By myanmar property, Shweproperty.com
Updated at 5 June 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဆင်ခြေဖုံးမြို့နယ်များ၌ အထပ်အမြင့်များဆောက်လုပ်ခွင့်ပြုပြီးနောက် လစဉ် အထပ်အမြင့် ဆောက်လုပ်မှု အရေအတွက်ပေါင်း တစ်ရာဝန်းကျင်အထိ ရှိလာကြောင်း ‘ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ’မှ သတင်းရရှိသည်။
ယခင်က ဆင်ခြေဖုံးမြို့နယ်များ၌ အထပ်အမြင့်များကို နှစ်ထပ်အထိသာ တည်ဆောက်ခွင့်ပြုခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ မတ်လမှ စတင်၍ အထပ်အမြင့် သုံးထပ်အထိတိုးမြှင့် ခွင့်ပြုပေးခဲ့သောကြောင့် လစဉ် မြို့တော်စည်ပင်သို့ လျှောက်ထားသူ တစ်ရာဝန်းကျင်အထိ ရှိလာကြောင်း သိရသည်။
“အရင်က ဆင်ခြေဖုံးတွေမှာ နှစ်ထပ်အထိပဲ ခွင့်ပြုခဲ့တယ်၊ နောက်ပိုင်းမှာ မြို့ပြဖွံ့ဖြိုးမှု အစီအစဉ်တွေကြောင့် အထပ်မြင့်တွေ တိုးပေးရတယ်၊ ဒီလို ဖြေလျှော့ပေးလိုက်တော့ အဆောက်အအုံ ဆောက်တဲ့သူတွေ တော်တော် များလာတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။
ယင်းသို့ ခွင့်ပြုလိုက်သောကြောင့် တစ်လလျှင် တည်ဆောက်သူ တစ်ရာဝန်းကျင်ရှိပြီး မေလ အတွင်း အဆောက်အအုံအများစုမှာ အများဆုံး ခွင့်ပြုထားပေးသည့် သုံးထပ်ခွဲများသာ ဖြစ်ကြောင်းနှင့် မြို့တော်စည်ပင်မှ ခွင့်ပြုထားသော အမြင့်ပေ အထပ်အရေအတွက်ထက်ကျော်လွန်တည်ဆောက်ပါက ဖျက်သိမ်းသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Ref: myanmar property
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties