By မိုးမင်း, Shweproperty.com
Updated at 17 April 2012
လှည်းကူးမြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ ယခုနှစ်များအတွင်း မကြုံစဖူး အဆမတန် မြင့်တက်မှုများရှိလာကြောင်း ဒေသခံများထံမှ ကြားသိရသည်။ ယခင်ကားလမ်းမကြီးအနီး မြေဈေးမှာ တစ်ဧကအကျယ်ကို ကျပ် ၃/၄ သိန်းခန့်သာရှိခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၅၀ခန့်ထိအဆမတန်မြင့်တက်သွားခဲ့ရပြီး ရန်ကုန်မြို့တွင်း ငွေကြေးတတ်နိုင်သူများက အလုံးအရင်းဖြင့် လာရောက်ဝယ်ယူမှုများ ရှိလာသည်ဟု သိရသည်။ “ဘာကြောင့်ဈေးတက်ရတယ်ဆိုတာ ဘယ်သူမှ ရေရေရာရာ မသိဘူး။ တက်တာကတော့ မကြားဘူးတဲ့ ဈေးတွေ ဖြစ်ကုန်တာပါပဲ” ဟု လှည်းကူးဈေးကြီးအတွင်း ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။“အန်တီတို့ ခြံဘေးက မြေကွက်ကြီးဆို အရင်က ရေတွေဝပ်ပြီး ၇ သိန်း၊ ၈ သိန်းနဲ့တောင် ဝယ်မယ့်သူ မရှိတာ။ ဟိုတလောကမှ ကျပ်သိန်း ၁၅၀၀ နဲ့လာဝယ်သွားတယ်။ အခုသေသေချာချာမြေဖို့ပြီး အုတ်တံတိုင်းတွေဘာတွေ ခတ်ထားတယ်။ ဘယ်သူမှ ဈေးဒီလောက် ဖြစ်မယ်မထင်ဘူး။ အန်တီရဲ့ စိုက်ခင်းဆိုရင်လည်း အရင် သုံးသိန်းလောက်ပဲရှိတာ။ အခု သိန်း ၁၅၀ လောက် ပေါက်နေပြီ။ ဒါမျိုးတက်တာ ဘယ်လောက်မှ မကြာသေးဘူး” ဟု လှည်းကူးမြို့နယ် ပြည်လမ်းမကြီးအနီး စိုက်ပျိုးရေးခြံလုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထိုသို့ အိမ်၊ ခြံ၊ မြေဈေးများ မြင့်တက်လာခြင်းမှာ နိုင်ငံရေးအခြေအနေနှင့်လည်း ဆက်စပ်မှု ရှိနိုင်ပြီး ယခုကြားဖြတ် ရွေးကောက်ပွဲ ပြီးစီးပြီးနောက် ဆက်လက်၍ ဈေးမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း ယင်းဒသမှာ စိုက်ပျိုးရေး အဓိကလုပ်ကိုသည့်အတွက် စိုက်ပျိုးမြေပိုမိုများပြားကြောင်း ဒေသခံများထံမှ ကြားသိရသည်။Source: News Watch Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties