COVID-19 ကပ်ရော ဂါကာလအတွင်း စတင်မည့် ရန်ကုန်တိုင်း၏ စီမံကိန်းသုံးခုအ နက် ကျန်ရှိနေသော လှည်းကူး စက်မှုဥယျာဉ်စီမံကိန်းကို ယခုနှစ် ဆန်းပိုင်းတွင် မြေပြင်တည် ဆောက်ရေးလုပ်ငန်းများ စတင် နိုင်မည်ဟု မြန်မာနိုင်ငံလယ်ယာ စီးပွားရေးအများပိုင်ကုမ္ပဏီလီမိ တက် (MAPCO) ၏ အုပ်ချုပ်မှုဒါ ရိုက်တာ ဦးရဲမင်းအောင်က ပြောသည်။


အမေရိကန်ဒေါ်လာ သန်း ၂၃၀ ရင်းနှီးမြှုပ်နှံပြီး မြေဧက ၁,၅၀၀ ခန့်တွင် အကောင်အ ထည်ဖော်မည့် လှည်ကူးစက်မှု ဥယျာဉ်မြို့တော်စီမံကိန်းကို စင် ကာပူအစိုးရ ရှယ်ယာထည့်ဝင် ထားသည့် Sembcorp ကုမ္ပဏီ၊ MAPCO အများပိုင်ကုမ္ပဏီနှင့် PATAMA Group ကုမ္ပဏီတို့ ပူး ပေါင်း အကောင်အထည်ဖော်မည် ဖြစ်သည်။


‘‘စီမံကိန်းက ဒီနှစ်ဆန်းပိုင်း မှာပဲ စတင်နိုင်မှာပါ’’ ဟု ဦးရဲမင်း အောင်က ပြောသည်။


ကပ်ရောဂါကာလအတွင်း ရန်ကုန်တိုင်းတွင် စီမံကိန်းကြီး သုံးခုနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၀ ရက် ပြည်သူသို့ အစီရင်ခံ တင်ပြသည့်မိန့်ခွန်းတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ထည့် သွင်းပြောကြားခဲ့သည်။





မြန်မာ-ကိုရီးယား ပူးပေါင်း အကောင်အထည် ဖော်မည့် ညောင်နှစ်ပင် စက်မှုဇုန်စီမံကိန်း၊ လှည်းကူးမြို့နယ်ရှိ မြန်မာ-စင် ကာပူ ပူးပေါင်းအကောင်အထည် ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်း နှင့် ဒဂုံမြို့သစ်တွင် မြန်မာ-ထိုင်း ပူးပေါင်းအကောင်အထည်ဖော် မည့် Smart and Eco City Project တို့ဖြစ်သည်။ ညောင်နှစ် ပင်စက်မှုဇုန်စီမံကိန်းနှင့် စမတ် စီးတီးစီမံကိန်းကို ပန္နက်ရိုက်ပြီး ဖြစ်သည်။


အထက်ပါစီမံကိန်းများ အ ကောင်အထည်ဖော်ခြင်းက ပြည် တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာနိုင်ခြင်းသာမက ပြည် သူများအတွက် အလုပ်အကိုင်အ ခွင့်အလမ်းများ ဖန်တီးပေးနိုင် မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ကပြောကြားခဲ့သည်။ စီမံကိန်း များ အကောင်အထည်ဖော်ခြင်း က COVID အလွန် ပြည်သူတစ်ဦး ချင်းစီ၏ စီးပွားရေးအခြေအနေ ဦးမော့လာစေရေး အထောက်အ ကူဖြစ်မည်ဟု ဆိုထားသည်။


လှည်းကူးစက်မှုဥယျာဉ်စီမံ ကိန်းအကောင်အထည်ဖော်နိုင် မည်ဆိုလျှင် ပြည်တွင်းအလုပ်အ ကိုင်အခွင့်အလမ်း ခုနစ်သောင်း ကျော်ကို ဖန်တီးပေးနိုင်မည်ဟု ရန်ကုန်တိုင်းအစိုးရက ခန့်မှန်း ထားသည်။


ထို့အပြင် လှည်းကူးစက်မှု ဥယျာဉ်စီမံကိန်းသည် လက်ရှိ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရည်မှန်းချက်တစ်ခုဖြစ်သော ရန် ကုန်မြို့တော်ပြင်ပ ၁၁ မြို့နယ် တွင် စက်မှုဇုန်အကောင်အထည် ဖော်ရေးအစီအစဉ်၏ အစိတ် အပိုင်းတစ်ခုလည်းဖြစ်သည်။


နောက်ဆုံးရ သတင်းများ


တိုင်းဒေသကြီး ၃ခုတွင်အကောင်အထည်ဖော်မည့် ဝါစက်မှုဇုံစီမံကိန်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်


တန်ဖိုးနည်း၊ တန်ဖိုးသင့် တိုက်ခန်းများကို အရင်းအနှီးနည်းနည်းဖြင့် ဝယ်လို့ရနေပါပြီ


သီလဝါ စက်မှုဇုန်အနီး တန်ဖိုးနည်းအိမ်ရာရှိ တိုက်ခန်းများရောင်းမည်


မြန်မာနိုင်ငံစက်မှုဇုန်ဖွံ့ဖြိုးရေးလုပ်ငန်းတွင်ထိုင်းလုပ်ငန်းစုကြီးများပါဝင်လာ


Credit : 7day New
Posted By : Sint Sint (ShweProperty.com)