By Myanmar Times, Shweproperty.com
Updated at 16 May 2019
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်များနေထိုင်ရန် လှိုင်သာယာ မြို့နယ်အတွင်းရှိ ဧကသုံးရာမြေကွက်လပ်တစ်ခုတွင် အစားထိုးနေရာချထားပေးရန် စီစဉ်နေကြောင်း လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောဆိုသည်။
"ဒီနှစ်အတွင်း အပြီးလုပ်မယ်လို့ မှန်းထားတယ်။ လှိုင်သာယာက ကျူးကျော်တွေအတွက် ပါ။ စီးပွားရေးကျူးတွေမပါဘူး။ ကတ်ထုတ်ပေးထားသူတွေပါမယ်။ မီးဘေးသင့်ညောင်ရွာက သူတွေကို ဦးစားပေးပါမယ်"ဟု ၎င်းက ပြောဆိုသည်။
အမှန်တကယ်ခက်ခဲ
အဆိုပါ အစားထိုးပေးမည့် မြေနေရာမှာ လှိုင်သာယာမြို့နယ်တွင်သာဖြစ်ပြီး နေရာ အသေးစိတ်အချက်လက်များကို ထပ်မံပြောကြားပေးမည်ဖြစ်ကြောင်း ဦးဝင်းမောင်က ပြောဆိုသည်။ အဆိုပါ ကျူးကျော်များ နေရာချထားပေးရာတွင် အမှန်တကယ်အခက်အခဲ ရှိနေသူများကိုသာပေးမည်ဖြစ်ပြီး လှိုင်သာယာမြို့နယ်တွင် ကျူးကျော်အိမ်ထောင်စုပေါင်း ၅၀ဝ၀ ကျော်ရှိကြောင်း သိရသည်။
"မြေနေရာပေးမယ်ပြောတယ်။ ဘယ်လိုပုံစံအစီအစဉ်တွေလဲတော့ မသိရသေးဘူး။ ဒါပေမဲ့ သွားလာရေး၊ နေထိုင်အဆင်ပြေတဲ့နေရာဆိုရင် အဆင်ပြေပါတယ်။ အစိုးရကလည်း အမြန်ဆုံးအကောင်အထည်ဖော်ပေးစေချင်တယ်"ဟု လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေး ရွာရှိ ကျူးကျော်နေထိုင်သူ ကိုအငယ်ကောင်က ပြောဆိုသည်။
ကျူးကျော်နေထိုင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သည့် အိမ်ထောင်စုပေါင်း တစ်သိန်း ခန့်ရှိရာ အမှန်တကယ်နေစရာမရှိသဖြင့် ကျူးကျော်နေထိုင်သူများကိုသာ နေရာချထားပေး သွားမည်ဟု သိရသည်။
Ref : Myanmar Times
Photo Credit : Dailymail
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties