By The Modern, Shweproperty.com
Updated at 2 October 2015
ရွှေ့ပြောင်းနေထိုင်သူတွေ အများဆုံးနေရာ ဖြစ်တဲ့ လှိုင်သာယာမြို့နယ် တချို့က နယ်မြေတည်ငြိမ် အေးချမ်းမှုကို လိုချင်ကြတယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ အသက် (၃၀) ကျော်အမျိုးသား တစ်ဦးက "ဒီမှာက ခိုးမှု၊ လုယက်မှုတွေ အရမ်းဖြစ်နေတယ်၊ နယ်မြေကလဲ မတည်ငြိမ်ဘူး၊ ရန်တွေကလဲ ခဏခဏ ဖြစ်နေတော့ နယ်မြေအေးချမ်း စေချင်တယ်"လို့ ပြောပါတယ်။
"ကျုးကျော်တွေရဲ့ ဘဝတွေက out of society ဖြစ်နေတာ၊ သူတို့က နေထိုင်စရာမရှိ၊ ရတဲ့ နေရာမှာ အဆင်ပြေအောင် နေရတဲ့ ကြားကမှ နယ်မြေမအေးချမ်းတော့ ပိုပြီးဒုက္ခလို့" ကိုယ်စားလှယ်လောင်း ဒေါက်တာသန်းမြင့်က ပြောပါတယ်။
လှိုင်သာယာမြို့နယ်မှာ လုယက်မှုတွေ၊ ဆိုင်ကယ်အုပ်စုဖွဲ့ပြီး လုယက်တာတွေ၊ မှောင်ရိပ်ခိုပြီး ဒုစရိုက်မှု ကျူးလွန်တာတွေလည်း ရှိနေတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေရှိတယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း မှာရှိတဲ့ တခြားမြို့နယ်တွေထက် ခိုးမှု၊ လုယက်မှုတွေနဲ့ လူသတ်မှုတွေ ပိုမိုဖြစ်ပွားတာကြောင့် လှည့်ကင်း၊ ဝပ်ကင်းတွေကို တိုင်း၊ ခရိုင်ကပါ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
တချို့နေရာတွေမှာ ဆိုရင် နေဝင်ပြီဆိုတာနဲ့ ခိုးမှု၊ လုယက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် အပြင်ကို မထွက်ရဲတာမျိုးတွေ၊ တစ်ယောက်တည်း မသွားရဲတာမျိုးတွေ အထိ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်မှာနေတဲ့ မလွင်မာက "အစ်မတို့က နယ်မြေအေးချမ်းတာပဲ လိုချင်တယ် ၊ အခုဆိုရင် ညဘက်မှောင်တာနဲ့ အပြင်ကို တစ်ယောက်တည်း မသွားရဲတော့ဘူး၊ တစ်ခါတလေ အလုပ်ဆင်းတာ နောက်ကျရင် အိမ် မပြန်ရဲဘူး၊ အိမ်မပြန်ရဲတော့ အိုဗာတိုင်တောင် မဆင်းနိုင်တော့ဘူး"လို့ ပြောပါတယ်။
Ref : The Modern
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties