By Ra Wai, Shweproperty.com
Updated at 23 February 2022
“အိမ်တစ်အိမ်၏ အဓိက အချက်အခြာကျ ဧည့်ခန်းအားဖုန်းရွှေနည်းအရနေရာချထားခြင်းဖြင့် အိမ်သူအိမ်သားများသာမက အိမ်အတွက်လည်း ကံကောင်းခြင်းများကိုရရှိစေပါသည်။ ယခုလိုအိမ်အား မင်္ဂလာရှိရန် ဖုန်းရွှေနည်းအရနေရာရွေးခြင်း၊ အိမ်သူအိမ်သားများနှင့် အပ်ဆက်သောအိမ်အရောင်ရွေးချယ်ခြင်းတို့ကို ပြုလုပ်ရပါမည်။” ကျယ်ဝန်းပြီး လေကောင်းလေသန့်ရရှိသော ဧည့်ခန်း၏ အပြုသဘောဆောင်သော စွမ်းအင်စီးဆင်းမှုမှာ အခန်းများကိုလည်းသက်ရောက်မှုရှိပါသည်။ အကယ်၍အိမ်၏ ဧည့်ခန်းမှာ ဖုန်းရွှေနည်းအရ ကံကောင်းသော နေရာအနေအထားတွင်ရှိလျှင် ဖုန်းရွှေပညာရှင်များက ထို့အိမ်ပိုင်ရှင်အား ပိုမိုကံကောင်းစေရန် ငါးမွေးကန် (သို့) ရေနေ အပင်အလှကန်များကို ထားရှိရန် အကြံပြုကြပါသည်။ ဖုန်းရွှေနည်းအရဆိုလျှင် အိမ်တစ်အိမ်၏ ဧည့်ခန်းမှာ အရေးပါသော အခန်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိသားစုဝင်များမှာ အများအားဖြင့် ဧည့်ခန်းတွင် အနေများသောကြောင့် ဖြစ်ပါသည်။ အိမ်တစ်အိမ်၏ မိသားစုများ ဆုံဆည်းရာ အချက်အခြာကျသောနေရာပင်ဖြစ်ပါသည်။ ထို့ကြောင့် အိမ်၏ ဧည့်ခန်းမှာ ဖုန်းရွှေနည်းအရ နေရာမှန်လျှင် အိမ်အတွက် မင်္ဂလာရှိပြီး စိတ်ချမ်းမြေ့မှုကို ဖြစ်ပေါ်စေပါသည်။ ဧည့်ခန်းအား ဖုန်းရွှေနည်းအရ နေရာချခြင်း အားဆက်လက် လေ့လာကြရအောင်။ အလတ်စားနှင့် အသေးစား အိမ်များတည်ဆောက်ရာ တွင် ဗိသုကာပညာရှင်များက အများအားဖြင့် ဧည့်ခန်းအားအိမ်အဝင်ဝနှင့် ကပ်ရက်တွင် ထားရှိကာ တည်ဆောက်လေ့ရှိပါသည်။ ဤသို့ပြုလုပ်ရခြင်းမှာ ဧည့်ခန်းအား အိမ်အဝင်ဝမှ စီးဆင်းလာသော ကောင်းမွန်သည့် စွမ်းအင်များကို ရရှိစေရန် ဖြစ်ပါသည်။ ထို့ကြောင့် အိမ်အဝင်ဝနှင့် ကပ်လျက်ရှိသော ဧည့်ခန်းအား ဖုန်းရွှေနည်း အရနေရာချထား ခြင်းဖြင့် အိမ်၏အခြားအခန်းများကို လည်းအပြုသဘောဆောင်သော စွမ်းအင်များ စီးဆင်းပါလိမ့်မည်။ အပြုသဘောဆောင်သော စွမ်းအင်များ စီးဆင်းမှုကို ဟန့်တားရာရောက်သော ပရိဘောဂအကြီးများ၊ စားပွဲခုံများအား ဧည့်ခန်းတွင် ပြွတ်သိပ်စွာထားခြင်းနှင့် အိမ်အဝင်၀ မျက်နှာခြင်းဆိုင်တွင် ပစ္စည်းများထားခြင်းတို့အား ရှောင်ရှားရပါမည်။ အချို့အိမ်များအား ဖုန်းရွှေနည်းအရ တည်ဆောက်ထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ အချို့အိမ်ဆောက်လုပ်သူများက ဆောက်လုပ်မှုများ စတင်တည်းက ဖုန်းရွှေနည်းအရ တွက်ချက်ပြီး တည်ဆောက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထိုကဲ့သို့ အိမ်များတွင် ဖုန်းရွှေပညာရှင်များက အိမ်တွင် ကံကောင်းမှုများ ရောက်ရှိလာစေရန် ဧည့်ခန်းအား အိမ်အဝင်၀ အနီးအနားတွင် အသင့်တော်ဆုံး နေရာအဖြစ် ရွေးချယ်ပြီး အခန်းဖွဲ့လေ့ရှိပါသည်။ ဤနေရာတွင် အများအားဖြင့် ဝင်ငွေနှင့် သက်ဆိုင်သောကြောင့် လှုပ်ရှားနေသော အရာဝတ္ထုများကို ဧည့်ခန်းထဲတွင် ထားရှိစေပါသည်။ လှုပ်ရှားနေသော အရာဝတ္ထုများဆိုသည်မှာ ငါးမွေးကန်၊ ရေနေအပင် အလှကန်၊ Maneki-Neko (ခေါ်) ငွေခေါ်လက်ယက်ကြောင်အရုပ်၊ အဆက်မပြတ် လှုပ်ရှားနေသော အလှဆင်ပစ္စည်းများ၊ ဒီဂျစ်တယ်နာရီ အစရှိသော ပစ္စည်းများ ဖြစ်ပါသည်။ ဤအရာများမှာ မိမိအိမ်အား ပို၍သာယာဝပြောစေပါသည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ တရုတ် FENG SHUI (ဖုန်းရွှေ) ပညာအရ သင့်အိမ်ရဲ့အရေးကြီးတဲ့ နေရာများ အိမ်ခြံမြေ ဝယ်ယူ/ရယူ/လွှဲပြောင်းပြီးအမည်ပေါက် ပိုင်ဆိုင်နိုင်ရန် ဆောင်ရွက်ရမည့်အချက်များ မြေပေးမိန့်ရမြေ (သို့) ပါမစ်မြေအကြောင်း ကြွယ်ဝချမ်းသာခြင်းတွေ ယူဆောင်လာပေးနိုင်တဲ့ အိမ်တွင်း အလှစိုက်အပင်ငယ်များ Credit By: pbuildmyanmar.com Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties