By 7daydaily, Shweproperty.com
Updated at 24 August 2016
ယုံကြည်မှုကြောင့် မြင့် တက်ခဲ့သော မြန်မာကျပ်ငွေတန် ဖိုးသည် အစိုးရသစ် သက်တမ်း လေးလကျော် ကြာမြင့်ချိန်တွင် စတင်ကျဆင်း လာကြောင်း ငွေ ကြေး ဈေးကွက်မှ သတင်းရရှိ သည်။
အစိုးရတက်လာစဉ်က မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်ခဲ့ခြင်းကြောင့် အမေရိကန် ဒေါ်လာ သည် တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀ အောက်သို့ ကျဆင်းပြီး နောက် ၁,၁၈၀ ကျပ်ခန့်တွင် တည် ငြိမ်ခဲ့သည်။ ယခုရက်ပိုင်းတွင်ဈေးပြန်မြင့်တက်လာပြီး ဩဂုတ် ၂၂ ရက်တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ် လာလျှင် ၁,၂၀၇ ကျပ်သို့ မြင့်တက်လာသည်။
ကုန်ပစ္စည်းများ ဝယ်လိုအား ကျဆင်းပြီး ငွေကြေး ဖောင်းပွမှု ကြောင့် ကုန်ဈေးနှုန်း မြင့်တက် လာချိန်တွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာလည်း မြင့်တက်လာခြင်းဖြစ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
‘‘ဒီအချိန်မှာ ဒေါ်လာတက် တာ အစိုးရအတွက် စိန်ခေါ်မှုပဲ’’ ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ပြောကြားသည်။
အမေရိကန်ဒေါ်လာ တန်ဖိုး သည် ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက် က တစ်ဒေါ်လာလျှင် ကျပ် ၁,၂၀၀မှ ဩဂုတ် ၂၂ ရက်၌ တစ်ဒေါ် လာ ၁,၂၀၇ ကျပ်သို့ မြင့်တက် လာသည်။
အမေရိကန်ဒေါ်လာ တန်ဖိုး မြင့်တက်သကဲ့သို့ တရုတ်၊ ထိုင်း ငွေများနှင့် လဲနှုန်းတွင်လည်း မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းလာသည်။ ထိုင်းငွေ တစ်ဘတ်လျှင် ၃၄ ကျပ်ခွဲခန့်၊ တရုတ်ငွေ တစ်ယွမ်လျှင် ၁၈၀ ကျပ်ခန့် ဈေးမြင့်တက်လာသည်။ ယခင်ရက်ပိုင်းက ထိုင်းဘတ်ငွေ တစ်ဘတ်ကို ၃၂ ကျပ်ခန့်၊ တရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၁၇၀ ကျပ်ခန့် ရှိခဲ့ သည်။
မြန်မာကျပ်ငွေ တန်ဖိုးကျ ဆင်းရခြင်းသည် တရုတ်နိုင်ငံတွင် ဩဂုတ် ၁၂ ရက်မှစ၍ မြန်မာ နိုင်ငံမှ ဝယ်ယူသော ကုန်ပစ္စည်း များကို ဖမ်းဆီးမှု များကြောင့် ထိုင်း၊ အိန္ဒိယ နိုင်ငံတို့မှ တစ်ဆင့် ခံ ကုန်သွယ်ရေးဖြင့် တင်သွင်း ထားသော သကြား၊ စက်သုံးဆီ များအပါအဝင် ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ရောင်းချမရဘဲ ပြည်တွင်း၌ ရှိနေသဖြင့် နိုင်ငံခြား ငွေရှားပါးပြီး ပို့ကုန်ရငွေတန်ဖိုး မြင့်တက်လာသည်ဟု ကုန်သည် အချို့က ဆိုသည်။
Posted By : Moe Thae'
Ref & Photo Credit : 7daydaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties