By အိအိကျော်, Shweproperty.com
Updated at 2 April 2014
လှည်းတန်း၊ ကမာရွတ်မြို့ နယ်ဘက်က ကန်ထရိုက်တိုက်ခန်းတချို့ အငှားစပေါ်ငွေ အနည်းဆုံး ကျပ်သိန်း ၃၀ အထိ တိုးတောင်းလာကြတယ်လို့ သိရပါ တယ်။
“ပေ ၂၀ x ပေ ၄၀ ကန်ထရိုက်တိုက်ခန်းတောင် စပေါ်ငွေ သိန်း ၃၀ ကနေ သိန်း ၅၀ အထိ တောင်းလာကြတာ၊ အိမ်လခ လျှော့လားဆိုတော့လဲ ၆၀,ဝဝဝ ၊ ၇၀,ဝဝဝ က အနည်းဆုံးပဲ၊ ဒီဘက်တွေမှာ အငှားများလာတော့ အရမ်းဈေးခေါ်လာတာ”လို့ ကံပွင့် အိမ်ခြံမြေအကျိုးဆောင်မှ မန်နေဂျာ ဒေါ်နွယ်နွယ်စိုးက ပြောပါတယ်။
လှည်းတန်းဘက်က ကန်ထရိုက် တိုက်ခန်းငှားရမ်းခတွေက နေရာပေါ်မူတည်ပြီး စပေါ်မတင်ရင် အနည်းဆုံး တစ်လကို ငှားခကျပ်တစ်သိန်းမှ နှစ်သိန်းဝန်းကျင်အထိ ရှိပါတယ်။ စပေါ်ငွေ တင်ရ တယ်ဆိုရင်တော့ အနည်းဆုံးကျပ် သိန်း ၃၀ အထိ တောင်းလာကြတယ်လို့ သိရပါ တယ်။
“ငါးလွှာတောင် စပေါ်ကျပ် ၃၅ သိန်း တောင်းတယ်၊ ဈေးတွေက မတရား ကြီးတာ၊ စပေါ်ပျောက်ဆိုလဲ တစ်လ ကျပ် နှစ်သိန်းတောင်ဆိုတော့ အနည်းဆုံး ခြောက် လငှားရင် ၁၀ သိန်းကျော်ပြီ၊ နေစရာနေရာ တော်တော်ကို ဈေးကြီးနေပြီ”လို့ လှည်းတန်း စိန်ဂေဟာနောက်နားမှာ နေသူ မရတနာလွင်က ပြောပါတယ်။
အခုလို စပေါ်ငွေ တိုးတောင်းတာတွေက တခြားမြို့နယ်တွေမှာလည်း ဖြစ်နေတာကြောင့် အိမ်ငှားနေထိုင်ကြရတဲ့ အခြေခံ လက်လုပ်လက်စားနဲ့ လူလတ်တန်း စားတွေအဖို့ ပိုပြီးခက်ခဲလာကြတယ်လို့ သိရပါတယ်။
“စပေါ်မပေးနိုင်တော့ ခြောက်လတစ်ခါ အိမ်ငှားဖို့ ပိုခက်ခဲလာပြန်ရော၊ ကိုယ် တောင် အံ့ဩတယ်၊ အိမ်ငှားခတွေ၊ အိမ် ဈေးတွေ ဒီလောက်အထိ မြှင့်လာမယ် တောင် မထင်ထားဘူး” လို့ ကံပွင့်အိမ်ခြံမြေ အကျိုးဆောင်မှ တာဝန်ရှိသူက ပြောပါ တယ်။
Ref : Kumudra
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties