By pyimyanmar, Shweproperty.com
Updated at 18 June 2014
ကမ္ဘာကျော် Hilton ဟိုတယ်လုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် ၂၀၁၄ မှစပြီး သုံးနှစ်အတွင်း Hilton အမည်ဖြင့်ဟိုတယ်ငါးလုံးအထိ လုပ်ငန်းလည်ပတ်ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်ထားပြီဖြစ်ကြောင်းဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ၁၄-၆-၂၀၁၄ ရက်က သတင်းရရှိသည်။
ယင်းကဲ့သို့ဟိုတယ်ငါးလုံးအထိ ရင်းနှီးမြှုပ်နှံရေးအတွက် မြန်မာနိုင်ငံမှ ဧဒင်လုပ်ငန်းစုနှင့် ပူးပေါင်းလုပ်ကိုင်မည့် သဘောတူစာချုပ်တစ်ရပ်ကို ဇွန်လ ၁၂ ရက်က ရေးထိုးခဲ့ကြပြီး ကနဦးအဖြစ်ဧဒင်လုပ်ငန်းစုပိုင် သင်္ဂဟအမည်ရှိသော နေပြည်တော်နှင့် ငပလီဟိုတယ်များကို့Hilton နေပြည်တော်၊ Hilton ငပလီဟု အမည်ပြောင်းလဲမှုအား လာမည့်အောက်တိုဘာတွင် ဆောင်ရွက်သွားမည်ဟုသိရသည်။ "ကျန်တဲ့သုံးလုံးကတော့ အင်းလေး၊ ပုဂံ၊ မန္တလေးတို့မှာအသစ်ဆောက်ဖို့ပြင်နေကြတာပါ။ လုပ်ငန်းစဉ် Proposal တော့သူတို့တင်ထားပြီးပါပြီ" ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ဇွန်လ ၁၂ ရက်ကလက်မှတ်ရေးထိုးပွဲတွင် ဧဒင်လုပ်ငန်းစု ဥက္ကဌ ဦးချစ်နိုင် ကပြောကြားထားမှုကိုမီဒီယာမျိုးစုံက ဖော်ပြရာတွင် သင်္ဂဟအမည်ဖြင့် နိုင်ငံတကာဈေးကွက်ဖောက်ရန် အချိန်ကြာမည်စိုးသောကြောင့် Hilton နှင့်ပူးပေါင်းခြင်းဖြစ်ကာ Hilton ဟိုတယ်စီမံခန့်ခွဲမှုပိုင်းကို တာဝန်ယူမည်ဖြစ်သကဲ့သို့ Hilton ကယင်းအတွက်အကျိုးအမြတ်ခံစားခွင့် ၁၀ ရာခိုင်နှုန်းရှိကြောင်းလည်း သိရသည်။ "Hilton အဖွဲ့ရွေးလိုက်တဲ့ ဟိုတယ်စီမံကိန်းသုံးခုစလုံးကို သူတို့ရဲ့ Personal အရ ၂၀၁၆ နဲ့ ၂၀၁၇ မှာအပြီးသတ်ဖို့ လုပ်ငန်းလည်ပတ်ဖို့ ပြင်ဆင်မယ်ဆိုတာ သိရပါတယ်" ဟု အဆိုပါအရာရှိကပြောကြားသည်။
Hilton ကရွေးချယ်ထားသောနေရာများသည် ကမ္ဘာလှည့်ခရီးသွားများ မျကိစိကျရာနေရာများဖြစ်နေပြီး လုပ်ငန်းအကောင်အထည်ဖော်မှုကို မြန်ဆန်ချင်သော်လည်း မြန်မာဘက်မှနောင့်နှေးမှုများရှိနေပြီဟု Hilton ၏ ဇွန် ၁၂ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties