By The Voice Weekly, Shweproperty.com
Updated at 10 August 2013
ရန်ကုန်မြို့တော်တွင် ထပ်မံတိုးတက်လာမည့် လူဦးရေနှင့် အညီ နေရေးထိုင်ရေး အဆင်ပြေစေရန်အတွက် ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၂၀၀ မှ ပေ ၄၀၀ အမြင့်ရှိသော ၁၀ ထပ်မှ အထပ် ၂၀ ကျော် အဆောက်အအုံ အလုံးပေါင်း ၂၀ ကျော် ဆောက်လုပ်ခွင့်ပြုပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ Y.C.D.C၊ အထပ်အမြင့် စစ်ဆေးရေးနှင့် ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးရီဝင်းက ပြောကြားသည်။
ယခုနှစ်အတွင်း ဆောက်လုပ်ခွင့်ပြုသော အဆောက်အအုံ ၂၃ လုံးတွင် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄၀၀ အမြင့်ရှိသော အဆောက်အအုံငါးလုံး၊ ပေ ၃၀၀ မှ ၄၀၀ ကြား အမြင့်ရှိသည့် အဆောက်အအုံငါးလုံးနှင့် ပေ ၃၀၀ အောက် အဆောက်အအုံ ၁၃ လုံး ပါဝင်ကြောင်း၊ အဆိုပါ အထပ်မြင့် အဆောက်အအုံများကို အင်းစိန်၊ ရန်ကင်း၊ ဗဟန်းနှင့် အခြားမြို့နယ်တို့တွင် ဆောက်လုပ်မည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
“အထပ်မြင့် အဆောက်အအုံတွေ များလာပြီး နေစရာများလာမယ်ဆိုရင် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းတွေလည်း တည်ငြိမ်လာနိုင်ပါတယ်” ဟု စိုင်းခွန်နောင် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ဆိုသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အတွင်း Y.C.D.C ထံသို့ အထပ်အမြင့် အဆောက်အအုံ တည်ဆောက်ရန် ၆၆ လုံး လျှောက်ထားခဲ့ရာ ၂၃ လုံးကို ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ကော်မတီ၏ ခွင့်ပြုချက်မရသည့် အဆောက်အအုံ ရှစ်လုံး၊ ခွင့်ပြုချက် ချပေးရန် စိစစ်ဆဲ အဆောက်အအုံ ၂၇ လုံး၊ လျှောက်ထားဆဲ ကာလတွင် ဆက်လက်ဆောင်ရွက်ခြင်း မရှိသော အဆောက်အအုံ ရှစ်လုံးတို့ ပါဝင်ကြောင်း Y.C.D.C အထပ်အမြင့် စစ်ဆေးရေးနှင့် ကြီးကြပ်ရေးကော်မတီထံမှ သိရှိရသည်။
Ref : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties