By Aye Sandar, Shweproperty.com
Updated at 23 January 2021
အပြင်စီးပွားရေး လုပ်ငန်းဆောင်တာများတော့ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါရက်နဲ့ မိသားစုရေးရာကျမှ တစ်ယောက်တစ်မျိုး စိတ်ဝမ်းကွဲသူများနဲ့ ဆူပူ မတည့်ဖြစ်တာမျိုး၊ မိသားစုဝင်ထဲတွင် ကျန်းမာရေးချူချာသူများ၊ အသုံးအဖြုန်းကြီးလွန်းသူများကြောင့် ရှာသမျှအဖတ်မတင်တာမျိုးစသဖြင့် စိတ်အနှောင့်အယှက် အမျိုးမျိုးအဖုံဖုံဖြစ်ကာ အိမ်တွင်းရေး မသာယာတဲ့ အိမ်များလည်းရှိသည်။ ထိုအခါမျိုးတွင် ဗေဒင်ကျမ်းပညာအရ အိုးအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို လိုက်နာကျင့်သုံးသင့်ပါသည်။ အကယ်၍ အိမ်၊ တိုက်ခန်းရဲ့ မျက်နှာစာဟာ အိမ်ထောင်ဦးစီးရဲ့ ဘုမ္မိအရပ်ကို လှည့်ထားမယ်ဆိုရင် စီးပွားဖြစ်ထွန်းဖို့ရာ မလွယ်ကူပေ။ စီးပွားရေးအဆင်ပြေပြီဆိုရင်လည်း ကျန်သော ကျန်းမာရေး၊ လူမှုရေးရာမှာ အနှောင့်အယှက်အဖျက်များ ကြုံတွေ့နိုင်ပါသည်။နေ့သားအလိုက် ဘူမ္မိအရပ်နဲ့ သီရိအရပ်ကိုပါ ဗဟုသုတအလို့ငှာ မျှဝေပေးလိုက်ပါသည်။ တနင်္ဂနွေ - တောင်အရပ် (ဘုမ္မိအရပ်) မြောက်အရပ် (သီရိအရပ်) တနင်္လာ - အနောက်တောင် (ဘုမ္မိအရပ်) အရှေ့မြောက် (သီရိအရပ်) အင်္ဂါ - အနောက် (ဘုမ္မိအရပ်) အရှေ့ (သီရိအရပ်) ဗုဒ္ဓဟူး - အနောက်မြောက် (ဘုမ္မိအရပ်) အရှေ့တောင် (သီရိအရပ်) ရာဟု - အရှေ့ (ဘုမ္မိအရပ်) အနောက် (သီရိအရပ်) ကြာသပတေး - အရှေ့မြောက် (ဘုမ္မိအရပ်) အနောက်တောင် (သီရိအရပ်) သောကြာ - အရှေ့တောင် (ဘုမ္မိအရပ်) အနောက်မြောက် (သီရိအရပ်) စနေ - မြောက်အရပ် (ဘုမ္မိအရပ်) တောင်အရပ် (သီရိအရပ်) ဘုမ္မိအရပ်ဟူသည် စီးပွားရေးလုပ်သော် မအောင်မြင်ဖြစ်တတ်ပါသည် အိမ်ဆိုတာ လူတိုင်းခိုလှုံချင်တဲ့ နေချင်စဖွယ် နေရာအထိုင်အခင်းတစ်ခုပဲဖြစ်သင့်ပါသည်။ ကိုယ်နေထိုင်ရာ အသိုက်အမြုံထဲ ရောက်ပြီဆိုသည်နှင့် စိတ်လေးလက်အေး အနားယူလဲလျောင်းချင်ကြမည်။ ဒီလိုအေးချမ်းသာယာတဲ့ နေအိမ်လေးဖြစ်ဖို့ဆို မိသားစုဝင်တစ်ဦးနဲ့ တစ်ဦးကြား နားလည်မှုရှိဖို့လည်း လိုအပ်မည်ဖြစ်သလို အိမ်ရဲ့အကျိုးစီးပွားကို ဆိုးယုတ်စေသော အရာများကို ရှောင်ရှားဖို့ရာလည်း အရေးကြီးပါမည်။ ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ နေအိမ် မျက်နှာမူရာအရပ်ဒေသကို လိုက်၍ ကံဇာတာအနိမ့်အမြင့် ခြားနားပုံ အိမ် နဲ့ မြေကွက်များ ရက်ပိုင်းတွင်း အမြန်ဆုံး ရောင်းထွက်နည်း ဖုန်းရွှေအယူအဆနဲ့ ရွှေငွေအဝင်ကြမ်းစေမယ့် အိမ်ရှေ့တံခါး ပြင်ဆင်နည်း အိမ်မှာအပင်စိုက်ဝါသနာပါတဲ့သူတွေ သိထားသင့်တဲ့ အပင်နိမိတ် Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties