By mm times, Shweproperty.com
Updated at 9 December 2014
ရန်ကုန်မြို့စွန်နေရာဖြစ်သည့် လှိုင်သာယာ မြို့နယ်သည် ယခင်က လမ်းပန်းဆက်သွယ် ရေး အနေအထားများကြောင့် အိမ်ခြံမြေဈေးနှုန်းများ ငြိမ်သက်ခဲ့ရာမှ ယခုအခါတွင် မြစ်ကူး တံတားတစ်စင်းနှင့် ဘုရင့်နောင်ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ပြီးစီးခဲ့ပြီးနောက်ပိုင်း ဈေးကွက် အနည်းငယ် ပြန်လည်လှုပ်ရှား လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"လှိုင်သာယာ အိမ်ခြံမြေဈေးကွက်က အလားအလာကောင်းလာဖို့ အခြေအနေ အများကြီး ရှိပါတယ်။ အခု တံတားလည်းပြီးသွားပြီဆိုတော့ သွားရေးလာရေး လွယ်ကူ သွားရင် အဲဒီ ဘက်က အိမ်ရာစီမံကိန်းတွေ အလုပ်ဖြစ်လာနိုင်ပါတယ်။ အရင်တုန်းက သွားရလာရ နည်း နည်းခက်ခဲတော့ ဈေးကွက် က သိပ်မကောင်းဘူး။ အခုတော့ နည်းနည်း ပြန်လှုပ်လာပါပြီ" ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
လှိုင်သာယာမြို့နယ်သည် လှိုင်မြစ် တစ်ဖက်ကမ်းတွင်တည်ရှိပြီး အိမ်ရာများနှင့် စက်မှုဇုန် များစွာ တည်ရှိကာ ရွှေ့ပြောင်းနေထိုင်သူများ၊ စက်ရုံအလုပ်သမားများဖြင့် လူဦးရေထူထပ် သည့် မြို့နယ်တစ်မြို့လည်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြား မြို့နယ် များကဲ့သို့ လှိုင်သာယာမြို့နယ်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ယခုအခါတွင် အိမ်ရာများရှိမြေကွက်များနှင့် စက်မှုဇုန်မြေ များမှာ ဈေးကောင်း လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"လှိုင်သာယာမှာဆို ပန်းလှိုင်အိမ်ရာတို့၊ ၤြှု ဃငအပ တို့လို အိမ်ရာမျိုးတွေက ဈေးကောင်း တယ်။ စက်မှုဇုန်မြေကလည်း ရန်ကုန်မြို့မှာရှိ တဲ့ စက်မှုဇုန်တွေထဲမှာ လှိုင်သာယာစက်မှု ဇုန် မြေက ဈေးမြင့်တယ်။ ဒါပေမဲ့ ရပ်ကွက်တွေ ကတော့ ဈေးအရမ်းမမြင့်ဘူး။ လူနေထူ ထပ် ပြီး ဧရာဝတီဘက်က ရွှေ့ပြောင်းနေထိုင်တဲ့ သူတွေ အရမ်းများတယ်" ဟု ၎င်းက ပြောသည်။
p> လှိုင်သာယာမြို့တွင်းရှိ မြေဈေးများမှာ စတုရန်းပေ ၂,၄၀၀ တစ်ကွက်လျင် ကျပ်သိန်း ၂,၅၀၀ မှ ၃,၈၀၀ ခန့်ရှိပြီး ပေတစ်ရာ ပတ်လည် အကွက်များမှာ ကျပ် သိန်း ၅,၀၀၀ မှ ၁၀,၀၀၀ ကျော်ထိ ရှိသည်။ ရပ်ကွက်များရှိ မြေဈေးများမှာ တစ်ကွက် လျှင် ကျပ် သိန်း ၁,၀၀၀ ဝန်းကျင်ခန့် ရှိကာ စက်မှုဇုန်အတွင်းရှိ မြေကွက်များ မှာမူ တစ်ဧကလျင် ကျပ် သိန်း ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ရှိကြောင်း လှိုင်သာယာမြို့နယ် အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"တံတားပြီးသွားတော့ အရောင်းအဝယ် ကောင်းမယ်လို့ ထင်ထားတာ အရမ်းကြီးတော့ တက်မလာသေးဘူး။ အရောင်းထက် အငှား က ပိုများတယ်။ စက်မှုဇုန်မြေတွေကတော့ ဝယ်မယ့်သူတွေနည်းကုန်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရက စက်မှုဇုန်မြေတွေကို မဖြစ်မနေ အလုပ်လုပ်ရမယ်ပြောတော့ အရင် လိုဝယ်ထားပြီး ရင်းနှီးမြှုပ်နှံထားလို့ မရ တော့ ဘူး။ ဒီတော့ အရောင်းအဝယ် နည်းနည်းအေး သွားတယ်။ ဈေးတွေကတော့ မနှစ်ကနဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက် တော့ တက်လာတယ်လို့ ပြောလို့ရတယ်" ဟု လှိုင်သာယာမြို့နယ်ရှိ အောင်ခိုင်ခန့် အိမ်ခြံ မြေ အကျိုးဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ အိမ်ခြံ မြေများမှာ အရောင်းဈေးကွက်ပိုများပြီး စက်မှု ဇုန်လုပ်ငန်းလုပ်ကိုင်သူများ၊ စက်မှုဇုန်အလုပ် သမားများနှင့် နယ်မြို့များမှ လာရောက် အလုပ်လုပ်ကိုင်သူများ အများဆုံး ဝယ်ယူ၊ ငှားရမ်းကာ နေထိုင်လေ့ရှိကြောင်း လှိုင် သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထို့ပြင် လှိုင်သာယာမြို့နယ် အတွင်းနေထိုင်ကြသည့် စက်ရုံအလုပ်သမားများနေထိုင်မှုများပြားသည့် အလုပ်သမား တန်းလျား များတွင် အခန်းငှားရမ်းမှုများ မြင့်တက် လာ ကာ ဈေးနှုန်းများလည်း မြင့်တက် လာကြောင်း လှိုင်သာယာမြို့နယ် ရှမ်းချောင်း ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးတစ်ဦး က ပြောသည်။
"ဒီမှာ စက်ရုံမှာအလုပ်လုပ်တဲ့သူတွေနဲ့ နယ်က ပြောင်းလာတဲ့ သူတွေချည်းပဲ။ ကျွန်မတို့ နေတဲ့မြေပိုင်ရှင်က အိမ်တန်းလျား ဆောက်ထားပြီး ဒီကလူတွေကို ပြန်ငှား တယ်။ အခန်း တွေက ကျဉ်းပေမယ့် နေကြတာပဲ။ အရင်တုန်းကတော့ ဒီလိုအခန်းငှားခက လေးငါး ထောင်လောက်ကနေ အခု သုံးသောင်းလောက်ထိ တက်သွားတယ်။ ကျွန်မတို့နားက မြေတွေလည်း သိန်း ၈၀၀ လောက်ထိ ဈေးတွေ တက်ကုန်တယ်" ဟု ၎င်းကပြောသည်။
စက်မှုဇုန်များရှိသည့် လှိုင်သာယာမြို့နယ် သည် စက်မှုဇုန်လုပ်ငန်းများကိုမှီကာ ငှားရမ်း နေထိုင်သူ များပြားခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်ကောင်းမွန်ခဲ့ခြင်းဖြစ်ရာမှ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် ပြန်လည်ငြိမ်သက်ခဲ့ခြင်းဖြစ်ပြီး ယခုအသစ် ဆောက်လုပ်လိုက်သည့် ဘုရင့်နောင်လမ်းဆုံ ရှိ ခုံးကျော်တံတား နှစ်စင်းနှင့် မြစ်ကူး တံတားတို့ကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ရန် မျှော်လင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
"လှိုင်သာယာက အရင်က စက်မှုဇုန်တွေ ရှိတော့ စက်မှုဇုန် လုပ်ငန်းရှင်တွေကလည်း အလုပ်နဲ့နီးအောင် ဒီမှာပဲဝယ်ပြီးနေကြတယ်။ နောက်ပြီး အိမ်ရာကောင်းကောင်းတွေပေါ် လာတော့လည်း လာရောက်နေထိုင်တဲ့သူတွေ ရှိလာပြီး အိမ်ခြံမြေဈေးကွက်တော်တော် ကောင်းခဲ့တယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်ထဲ တံတားတွေမပြီးခင် ဈေးကွက်က တော် တော်ငြိမ် သွားပြီး ဝယ်ယူမယ့်သူ နည်း သွားတယ်။ အခု တံတားတွေလည်း အကုန်ပြီးပြီဆိုတော့ လုပ်ငန်း ပြန်ကောင်းလာ မယ်လို့တော့ မျှော်လင့်ပါတယ်"ဟု အောင်ခိုင်ခန့် အိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်ရှိသူက ပြောသည်။
သို့သော် လှိုင်သာယာမြို့စွန်ပိုင်းများတွင် လူနေပြွတ်သိပ်ပြီး ကျူးကျော်နေထိုင်သူများ လည်း များပြားသည့် အိမ်ခြံမြေဈေးကွက်မှာ ဈေးကောင်းမရကြောင်း ဦးခင်မောင်အေးက ပြော သည်။
"လှိုင်သာယာမြို့စွန်ဘက်က မြေဈေးကွက် က ဒဂုံမြို့သစ် မြောက်ပိုင်းတို့ တောင်ပိုင်းတို့ လို ဈေးမကောင်းဘူး။ လှိုင်သာယာက ကျူးကျော် နေထိုင်တဲ့သူတွေကလည်းရှိတယ်။ နယ်ပေါင်းစုံ ကလည်း ပြောင်းပြီးနေထိုင်တော့ လူကလည်း အရမ်းကျပ်တယ်။ အဲဒီ ဘက်မှာရှိတဲ့အိမ်ခြံမြေဈေးကွက်ကို လူသိပ်စိတ်မဝင်စားကြဘူး။ မြို့စွန်တွေ ထဲမှာတော့ မြောက်ဒဂုံဘက်က ဈေးအကောင်းဆုံးပဲ" ဟု ၎င်းက ပြောသည်။
လှိုင်သာယာမြို့နယ်ကို၁၉၈၅ ခုနှစ်ခန့် တွင် အခြေချတည်ထောင်ခဲ့ပြီး အစိုးရ၏ ရန်ကုန် မြို့သစ်ချဲ့ထွင်မှုများထဲတွင် ဖွံ့ဖြိုး တိုးတက်ခဲ့သည့် မြို့တစ်မြို့အဖြစ် ပါဝင်ခဲ့ သည်။ ထို့ပြင် စက်မှုဇုန်များစွာလည်း ရှိပြီး ဧက ၁,၄၀၀ ကျော်ရှိသည့် လှိုင်သာယာ စက်မှုဇုန် (၁၊၂၊၃၊၄၊ ၆၊၇)နှင့် ဧက ၂၀၀ကျော်ကျယ်ဝန်း သည့် လှိုင်သာယာ စက်မှုဇုန် (၅) အပြင် ဧက ၁,၁၀၀ ကျယ်ဝန်းသည့်ရွှေလင်ဗန်းစက်မှုဇုန် များလည်းရှိသည့်အတွက် အကြီးဆုံးစက်မှုဇုန်မြို့ တော်ထဲတွင်ပါဝင်ခဲ့သည်။
Ref : MM TIMES
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties