By Myanmar Times, Shweproperty.com
Updated at 19 March 2015
အကောင်အထည်ဖော်နေဆဲ လှိုင်မြို့နယ်က အဆင့်မြင့်ကွန်ဒိုမီနီယံ စီမံကိန်းမှာ ထက်ဝက်ခန့်ပြီးစီးနေပြီဖြစ်ပြီး ဝယ်ယူသူများအနေဖြင့် မိမိတို့စိတ်ကြိုက် ငွေပေးချေနိုင် မည့်စနစ်ကိုမိတ်ဆက်ပေးသွားမည်ဟု တာဝန်ရှိသူများက ယခုလ ၆ ရက်နေ့တွင်ပြောသည်။ "အိမ်ဝယ်ယူမှု အထူးအစီအစဉ် တစ်ရပ်အနေနဲ့ ဝယ်သူတွေက မိမိတို့ငွေကြေးအင်အားပေါ်မူတည်ပြီး စိတ်ကြိုက်ငွေပေးချေလို့ရတဲ့ စနစ်လုပ်ပေးထားပါတယ်။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းမှာ ဖြစ်ရမယ်" ဟု Capital Development Limited Deputy General Manager ဒေါ်ခိုင်မီမီကြည် က ပြောသည်။ ဝယ်ယူသူများအနေဖြင့် မိမိတို့ ငွေပေးချေလိုသည့် ပမာဏနှင့်ပုံစံကို ကုမ္ပဏီတာဝန် ရှိသူများနှင့်ဆွေးနွေးနိုင်သည်ဟု ဆိုသည်။ အခန်းတန်ဖိုးများကို အရစ်ကျစနစ်ဖြင့် ပေးချေနိုင်ပြီး အကြမ်းဖျင်းအားဖြင့် ၁၅ လ အထိပေးသွင်းနိုင်ကြောင်း ယမန်နှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ အခန်းဈေးနှုန်းများမှာ အခန်းအရွယ်အစားပေါ်မူတည်ပြီး အနည်းဆုံး ကျပ်သိန်း ၁,၆၀၀ မှအများဆုံး ကျပ်သိန်း ၄,၈၀၀ အထိ ရှိမည်ဖြစ်သည်။ ကုမ္ပဏီက အကောင်အထည်ဖော်နေသည့် ပြည်လမ်းနှင့် အင်းစိန်လမ်းမကြားရှိ အဆင့်မြင့်ဈေးဝယ်စင်တာ၊ ရုံးခန်းအဆောက်အအုံများနှင့် အဆင့်မြင့် လူနေတိုက်ခန်းများ ပါဝင်မည့်Capital City စီမံကိန်း၏ ပထမအဆင့် ဖြစ်သည့် Gems Garden Condominium အထပ်မြင့်၂၁ ထပ်စီပါဝင်မည့် ကွန်ဒိုမီနီယံ အဆောက်အအုံ လေးလုံးရှိပြီး အခန်းအရေအတွက်မှာစုစုပေါင်း ၅၈၄ ခန်းရှိမည်ကာ အဆောက်အအုံနှစ်ခုမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။ ကျန်ရှိသော ကွန်ဒိုယူနစ်နှစ်ခုပါ တည်ဆောက်ပြီးစီးပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံသို့ လူနေထိုင်ခွင့် ပါမစ် လျှောက်ထားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် နွေရာသီတွင်ဝယ်ယူသူများထံ အခန်းအပ်နှံ နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ရန်ကုန်မြို့၏ မြောက်ဘက်ခြမ်း၊ ကိုးမိုင်အထိ လူနေထူထပ်မှု တိုးချဲ့များပြားလာသည်နှင့်အမျှအင်းစိန်လမ်းမနှင့် နီးကပ်စွာတည်ရှိမည့် Gems Garden Condominium သည် နေရာကောင်းတစ်ခုဖြစ်လာမည် ဖြစ်လာနိုင်သည်ဟု ဆိုသည်။ အဆိုပါ ကွန်ဒိုမီနီယံ၏ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၃ ခုနှစ် နှောင်းပိုင်းကတည်းကစတင်ခဲ့ခြင်းဖြစ်ကာ ကျန်ရှိနေသည့် ကွန်ဒိုယူနစ် နှစ်ခုကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties