By myanmar property, Shweproperty.com
Updated at 27 June 2013
လှိုင်သာယာမြို့နယ်အတွင်းရှိ လုံးချင်းအိမ်ရာများသည် ဘုရင့်နောင်တံတားစီမံကိန်း၊ ခုံးကျော်တံတားစီမံကိန်းများကြောင့် ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး အရောင်းအရော၊ အဌားပါ သွက်လာလျက်ရှိကြောင်း ‘အိမ်ကမ္ဘာစက်မှုဇုန် အိမ်ခြံမြေ အထွေထွေ ဝန်ဆောင်မှုလုပ်ငန်း’မှ သိရသည်။
FMI City အိမ်ရာ၊ နဝဒေးအိမ်ရာ၊ အောင်ဇေယျမြို့တော်အိမ်ရာ၊ ဖွံ့ဖြိုးအောင် အိမ်ရာနှင့် ရွှေကမ်းသာယာ အိမ်ရာတို့အတွင်းရှိ လုံးချင်းအိမ်ရာများတွင် လုံခြုံရေးနှင့် ပတ်ဝန်းကျင်နေရာကောင်းမွန်မှုကြောင့် ထိုနေရာများအား ဝယ်ယူရန် လူအများ စိတ်ဝင်စားလျက်ရှိနေပြီး လက်ရှိအချိန်၌ FMI City အိမ်ရာအတွင်းရှိ ပေ ၄၀ x ၆၀ RC နှစ်ထပ်ပါ အိမ်တစ်လုံးလျှင် ကျပ်သိန်း ၂,၂၀၀ ဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
“လုံးချင်းအိမ်ရာတွေ ဈေးကောင်းလာတာက အခုလုပ်နေတဲ့ တံတားစီမံကိန်းကြောင့်ပါ၊ အစတုန်းက ဈေးသိပ်မရှိဘူး၊ အခု လမ်းပန်းဆက်သွယ်ရေး ကောင်းတဲ့နေရာတွေမှာ မြို့ထဲပိုင်းကလူတွေ အဝယ်များတယ်၊ နိုင်ငံခြားသားတွေကတော့ အိမ်ဌားတာ FMI ဝင်းထဲက အိမ်တွေဆိုရင် အိမ်တွေဆိုရင် ဌားဖို့တောင် နေရာမရှိဘူး”ဟု အိမ်ကမ္ဘာစက်မှုဇုန် အိမ်ခြံမြေ အထွေထွေဝန်ဆောင်မှု မရွှေကြည်က ပြောသည်။
နဝဒေးဥယျာဉ်အိမ်ရာရှိ မြေများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၃၅,၀၀၀ မှ ၄၀,၀၀၀ ကြားအထိပေါက်ဈေးရှိနေပြီး အောင်ဇေယျဥယျာဉ်အိမ်ရာရှိ မြေပေါက်ဈေးများမှာလည်း တစ်ပေပတ်လည်လျှင် ကျပ် ၂၅,၀၀၀ မှ ၃၀,၀၀၀ ကြား၊ ရွှေကမ်းသာအိမ်ရာရှိ လမ်းမတန်းနှင့်နီးသော နေရာများတွင် တစ်ပေပတ်လည်လျှင် ကျပ် ၁၅,၀၀၀ ဝန်းကျင် စသည်ဖြင့် ပေါက်ဈေးများ ဖြစ်ပေါ်ကြောင်းနှင့် ယခုကဲ့သို့ ဈေးနှုန်းများ မြင့်တက်လာသည်မှာ သုံးလဝန်းကျင်သာ ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
လက်ရှိအချိန်တွင် လှိုင်လာယာမြို့နယ်အတွင်းရှိ လူတချို့မှ ရင်းနှီးမြှုပ်နှံရန် ဝယ်ယူမှုများရှိပြီး နယ်မှ လာရောက်ဝယ်ယူမှုများလည်း ရှိနေကြောင်း သိရှိရသည်။
Ref : Myanmar Property Journal
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties