By ပည်မြန်မာဂျာနယ်, Shweproperty.com
Updated at 26 March 2013
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံကိုပိတ်ဆို့မှု ပယ်ဖျက်အပြီး ပထမဆုံးဖြစ်ဟိုတယ် ရင်းနှီးမြှုပ်နံှမှုအဖြစ် အမေရိကန်အခြေစိုက် Hilton Worldwide ဟိုတယ်လုပ်ငန်းစုသည် ၂၀၁၄နှစ်ဦးပိုင်းတွင် အခန်း၃၀၀ပါ ဟိုတယ်တစ်ခုဖွင့်လှစ်မည် ဖြစ်ကြောင်းသိရသည်။
Hilton ဟိုတယ်လုပ်ငန်းစုအနေဖြင့် ၂၀၀၅ခုနှစ်ကတည်းက အဆောက်အအုံ တည်ဆောက်ခြင်း ရပ်နားထားခဲ့ရသည့် ရန်ကုန်မြို့လယ်ခေါင်ရှိ CenterPointကို လွဲှပြောင်းရယူသွားမည် ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံ၏ အထပ်အမြင့်ဆုံး ဟိုတယ်စုအနည်းငယ်ထဲမှ တစ်ခုဖြစ်လာမည်ဖြစ်သော အဆိုပါ အဆောက်အအုံအတွက် မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်ပြီး မတ်လမကုန်ခင် တရားဝင်ထုတ်ဖော် အတည်ပြုသွားရန် ရှိနေသည်ဟု သိရသည်။
''ဆွေးနွေးညှိနှိုင်းဆဲအဆင့်မှာ မှတ်ချက်အများကြီး မပြောလိုသေးပါဘူး''ဟု Hiltonမှ အမှုဆောင်ကော်မတီဝင် တစ်ဦးကပြောကြားသည်။ လက်ရှိတွင် အဆိုပါ CenterPoint၌ Standard CharteredBank နှင့ ်PWCအစရှိသော လုပ်ငန်းစုကြီးများက ရုံးခန်းစတင် ဖွင့်လှစ်ထားပြီးဖြစ်ကာ ဟိုတယ်လုပ်ငန်း လည်ပတ်မှုကို ၂၀၁၄မှသာလျှင် ဖြစ်လာမည် ဟုသိရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲချုပ်၏ တွက်ဆချက်အရ လက်ရှိတွင် ရန်ကုန်ဧရိယာအတွင်း ဟိုတယ်အခန်းပေါင်း ၈၀၀၀ကျော်ရှိနေပြီး ထက်ဝက်နီးပါးသာလျှင် နိုင်ငံခြားသားအတွက် ဈေးကွက်ရရှိနိုင်ကြောင်းနှင့် ၂၀၁၄တွင်ဟိုတယ် အခန်း၁၅၀၀အထိ ရန်ကုန်ဧရိယာ အတွင်းမှာပင် ထပ်မံပေါ်လာရန် ရှိနေသည်ဟု သိရသည်။
Source : ပြည်မြန်မာဂျာနယ်
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties