By 7daydaily.com, Shweproperty.com
Updated at 8 August 2014
လှည်းကူးမြို့နယ်တွင် တရုတ်နိုင်ငံမှ စက်မှုဇုန်စီမံကိန်း လုပ်ဆောင်မည်ဆိုခြင်းကြောင့် အိမ်ခြံမြေဈေးများ ဆက်တိုက်မြင့်တက်လာပြီး အရောင်းအဝယ်ဖြစ်နေကြောင်း လှည်းကူးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
‘‘ဈေးတွေက ရက်ပိုင်းအတွင်း အရင်ဆယ်ဂဏန်းရှိတဲ့အကွက်က ရာဂဏန်းပြောင်းသွားတယ်’’ဟု မြမြင့်မိုရ်အိမ်ခြံမြေအကျိုးဆောင်ကပြောသည်။
အဓိကအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းနေရာအနီး လှည်းကူးမြို့အဝင် ကျွန်းကုန်းကျေးရွာအနီးတွင် ပေ ၁၀၀ ကျယ် မြေကွက်တစ်ကွက်လျှင် ယခင် ကျပ်သိန်း ၆၀၀ တန်မြေကွက်မှာ ယခုရက်ပိုင်းအတွင်း ကျပ် သိန်း ၈၀၀၀ မှ သိန်းတစ်သောင်းကျော်အထိ မြင့်တက်သွားကြောင်း လှည်းကူးကျွန်းကလေးရွာ ဒေသခံကိုစိုးမင်းက ပြောသည်။
ထို့အပြင် စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် ရန်ကုန်-သင်္ဃန်းကျွန်းဘက်မှ ပဲခူးဘက်သို့ လာသည့်ကားလမ်းကြောင်းပေါ်ရှိသည့် ဆားတလင်းနှင့် ကျွန်းကုန်းရွာကြား လယ်မြေအများစုလည်း ယခင်ဆယ်ဂဏန်းဝန်းကျင်ရှိခဲ့ရာမှ ယခုရာဂဏန်းဝန်းကျင်အထိ ဈေးမြင့်တက်သွားပြီဖြစ်ကြောင်း အထက်ပါဒေသခံက ပြောသည်။
အဆိုပါ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော်မည့် ကျွန်းကုန်းနှင့် နဘဲပင်ကျေးရွာကြားရှိ မြေကွက်များတွင်လည်း တစ်ဧကလျှင် သိန်း ၃၅၀ ကျော်အထိ ဈေးကောင်းပေးဝယ်ယူနေကြကြောင်း အဆိုပါ ဒေသခံအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
‘‘ဖြစ်လာနိုင်တဲ့လမ်းကို ရွေးချယ်ပြီး လာဝယ်နေကြတာ’’ဟု လှည်းကူးမြို့ဒေသခံတစ်ဦးကဆိုသည်။
ယခင် လယ်မြေနှစ်ဧကကျော်ကို ကျပ်သိန်း ၃၀ ကျော်ဖြင့် ဝယ်ယူထားရာ ယခုပေါက်ဈေးအရ သိန်း ၃၅၀ အထိ ဈေးကောင်းပေး လာရောက်ဝယ်ယူမှုများ ရှိနေပြီဖြစ်ကြောင်း မြေကွက်ဝယ်ယူထားသူတစ်ဦးက ဆိုသည်။
Ref : 7dayDaily
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties