၁. မနက် နေမထွက်ခင် ဆူပူသောင်းကျန်းခြင်း။


၂. ညနေ နေမဝင်ခင် ဆဲဆို ကျိန်တွယ်ခြင်း။


၃. ဘုရားစင်သာ ရှိပြီး ဘုရားပန်းမလဲ ဘုရားသောက်တော်ရေ မလဲခြင်း။


၄. အိမ်ထောင်ဦးစီး ဘုန်းကံ နိမ့်နေခြင်း။


၅. သားသမီးများရှိပါက ရယ်သံ ပျော်ရွှင်သံ မရှိခြင်း။


၆. သားသမီးမရှိပါက ၃ လ တစ်ခါ အိမ်မဆေးခြင်း။


၇. မရရှိဖူးသော စည်းစိမ် ဥစ္စာတို့ကို မသမာ သော နည်းဖြင့် ရှာဖွေ စားသောက်ခြင်း။


ထိုအချက် ( ၇ ) ချက်ထဲမှ ၃ ချက်လောက် ပြုလုပ်နေမိပါက အမြန်ဆုံး ပြင်ဆင်နိုင်ရန် အသိပေး တင်ပြလိုက်ပါတယ်။





အိမ်ကို လာဘ်တိတ်စေမယ့်သူ ဒုက္ခပေးမဲ့သူမျိုးတွေ မလာစေချင်ရင် လုပ်ဆောင်ရမည့် အစီရင် ကိုလည်း ဖော်ပြပေးလိုက်ပါတယ်.......


မိမိနေအိမ် ဘုရားတွင် သံပုရာသီး(၁၀)လုံးကို လှူပါ။အိမ်အဝင်ဝတွင် သံပုရာသီး(၁)လုံးကို သံ ဖြင့်ရိုက်ထားပါ။ နေအိမ် ပတ်လည်တွင် ရှာလကာရည်ဖြင့် ပတ်ဖြန်းပေးပါ။ဤအစီရင်အား လုပ်ဆောင်ခြင်းဖြင့် မိမိနေအိမ်သန့်လာခြင်း အိမ်တွင်းပြသနာ မရှိခြင်း အိမ်တွင်း စီးပွားရေး ကျန်းမာရေး နှင့် အစစအရာရာ အန္တရာယ်ရှင်း ဘေးကင်းကြစေသော်။


အိမ်ရှေ့ ဝရံတာ၊ (သို့) တံခါးဝအနီး မှာ ရေခွက်ကိုမှောက် ဖယောင်းတိုင် ထွန်းပါ။ ခွက်အောက်မှာ ကျောက်ခဲ တစ်လုံး ထည့်ထားပါ။ ပလပ်စတစ် သောက်ရေခွက်ဆိုရင် အောက်က ကျောက်ပြား အကြွေစေ့ ခံထွန်းပါ။ သောက်ရေခွက် အဟောင်းသုံးပါ။ တစ်ပတ်လောက် ထွန်းပြီးရေခွက်ပြန်သိမ်းထားပါ။ရေခွက် ( သောက်ရေခွက်အဖြစ်) ပြန်မသုံးရ။‎


အတိုက်အခိုက် အနှောင့်အယှက်များရှိနေလို့ မိမိနေအိမ်သန့်လိုသော် မိမိအိမ်အတွင်း မိသားစုများ မကြာခဏ အမြဲတမ်း အကြောင်းမရှိ အကြောင်းရှာ ရန်ဖြစ်နေရခြင်း တစ်ယောက်ပြီး တစ်ယောက် ကျန်းမာရေး ညံ့နေခြင်း အိမ်အတွင်း စီးပွားရေး အလိုလို ပျက်ပျားနေခြင်းအတိုက်အခိုက် အနှောင့် အယှက်များရှိနေလျှင် နေအိမ်မသန့်သောကြောင့် အောက်ပါ အစီရင်အတိုင်း လုပ်ဆောင်ခြင်းဖြင့် ကာကွယ်ပါ မိတ်ဆွေ။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


အိုးပိုင် အိမ်ပိုင်နှင့် ဖြစ်လာအောင် ယတြာ


နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ


ဖုန်းရွှေအယူအဆနဲ့ ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း


အညံ့တွေပြုံစေလို့ အိမ်ပတ်ဝန်းကျင်တွင် မစိုက်သင့်သော အပင်တစ်ချို့


Credit : Social Media & Celemedia
Posted By : Sint Sint (ShweProperty.com)