေ ဆောက်လုပ်မယ်ဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ပုံစံတင်တဲ့အချိန်ကတည်းက ကားပါကင် ထည့်သွင်းရေးဆွဲလာမှသာ ခွင့်ပြုတော့မယ်လို့ သိရပါတယ်။
‘ယဉ်ကြောပိတ်ဆို့မှုတွေကြောင့် အဆောက်အအုံမြင့်တွေ ဆောက်မယ်ဆိုရင် ကားပါကင်ထည့်ပြီးလုပ်တာ၊ လွယ်လွယ် ကူကူ ကားရပ်လို့ရအောင် လုပ်တာပါ’ လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (အဆောက်အအုံ)ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လူနေအိမ်အဆောက်အအုံ ပေ၅၀ အထက်ကျော်မယ်ဆိုရင် ကားပါကင် ထည့်သွင်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ ကားပါကင်ထည့်တဲ့အခါမှာ လည်း အခန်းတစ်ခန်းကို အနည်းဆုံး တစ်စီးစာထားရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စီးပွားရေးဆိုင်ရာ အဆောက်အအုံတွေ ၊ရုံးခန်းတွေထားရှိတဲ့ အဆောက်အအုံတွေ၊ဈေးဆိုင်ခန်းတွေ စားသောက်ဆိုင်တွေ၊ဟိုတယ်တွေမှာလည်း ကားပါကင် ထည့်သွင်းတည်ဆောက်ရမှာဖြစ်ပါတယ်။
‘သူ့ဟာနဲ့သာ သူ့အတိုင်းအတာအလိုက် ကားပါကင် ဘယ်လောက်ထည့်ရမယ်ဆိုတာ သတ်မှတ်ထားတာရှိတယ်။ မြေအကျယ်ပေါ် မူတည်ပြီး ကားပါကင်ကို အလျှော့အတင်း လုပ်ပြီးဆောက်ရမှာလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ပြောပါတယ်။
ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ရေကူးကန်နဲ့ အားကစားရုံတွေမှာလည်း ကားပါကင်တွေ ထည့်သွင်းတည်ဆောက်ရပါမယ်။ ဂိုဒေါင်နဲ့ စက်ရုံတွေမှာတော့ ကားပါကင်အပြင် ကုန်တင်ကုန်ချဖို့ နေရာကိုလည်းသတ်မှတ်ပေးထားရမှာ ဖြစ်တယ်လို့ သိရ့ပါတယ်။ အခုလိုဆောင်ရွက်ရတာဟာ ရန်ကုန်မြို့တော်အတွင်းမှာ ယာဉ်အစီးရေများပြားလာတာနဲ့အမျှ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေတဲ့အပြင် အသုံးပြုသူကြောင့် လမ်းနယ်နိမိတ်တွေကို အပြည့်အ၀ အသုံးပြုလို့မရဘဲ ယာဉ်ကြောပိတ်ဆို့ လာတာကြောင့် ဖြစ်ပါတယ်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ အခုလို အဆောက်အအုံတွေမှာ ကားပါကင် ထည့်သွင်း တည်ဆောက်တာအပြင် မြို့နယ်အသီးသီးမှာရှိတဲ့ မြေနေရာရရှိမှုပေါ်မူတည်ပြီး ယာဉ်ရပ်နားဖို့ နေရာတွေကိုလည်း တိုးချဲ့ဖော်ထုတ်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၀၁၃ခုနှစ် ဧပြီလ ၁ရက်နေ့ကစပြီး ယာဉ်ရပ်နားကန့်သတ်ဇုန်နဲ့ယာဉ်ရပ်နားခကောက်ခံတာတွေ၊ ယာဉ်စောင့်လုပ်ငန်းအဖြစ် ကောက်ခံတာတွေ၊ ကိုယ်ပိုင်ယာဉ်ရပ်နားရာနေရာ ရယူထားတာတွေကို အားလုံးဖျက်သိမ်းပြီး အများပြည်သူ မည်သူမဆို အခမဲ့ယာဉ် ရပ်နားတဲ့နေရာတွေ အဖြစ် အသုံးပြုဖို့ ခွင့်ပြုပေးသွားမယ်လို့လည်း သိရပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ယာဉ်ရပ်နားတဲ့နေရာမှာ တစ်ဦးတည်း အဆင်ပြေအောင် အသုံးပြုတာထက် အခြားသူတွေပါ အဆင်ပြေ ရပ်နားနိုင်အောင်စည်းကမ်းနဲ့ စနစ်တကျ အသုံးပြုဖို့ လိုအပ်ပါတယ်’လို့သိရပါတယ်။
Source : ကုမုဒြာသတင်းဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties