By 7daydaily, Shweproperty.com
Updated at 26 August 2015
ရန်ကုန်မြို့တွင် တည် ဆောက်လျက်ရှိသော နှစ်ထပ် ဈေး ၁၂ ခု တည်ဆောက်ပြီးစီးပါ က လမ်းဘေးဈေးသည်များအား ၅ ပေပတ်လည် နေရာချပေးထား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက အဆင့် မြှင့်တင်လျက်ရှိသော ယင်းစည်ပင် ဈေးများပြီးစီးပါက လမ်းဘေးဈေးသည်များအတွက် နေရာတစ်ခုစီ သီးသန့်ပေးကာ ရောင်းချစေမည်ဖြစ်ကြောင်း မြို့တော်စည်ပင်ဈေးများဌာနမှ ဌာနမှူးက ပြောသည်။
ဈေးသည်များအတွက် နေ ရာများကို သက်ဆိုင်ရာဈေး၏ ဈေးများဌာနထံတွင် ခွင့်ပြုချက် တောင်းခံပြီး ငှားရမ်းနိုင်ရန် စီစဉ် ထားကြောင်း ဌာနမှူးက ဆိုသည်။
ဈေးသည်များအတွက် ဆိုင်ခန်းခမှာ ဈေးအပေါ် မူတည်၍ ကွာခြားသွားမည်ဖြစ်ပြီး ထိန်းသိမ်းပြုပြင်ရေးလုပ်နိုင်သူ လမ်းဘေးဈေးသည်များကို ဦးစားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
‘‘အဓိကက လမ်းဘေးဈေး သည်တွေ ရှိနေတဲ့အတွက် သွား လာရေးအခက်အခဲဖြစ်တာရယ်၊အမှိုက်ပွတာတွေရယ်ကြောင့်ပါ။ ကျွန်တော်တို့ကို ညွှန်ကြားထား တာကြာပါပြီ။ နှစ်ထပ်ဈေးတွေ ဆောက်ဖြစ်တုန်း တစ်ခါတည်း နေရာချပေးဖို့ စီစဉ်လိုက်တယ်’’ ဟု ဌာနမှူး ဦးစံရွှေထွန်းက ပြော သည်။
လမ်းဘေးဈေးသည်များအ တွက် ၅ ပေပတ်လည်နေရာသတ် မှတ်၍ တစ်ရွက်တစ်ဗန်းဖြင့် နံ နက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချစေမည်ဖြစ်ပြီး စည်း ကမ်းပိုင်းလည်း သတ်မှတ်သွား မည်ဖြစ်ကြောင်း ၎င်းက ပြော သည်။ ရန်ကုန်မြို့တော်ဝန်က လည်း ယခုနှစ်အတွင်း လမ်းဘေး ဈေးသည်များအား နေရာချထား ပေးရန် တိုင်းဒေသကြီးအစည်း အဝေးတွင် ယခင်နှစ်က ပြောကြားထားပြီး ရန်ကုန်မြို့၌ ဈေးပေါင်း ၁၇၀ ကျော်ရှိသည့်အနက် ဈေး ၁၂ ခုကို အဆင့်မြှင့်ထား ခြင်းဖြစ်သည်။
‘‘လမ်းပေါ်ကနေ ဈေးထဲဝင် ရောင်းရမယ်ဆိုရင်တော့ အဆင် ပြေတာပေါ့။ လမ်းပေါ်မှာရောင်း လည်းဈေးကောက်ပေးရတာပဲ။ သူတို့ချပေးထားတဲ့နေရာရောင်း လည်း ဈေးကောက်ပေးရတာချင်း အတူတူ ဈေးပေါ်ရောင်းခိုင်းရင် တော့ တရားဝင်တယ်လို့ ပြောလို့ ရတယ်လေ’’ဟု အဆင့်မြှင့်တင် မည့် ဈေးဖြစ်သော မြောက်ဥက္က လာပ(၂)ဈေးမှ မျှစ်ရောင်းသည့် လမ်းဘေး ဈေးသည်တစ်ဦးက ပြောသည်။
ယခင်က မြို့တွင်းလမ်းဘေး ဈေးသည်များထံမှ နှစ်စဉ် အခွန် ငွေ ၀ ဒသမ ၃၈ ဘီလီယံရရှိခဲ့ပြီး ၂၀၁၁ မှစ၍ အခွန်မကောက် တော့ကြောင်း ရန်ကုန်မြို့တော် ဝန်က ပြောကြားထားသော်လည်း ဈေးသည်များက ဈေးကောက် ပေးနေရဆဲဖြစ်ကြောင်း ပြော သည်။ ရန်ကုန်မြို့တွင်း ခြောက်မြို့ နယ်တွင် လမ်းဘေးဈေးသည် ၅,၀၀၀ ကျော်ရှိကြောင်း စည်ပင် သာယာရေးကော်မတီက ထုတ် ပြန်ထားပြီး ယခင်နှစ်က ဈေး ၁၁၄ ခုမှ လမ်းဘေးဈေးသည် ၆,၀၀၀ ကျော် ဖယ်ရှားခဲ့ ကြောင်း သိရသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties