By 7daydaily, Shweproperty.com
Updated at 29 June 2016
ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများ တည် ဆောက်ရန် အသစ်လာရောက် လျှောက်ထားမှုများကို လက်မခံ ဘဲ ခေတ္တရပ် ဆိုင်းထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သတင်းရရှိသည်။
အထပ်နိမ့်၊ အထပ်မြင့် အ ဆောက်အအုံများအတွက် တင်ပြ မှုများကိုလည်း လတ်တလော လက်ခံခြင်းမရှိဘဲ ယခုလကုန်မှ သာ ပြန်လည် လက်ခံစိစစ်ခွင့်ပြု မည်ဖြစ်ကြောင်း အင်ဂျင်နီယာ အဆောက်အအုံဌာနမှ သတင်း ရရှိသည်။ အဆောက်အအုံ တည် ဆောက်ခွင့် အသစ် တင်ပြမှုများ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့က ထုတ်ပြန်ချမှတ်မည့် မူဝါဒအသစ်များဖြင့် စိစစ်ခွင့်ပြုမည်ဟု ဆိုသည်။
မူဝါဒအသစ်တွင် ယခင်က ကျင့်သုံးနေသည့် နည်းစနစ်များ ပြောင်းလဲခြင်း၊ စည်းကမ်းချက်အ သစ်များ ပိုမိုပါဝင်လာနိုင်ပြီး ဆောက်လုပ်ရေး လောကကို ပိုမို တင်းကျပ်မည့်သဘော ဖြစ်လာ နိုင်ကြောင်း ဆောက်လုပ်ရေးလုပ် ငန်းရှင်များက ခန့်မှန်းပြောဆိုကြ သည်။
‘‘လျှပ်စစ်မီးကိစ္စနဲ့ မြေအ ကျယ်ကိစ္စတွေ၊ zoning plan ကိစ္စတွေ အတည်ပြုပြီး ပြန်ခွင့်ပြု တဲ့အခါ စည်းကမ်းတွေထပ်ပြီး တင်းကျပ် လာနိုင်တယ်’’ ဟု တောင်ဥက္ကလာပမြို့နယ်မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ခန့်မှန်းသည်။
လက်ရှိတွင် ယခင်အစိုးရ လက်ထက်က မူအားဖြင့် ခွင့်ပြု ချက် ရရှိထားသည့် ၁၃ ထပ်နှင့် အထက်အဆောက်အအုံ ၁၄၁လုံးကို ပြန်လည် စစ်ဆေးမှုများ စတင် နေပြီဖြစ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ က တိုက်ရိုက်စစ်ဆေးခြင်းဖြစ်ပြီး စာရွက်ပေါ်စစ်ဆေးမှုများ ပြီးစီးနေပြီဖြစ်၍ မြေပြင်စစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဟုဆို သည်။
အထပ်မြင့် အဆောက်အအုံများ တည်ဆောက်ခြင်းကို ရပ် ဆိုင်းထား၍ ဆောက်လုပ်ရေးလုပ် ငန်းရှင်အများစု နစ်နာမှုများ ကြုံ တွေ့နေရပြီး လုပ်ငန်းများ အမြန် ဆုံးပြန်လည် လည်ပတ်နိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသိ့ု ဆောက်လုပ်ရေးလုပ်ငန်းရှင်များ က တောင်းဆို ထားကြသည်။
‘‘အချိန်ကြာလာတာနဲ့အမျှ လုပ်ငန်းရှင်က တစ်ဖက်။ မြေရှင် နဲ့ ချုပ်ဆိုထားတဲ့ ကတိကဝတ် တွေ ပျက်ကုန်တယ်။ နေ့စားအ လုပ်သမားတွေ ကို ဘယ်နေ့အ လုပ်ပြန်ဆင်းပါဆိုတာကို ကျွန် တော်တို့ဘက်က ကတိမပေးနိုင် သေးဘူး’’ဟု New Generation ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးဉာဏ်သစ်လှိုင်က ပြောသည်။
ရန်ကုန်တွင် ၁၃ ထပ်နှင့်အ ထက် အထပ်မြင့်အဆောက်အအုံ ၁၄၀ ကျော်ကို ပြီးခဲ့သည့် မေလ ၂၀ ရက်က ပြန်လည်စစ်ဆေးမှု များ ပြုလုပ်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်၍ ရပ်ဆိုင်းခဲ့သည်။
Ref & Photo Credit : 7daydaily
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties