By Yangon Media Group, Shweproperty.com
Updated at 18 July 2017
ကျူးကျော်နေအိမ်များဖယ်ရှားထားသည့် လှည်းကူးအမြန်လမ်းဘေးမြေဧကပေါင်း ၁၅ဝဝ ခန့်တွင် လူနေတိုက်ခန်းပေါင်း ၄ဝဝဝ ကို လာမည့်လမှ စတင်ဆောက်လုပ်မည်ဖြစ်ကြောင်းသိရသည်။ အဆိုပါနေရာတွင် လက်ရှိ၌ မြေကွက်တိုင်းတာခြင်း၊ ခြံစည်းရိုးခတ်ခြင်း စသည့်လုပ်ငန်းများကို စတင်ဆောင် ရွက်နေပြီဖြစ်သည်။ ဆယ်စုနှစ်တစ်ခုအထိ အကောင်အထည်ဖော်ဆောင်ရွက်ရန်လျာထားသည့် မြို့ပြစီမံကိန်း၏ ပထမဦးဆုံးအ ဖြစ် လူနေအိမ်ခန်း ပေါင်း ၄ဝဝဝ ကို စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန် ကြားရေးမှူး ဦးယုခိုင်ကပြောသည်။
''အခုက ခြံစည်းရိုးတွေခတ်၊ မြေတိုင်းတာတွေစလုပ် နေပြီ။ လူနေတိုက်ခန်းတွေဆောက်ဖို့က ရှေ့လမှစမယ်။ အခုကထပ်ပြီးမကျူးအောင် အရင်ဆုံးလုပ်နေရတဲ့အနေအထားပါ။ စီမံကိန်းမှာလူတွေတိုက်ခန်းတွေပြီးရင် အနားယူလို့ရမယ့်ပန်းခြံတွေ ဆိုလိုချင်တာက မြို့ပြင်ထွက်လိုက်တဲ့ ပြည်သူတွေအနားယူနိုင်မယ့်နေရာပေါ့။ ၁၁၅ မိုင်လိုမျိုး အဲဒီလိုပုံစံလုပ်သွားမယ်'' ဟု ဦးယုခိုင်ကဆိုသည်။ ယင်းအပြင် အဆိုပါနေရာတွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ပူးပေါင်းကာ ဆေးရုံ၊ ကျောင်း၊ တက္ကသိုလ်၊ အပန်းဖြေနားနေရာကစားကွင်းများ၊ လူနေတိုက်ခန်းများစသည့် မြို့ပြစီမံကိန်းတစ်ခုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ထိုသို့ဆောင်ရွက်နိုင်ရန် ယင်းလှည်းကူးအမြန်လမ်း ၃ မိုင်၄ ဖာလုံနှင့် ၅ မိုင်အတွင်း စခန်းကြီးကျေးရွာ အုပ်စုရှိ ကျူးကျော်ဆောက်လုပ်ထားသည့် နေအိမ် ၅ဝဝဝ ကျော်ခန့်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက ဇွန် ၁၂ ရက်မှစ၍ ၁ဝ ရက်အတွင်း ဖယ်ရှားရှင်းလင်းခဲ့သည်။ ယင်းနေရာမှ နေအိမ်ဖယ်ရှားခံရသူအချို့က ၎င်းတို့သည် ဝယ်ယူနေထိုင်သူများဖြစ်သဖြင့် လိမ်လည် ရောင်းချခဲ့သူများကို အမြန်ဆုံးဖမ်းဆီးအရေးယူပေးရန် တောင်းဆိုနေသလို နစ်နာသည့်ပြည်သူများအား အစိုးရအနေဖြင့် မည်သို့ကုစားပေးမည်နည်းဟုလည်း မေးခွန်းထုတ်ကြသည်။
Ref & Photo Credit : Yangon Media Group
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties