By Kumudra, Shweproperty.com
Updated at 19 February 2019
လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းအိမ်ရာအပိုင်း (၁) က အခန်း ၂၄၀ ခန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ မဲနှိုက်ရောင်းချသွားမှာဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
ဆောက်လုပ်ရေးအိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ဘဏ်ကနေ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နဲ့ အထက် စုဆောင်းထားရှိသူစာရင်း ၃၂၀၈ ဦးပါဝင်သူတွေမှာ ဌာနကို အဆောက်အအုံအမျိုးအစားအလိုက် စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ စာရင်းပေးသွင်းသူတွေထဲက ရောင်းချရန်လျာထားတဲ့အခန်း ၂၄၀ ခန်းကို အခြေခံပြီး ဆောက်လုပ်ရေးအိမ်ရာနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ အိမ်ရာ စုဆောင်းငွေစာရင်းအမှတ် စဉ်အလိုက်မဲနှိုက်ဝယ်ယူခွင့်ရရှိသူ စာရင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦး စီးဌာနမှာ ကြေညာမှာဖြစ်ပါတယ်။
မဲနှိုက်ဝယ်ယူခွင့်ရှိသူအမည် စာရင်းမှာပါဝင်သူတွေဟာ ဖေဖော်ဝါရီ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ ဌာနကို လာရောက်ပြီး မှတ်ပုံတင်မိတ္တူ၊ ဘဏ်စုဆောင်းငွေ စာရင်းမိတ္တူတွေနဲ့အတူ မှတ်ပုံတင်စာရင်း ရေးသွင်းရမှာပါ။
ဌာနမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ဘဏ်စုဆောင်းငွေစာရင်း အမှတ်စဉ်အတိုင်းအဆောက်အ အုံတစ်မျိုးချင်းစီအလိုက် မဲနှိုက်ရောင်းချပေးသွားမှာပါ။ လျှောက်ထားသူကိုယ်တိုင်မလာရောက်နိုင်ရင် ဌာနက တာဝန်ရှိသူတွေ အခန်းမဲနှိုက်ပေးမှာဖြစ်ပြီး မဲပေါက်တဲ့အခန်းကို ဝယ်ယူသူအချင်း ချင်းလဲလှယ်လိုပါက ယင်းနေ့မှာ ဆောင်ရွက်နိုင်မှာပါ။
အခန်းဝယ်ယူခွင့်ရရှိသူတွေမှာ ဖေဖော်ဝါရီလ ၂၂ ရက်က သီတင်းပတ်နှစ်ပတ်အတွင်း မိမိတို့ဘဏ်စာရင်းဖွင့်လှစ်ထားတဲ့ ဘဏ်ခွဲတွေကို အထောက်အထားအပြည့်အစုံနဲ့ ချေးငွေရယူဖို့ တင်ပြလျှောက်ထားရမှာဖြစ်ပြီး လျှောက်ထားခြင်းမရှိရင် ပယ်ဖျက်မှာဖြစ်ပါတယ်။ ဘဏ်က ချေးငွေခွင့်ပြုနိုင်ခြင်းမရှိပါက အိမ်ရာဝယ်ယူခွင့်ပယ်ဖျက်မှာ ဖြစ်ပါတယ်။ ချေးငွေလျှောက်ထားရန် လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဆောက်လုပ်ရေးနဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်ရဲ့ “အိမ်ရာချေးငွေလျှောက်ထားသူတွေစိစစ်ခြင်း” အသိပေးစာတွေကို ဖတ်ရှုထားသင့်ပါတယ်။
Ref : Kumudra
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties