By Sint Sint, Shweproperty.com
Updated at 29 November 2020
Unicode
တစ်ခါတလေ ဘာလုပ်လုပ် အဆင်မပြေတာမျိုး၊ စိတ်တွေနောက်ကျိပြီး နေရထိုင်ရမကောင်းတာမျိုး၊ မကြာခဏဖျားနာတာမျိုးတွေဒါမှမဟုတ် အိမ်တစ်အိမ်ကိုဝင်လိုက်တာနဲ့ စိတ်ထဲမှာ တစ်မျိုးကြီးခံစားရတာမျိုး ဖြစ်ဖူူးပါသလား။ ဒါဆိုရင်တော့ အဲ့ဒီ့အိမ်ထဲမှာ အညံ့တွေ၊ မကောင်းတဲ့အမှောင့်ပယောဂတွေရှိနေလို့ဖြစ်နိုင်ပြီး ကြုံတွေ့ရမယ့် လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပင်ပန်းနွမ်းနယ်ခြင်း
တစ်ခါတလေမှာ အပြင်ကပြန်လာလို့ ပင်ပန်းနွမ်းနယ်တာမျိုးကတော့ သဘာဝပါပဲ။ ဒါပေမယ့်လည်း နေရင်းထိုင်ရင်းနဲ့ နေ့တိုင်းလိုလို အားအင်ကုန်ခမ်းတာ၊ ပင်ပန်းနွမ်းနယ်တာမျိုးတွေဖြစ်ပြီး အပြင်ထွက်လိုက်ရင်တော့ ချက်ချင်း ကောင်းသွားတာမျိုးဖြစ်ရင်တော့ အိမ်ထဲမှာ မကောင်းတဲ့ အမှောင့်ပယောဂတွေရှိနေတဲ့ လက္ခဏာပါပဲ။
(၂) ခေါင်းကိုက်ခြင်း
အိမ်ထဲကိုဝင်လိုက်တာနဲ့ ဒါမှမဟုတ် အခန်းထဲကို ဝင်လိုက်တာနဲ့ ခေါင်းကိုက်တာ၊ ခေါင်းတွေလေးလံတာမျိုးတွေ ခံစားရတယ်ဆိုရင်တော့ အဲဒါဟာလည်း မကောင်းတဲ့ အမှောင့်ပယောဂတွေရှိနေတဲ့လက္ခဏာပါပဲ။
(၃) အသက်ရှူကျပ်တယ်
အိမ်ထဲမှာနေရင် အသက်ရှူကျပ်ပြီး လေးလံထိုင်းမှိုင်းနေတယ်၊ စိတ်တွေကလည်း လေးလံပြီး မအီမသာခံစားရတယ်၊ ငိုချင်သလိုလိုကြီးဖြစ်နေတယ်ဆိုရင်တော့ ဒါဟာလည်း မကောင်းတဲ့ အမှောင့်ပယောဂတွေရှိနေတဲ့လက္ခဏာပါပဲ။
(၄) အပင်တွေမရှင်နိုင်ဘူး
အမှောင့်ပယောဂတွေဟာ လူတွေကိုတင်မကပဲ သက်ရှိတွေအားလုံးအပေါ်ကို သက်ရောက်နိုင်ပါတယ်။ ဒါကြောင့် တိရိစ္ဆာန်လေးတွေက ထူးဆန်းတဲ့အပြုအမူတွေလုပ်နေတယ်၊ အပင်လေးတွေကလည်း ညှိုးနွမ်းပြီး မရှင်နိုင်ဖြစ်နေရင်တော့ အမှောင့်ပယောဂတွေရှိနေတဲ့ လက္ခဏာပါပဲ။
(၅) အနံ့အသက်မကောင်းဘူး
အခန်းဟာ ဘယ်လောက်ပဲရှင်းရှင်း ပုတ်အဲ့အဲ့အနံ့၊ ညှီစို့စို့အနံ့၊ မသတီစရာအနံ့အမြဲရှိနေတယ်ဆိုရင်တော့ ဒါဟာလည်း အမှောင့်ပယောဂ တစ်နည်းအားဖြင့် မကောင်းဆိုးဝါးရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။
(၆) အိပ်မပျော်ဘူး
တစ်ခါတလေ အိမ်မပျော်တာမျိုးကတော့ ပြသနာမဟုတ်ပေမယ့် ညတိုင်းလိုလို အိပ်မပျော်နိုင်ဘူး၊ အိပ်မက်ဆိုးတွေလည်းမက်တယ်၊ ကြောက်သလိုလို အမြဲတမ်းဖြစ်နေတယ်ဆိုရင်တော့ ဒါဟာလည်း အမှောင့်ပယောဂတွေ ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ
အိမ်တွေမှာ အသုံးများတဲ့ ဒယ်အိုးနီရဲ့ မာယာ အန္တရာယ်အကြောင်း
အိမ်မှာ ခြင်ဆေးခွေကို အသုံးပြုရင် ဒါလေးတော့သိထားပါ
အိမ်မှာထားရင် လာဘ်ကောင်းစေတယ်လို့ ယူဆကြတဲ့ အဆောင်များ
Zawgyi
တစ္ခါတေလ ဘာလုပ္လုပ္ အဆင္မေျပတာမ်ိဳး၊ စိတ္ေတြေနာက္က်ိၿပီး ေနရထိုင္ရမေကာင္းတာမ်ိဳး၊ မၾကာခဏဖ်ားနာတာမ်ိဳးေတြဒါမွမဟုတ္ အိမ္တစ္အိမ္ကိုဝင္လိုက္တာနဲ႔ စိတ္ထဲမွာ တစ္မ်ိဳးႀကီးခံစားရတာမ်ိဳး ျဖစ္ဖူူးပါသလား။ ဒါဆိုရင္ေတာ့ အဲ့ဒီ့အိမ္ထဲမွာ အညံ့ေတြ၊ မေကာင္းတဲ့အေမွာင့္ပေယာဂေတြရွိေနလို႔ျဖစ္ႏိုင္ၿပီး ႀကဳံေတြ႕ရမယ့္ လကၡဏာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ပင္ပန္းႏြမ္းနယ္ျခင္း
တစ္ခါတေလမွာ အျပင္ကျပန္လာလို႔ ပင္ပန္းႏြမ္းနယ္တာမ်ိဳးကေတာ့ သဘာဝပါပဲ။ ဒါေပမယ့္လည္း ေနရင္းထိုင္ရင္းနဲ႔ ေန႔တိုင္းလိုလို အားအင္ကုန္ခမ္းတာ၊ ပင္ပန္းႏြမ္းနယ္တာမ်ိဳးေတြျဖစ္ၿပီး အျပင္ထြက္လိုက္ရင္ေတာ့ ခ်က္ခ်င္း ေကာင္းသြားတာမ်ိဳးျဖစ္ရင္ေတာ့ အိမ္ထဲမွာ မေကာင္းတဲ့ အေမွာင့္ပေယာဂေတြရွိေနတဲ့ လကၡဏာပါပဲ။
(၂) ေခါင္းကိုက္ျခင္း
အိမ္ထဲကိုဝင္လိုက္တာနဲ႔ ဒါမွမဟုတ္ အခန္းထဲကို ဝင္လိုက္တာနဲ႔ ေခါင္းကိုက္တာ၊ ေခါင္းေတြေလးလံတာမ်ိဳးေတြ ခံစားရတယ္ဆိုရင္ေတာ့ အဲဒါဟာလည္း မေကာင္းတဲ့ အေမွာင့္ပေယာဂေတြရွိေနတဲ့လကၡဏာပါပဲ။
(၃) အသက္ရႉက်ပ္တယ္
အိမ္ထဲမွာေနရင္ အသက္ရႉက်ပ္ၿပီး ေလးလံထိုင္းမႈိင္းေနတယ္၊ စိတ္ေတြကလည္း ေလးလံၿပီး မအီမသာခံစားရတယ္၊ ငိုခ်င္သလိုလိုႀကီးျဖစ္ေနတယ္ဆိုရင္ေတာ့ ဒါဟာလည္း မေကာင္းတဲ့ အေမွာင့္ပေယာဂေတြရွိေနတဲ့လကၡဏာပါပဲ။
(၄) အပင္ေတြမရွင္ႏိုင္ဘူး
အေမွာင့္ပေယာဂေတြဟာ လူေတြကိုတင္မကပဲ သက္ရွိေတြအားလုံးအေပၚကို သက္ေရာက္ႏိုင္ပါတယ္။ ဒါေၾကာင့္ တိရိစာၦန္ေလးေတြက ထူးဆန္းတဲ့အျပဳအမူေတြလုပ္ေနတယ္၊ အပင္ေလးေတြကလည္း ညႇိဳးႏြမ္းၿပီး မရွင္ႏိုင္ျဖစ္ေနရင္ေတာ့ အေမွာင့္ပေယာဂေတြရွိေနတဲ့ လကၡဏာပါပဲ။
(၅) အနံ႔အသက္မေကာင္းဘူး
အခန္းဟာ ဘယ္ေလာက္ပဲရွင္းရွင္း ပုတ္အဲ့အဲ့အနံ႔၊ ညႇီစို႔စို႔အနံ႔၊ မသတီစရာအနံ႔အၿမဲရွိေနတယ္ဆိုရင္ေတာ့ ဒါဟာလည္း အေမွာင့္ပေယာဂ တစ္နည္းအားျဖင့္ မေကာင္းဆိုးဝါးရဲ႕ လကၡဏာေတြထဲက တစ္ခုျဖစ္ပါတယ္။
(၆) အိပ္မေပ်ာ္ဘူး
တစ္ခါတေလ အိမ္မေပ်ာ္တာမ်ိဳးကေတာ့ ျပသနာမဟုတ္ေပမယ့္ ညတိုင္းလိုလို အိပ္မေပ်ာ္ႏိုင္ဘူး၊ အိပ္မက္ဆိုးေတြလည္းမက္တယ္၊ ေၾကာက္သလိုလို အၿမဲတမ္းျဖစ္ေနတယ္ဆိုရင္ေတာ့ ဒါဟာလည္း အေမွာင့္ပေယာဂေတြ ရွိေနတဲ့ လကၡဏာျဖစ္ပါတယ္။
ေလ့လာမွတ္သားစရာ အိမ္ၿခံေျမေဆာင္းပါးမ်ား
အိမ္ေတြမွာ အသုံးမ်ားတဲ့ ဒယ္အိုးနီရဲ႕ မာယာ အႏၲရာယ္အေၾကာင္း
အိမ္မွာ ျခင္ေဆးေခြကို အသုံးျပဳရင္ ဒါေလးေတာ့သိထားပါ
အိမ္မွာထားရင္ လာဘ္ေကာင္းေစတယ္လို႔ ယူဆၾကတဲ့ အေဆာင္မ်ား
Ref : Aunty May
Photo Credit : Wagnerrealestate
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties